Zawgyi

၂၀၁၈ ႏုိဝင္ဘာတုန္းက ဂ်ပန္အေျခစိုက္ Sharp ကုမၸဏီဟာ ကမာၻ႔ပထမဆုံး Dual-notch ဒီဇုိင္းနဲ႔ Aquos R2 Compact စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ ဂ်ပန္ကုမၸဏီဟာ ဒုတိယေျမာက္ဖုန္းျဖစ္တဲ့ Aquos R3 ကို ထပ္မံမိတ္ဆက္လိုက္ပါၿပီ။

Sharp Aquos R3 ဖုန္းမွာ 6.2” လက္မအရြယ္ Pro IGZO Panel တစ္ခု ပါဝင္ၿပီး 3120 x 1440p Resolution နဲ႔ 120Hz Refresh Rate ကိုပုိင္ဆုိင္တဲ့ အလန္းစား Display ျဖစ္ပါတယ္။ ဒီမ်က္ႏွာျပင္ဟာ HDR10 ကိုေထာက္ပံ့ေပးၿပီး အေပၚနဲ႔ေအာက္မွာ Notch တစ္ခုစီပါဝင္တယ္။ အေပၚက Notch ထဲမွာ 16.3MP ဆယ္ဖီကင္မရာတစ္ခုနဲ႔ ေအာက္ဘက္က Notch ထဲမွာေတာ့ Fingerprint ပါဝင္တဲ့ Home Button ျဖစ္ပါတယ္။

ေက်ာဘက္မွာေတာ့ Aquos R3 ဟာ Dual-camera ကို ဘယ္ဘက္အေပၚေထာင့္မွာ ေထာင္လိုက္ တပ္ဆင္ထားတယ္။ တစ္ခုက ရုပ္ေသရုိက္ကူးဖို႔ 12.2MP f/1.7 ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ဗီဒီယုိရုိက္ဖို႔ 20MP f/2.4 ကင္မရာပါ။ သူ႕မွာ AI Live Story နဲ႔ AI Live Shutter လိုမ်ဳိး AI အေျခခံ ကင္မရာအထူးစြမ္းရည္ေတြလဲ ပါဝင္တယ္။

အတြင္းပိုင္းမွာလည္း ေနာက္ဆုံးေပၚ Snapdragon 855 ခ်စ္ပ္ဆက္ကိုမွ 6GB RAM မန္မုိရီနဲ႔ တြဲဖက္ၿပီး Storage ကေတာ့ 128GB ျဖစ္တယ္။ ဘကၳရီ 3,200 mAh နဲ႔အတူ 11W Qi ႀကိဳးမဲ့အားသြင္းစနစ္ ပါဝင္ပါတယ္။ သူ႕ရဲ႕ Display စြမ္းေဆာင္ရည္နဲ႔ Resolution ကုိၾကည့္ရင္ေတာ့ ဒီပမာဏနဲ႔ အားသြင္းအျမန္ႏႈန္းဟာ လုံေလာက္ပါ့မလားလို႔ သံသယဝင္ခ်င္စရာပါပဲ။

Sharp Aquos R3 အတြက္ ေစ်းႏႈန္းသတ္မွတ္ခ်က္နဲ႔ ရရွိႏုိင္မယ့္ ေစ်းကြက္ေတြကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။ ဒါေပမယ့္ မၾကာခင္ထုတ္ျပန္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

၂၀၁၈ နိုဝင်ဘာတုန်းက ဂျပန်အခြေစိုက် Sharp ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး Dual-notch ဒီဇိုင်းနဲ့ Aquos R2 Compact စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ ဂျပန်ကုမ္ပဏီဟာ ဒုတိယမြောက်ဖုန်းဖြစ်တဲ့ Aquos R3 ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

Sharp Aquos R3 ဖုန်းမှာ 6.2” လက်မအရွယ် Pro IGZO Panel တစ်ခု ပါဝင်ပြီး 3120 x 1440p Resolution နဲ့ 120Hz Refresh Rate ကိုပိုင်ဆိုင်တဲ့ အလန်းစား Display ဖြစ်ပါတယ်။ ဒီမျက်နှာပြင်ဟာ HDR10 ကိုထောက်ပံ့ပေးပြီး အပေါ်နဲ့အောက်မှာ Notch တစ်ခုစီပါဝင်တယ်။ အပေါ်က Notch ထဲမှာ 16.3MP ဆယ်ဖီကင်မရာတစ်ခုနဲ့ အောက်ဘက်က Notch ထဲမှာတော့ Fingerprint ပါဝင်တဲ့ Home Button ဖြစ်ပါတယ်။

ကျောဘက်မှာတော့ Aquos R3 ဟာ Dual-camera ကို ဘယ်ဘက်အပေါ်ထောင့်မှာ ထောင်လိုက် တပ်ဆင်ထားတယ်။ တစ်ခုက ရုပ်သေရိုက်ကူးဖို့ 12.2MP f/1.7 ဖြစ်ပြီး နောက်တစ်ခုကတော့ ဗီဒီယိုရိုက်ဖို့ 20MP f/2.4 ကင်မရာပါ။ သူ့မှာ AI Live Story နဲ့ AI Live Shutter လိုမျိုး AI အခြေခံ ကင်မရာအထူးစွမ်းရည်တွေလဲ ပါဝင်တယ်။

အတွင်းပိုင်းမှာလည်း နောက်ဆုံးပေါ် Snapdragon 855 ချစ်ပ်ဆက်ကိုမှ 6GB RAM မန်မိုရီနဲ့ တွဲဖက်ပြီး Storage ကတော့ 128GB ဖြစ်တယ်။ ဘက္ထရီ 3,200 mAh နဲ့အတူ 11W Qi ကြိုးမဲ့အားသွင်းစနစ် ပါဝင်ပါတယ်။ သူ့ရဲ့ Display စွမ်းဆောင်ရည်နဲ့ Resolution ကိုကြည့်ရင်တော့ ဒီပမာဏနဲ့ အားသွင်းအမြန်နှုန်းဟာ လုံလောက်ပါ့မလားလို့ သံသယဝင်ချင်စရာပါပဲ။

Sharp Aquos R3 အတွက် ဈေးနှုန်းသတ်မှတ်ချက်နဲ့ ရရှိနိုင်မယ့် ဈေးကွက်တွေကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်ထုတ်ပြန်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena