[Zawgyi]

Sharp က AQUOS V နာမည္ရ ဖုန္း အသစ္ ၁ လံုးကို ေၾကညာလိုက္ပါတယ္။ စြမ္းေဆာင္ရည္သင့္ ဖုန္း ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ထုတ္ Snapdragon 835 Chipset ကို သံုးထားတာက ထူးျခားပါတယ္။ Notch မပါဘဲ ဟိုးအရင္က ဖုန္းေတြလို မ်က္ႏွာျပင္ အထက္က ေဘာင္မွာ ဆဲလ္ဖီး ကင္မရာ တပ္ဆင္ထားပါတယ္။ 3,090mAh Battery ပါတာက မဆိုးဘူးလို႔ ေျပာရမွာပါ။

AQUOS V မွာ ၅.၉၃ လက္မ IPS Display တပ္ဆင္ထားၿပီး FHD+ Resolution ျဖစ္ပါတယ္။ 8MP ကင္မရာကို အေရွ႕ဘက္မွာ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုး တပ္ဆင္ထားၿပီး 13MP Main နဲ႔ 13MP Secondary ေတြ ျဖစ္ပါတယ္။ 13MP Main ကင္မရာမွာ OIS နည္းပညာ ပါတဲ့အတြက္ ပံုရိပ္ေတြကို တိက်စြာ ဖမ္းယူေပးပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာလည္း ထည့္သြင္းထားပါတယ္။

Qualcomm Snapdragon 835 Chipset ေမာင္းႏွင္ထားၿပီး 4GB RAM နဲ႔ 64GB Storage ပါပါတယ္။ microSD Card စိုက္ႏုိင္ပါေသးတယ္။  3,090mAh Battery ကို Type-C Connection ကေန အားသြင္းႏုိင္ပါတယ္။ Android 9 Pie ေမာင္းႏွင္ထားပါတယ္။ Bluetooth 5.0 နဲ႔ 3.5mm Headphone Jack ထည့္သြင္းထားပါတယ္။

AQUOS V ကို ထိုင္၀မ္ ေဒၚလာ ၆,၉၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၅၀,၀၀၀ ေလာက္ရွိပါတယ္။ Starry Black အေရာင္ ထုတ္လုပ္ထားပါတယ္။ တျခားႏုိင္ငံေတြမွာ ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

Snapdragon 835 ပါတဲ့ Sharp AQUOS V ကို ကြေညာပြီ

Sharp က AQUOS V နာမည်ရ ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်ထုတ် Snapdragon 835 Chipset ကို သုံးထားတာက ထူးခြားပါတယ်။ Notch မပါဘဲ ဟိုးအရင်က ဖုန်းတွေလို မျက်နှာပြင် အထက်က ဘောင်မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 3,090mAh Battery ပါတာက မဆိုးဘူးလို့ ပြောရမှာပါ။

AQUOS V မှာ ၅.၉၃ လက်မ IPS Display တပ်ဆင်ထားပြီး FHD+ Resolution ဖြစ်ပါတယ်။ 8MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 13MP Main နဲ့ 13MP Secondary တွေ ဖြစ်ပါတယ်။ 13MP Main ကင်မရာမှာ OIS နည်းပညာ ပါတဲ့အတွက် ပုံရိပ်တွေကို တိကျစွာ ဖမ်းယူပေးပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ထည့်သွင်းထားပါတယ်။

Qualcomm Snapdragon 835 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပါသေးတယ်။ 3,090mAh Battery ကို Type-C Connection ကနေ အားသွင်းနိုင်ပါတယ်။ Android 9 Pie မောင်းနှင်ထားပါတယ်။ Bluetooth 5.0 နဲ့ 3.5mm Headphone Jack ထည့်သွင်းထားပါတယ်။

AQUOS V ကို ထိုင်ဝမ် ဒေါ်လာ ၆,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၅၀,၀၀၀ လောက်ရှိပါတယ်။ Starry Black အရောင် ထုတ်လုပ်ထားပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena