[Zawgyi]

ဂ်ပန္လွ်ပ္စစ္ကုမၸဏီၾကီးျဖစ္တဲ့ Sharp ကုမၸဏီကေတာ့ သူ႔ရဲ႕ ပထမဆံုး OLED Display နဲ႔ Flagship ဖုန္းကို IFA 2018 မွာ မိတ္ဆက္ခဲ့ပါတယ္။ နာမည္ကေ တာ့ Aquos Zero လို႔ေခၚထားပါတယ္။

အရည္အေသြးေကာင္းတဲ့ LCD Panel ေတြေၾကာင့္ နာမည္ၾကီးလာတဲ့ Sharp က Curved Display လည္းျဖစ္ OLED လည္းျဖစ္တဲ့အျပင္  High-End Level Specification ေတြနဲ႔ ဟန္းဆက္တစ္လံုးကို မိတ္ဆက္လိုက္ပါတယ္။

အခု အဲဒီ Sharp Brand က ပဲ သူ႔ရဲ႕ Aquos Zero ကို ထုိင္ဝမ္မွာ မိတ္ဆက္ပြဲ က်င္းပေနျပီျဖစ္ပါတယ္။ တရားဝင္ထြက္မွာက ဇန္နဝါရီလမွဆိုေတာ့ ေစ်းႏႈးန္ေတြကုိေတာ့ မေၾကညာေသးပါဘူး။ ဒါေပမယ့္ မွန္းရသေလာက္ကေတာ့ NT$20000 (US$647)(ျမန္မာေငြနဲ႔ဆို ခန္႔မွန္းေျခ ၁၀သိန္းေလာက္)ရိွပါတယ္။

Aquos Zero ဖုန္းရဲ႕ အဓိကအသားေပးထားတဲ့အပိုင္းကေတာ့ 2K OLED မွန္ခံုးပါပဲ။ Sharp ကေတာ့ 146g ပဲရိွတာျဖစ္တဲ့အတြက္ အေပါ့ပါးဆံုး OLED Flagship ဖုန္းျဖစ္တယ္လို႔ ဆိုထားပါတယ္။ Carbon Fiber ေက်ာကိုယ္ထည္ကို Magnesium သတၱဳ Frame နဲ႔ ကြပ္ထားျပီး Built Quality ကိုလည္း ဂရုစိုက္ထားပါတယ္။

ဒီ 6.2″ ရိွတဲ့ Display က 538ppi ရိွျပီးေတာ့ Resolution 2992×1440p နဲ႔လာတာျဖစ္ပါတယ္။ HDR လည္း ေထာက္ပံ့ေပးႏုိင္တဲ့အျပင္ DCI-P3 wide Colour Gamut ကလည္း 100% ပါပဲ။

Snapdragon 845 SoC သံုးထားျပီး RAM 6GB, Internal Storage 128GB နဲ႔ လာမွာျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ 22.6MP ကင္မရာနဲ႔ သူ႔ရဲ႕ ေအာက္ဘက္နားမွာ Fingerprint Reader ပါပါမယ္။ ေရွ႕ကင္မရာကေတာ့ 8MP ကင္မရာသံုးထားျပီး Android 9.0 Pie န႔ဲ ပြဲထြက္လာမွာျဖစ္ပါတယ္။

Battery ကေတာ့ 3130mAh ရိွျပီး IP68 Water Resistance ေတြ Dolby Atmos Stereo Sound ေတြကေတာ့ မက္ေလာက္စရာပါပဲ။ High End Spec ၾကီးေတြနဲ႔ Sharp Aquos Zero ကေတာ့ User ေတာ္ေတာ္မ်ားမ်ားကို အဲဒီေစ်းႏႈန္းနဲ႔ စြဲေဆာင္ႏုိင္ပါ့မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။

Ref: GizmoChina

[Unicode]

ဂျပန်လျှပ်စစ်ကုမ္ပဏီကြီးဖြစ်တဲ့ Sharp ကုမ္ပဏီကတော့ သူ့ရဲ့ ပထမဆုံး OLED Display နဲ့ Flagship ဖုန်းကို IFA 2018 မှာ မိတ်ဆက်ခဲ့ပါတယ်။ နာမည်ကေ တာ့ Aquos Zero လို့ခေါ်ထားပါတယ်။

အရည်အသွေးကောင်းတဲ့ LCD Panel တွေကြောင့် နာမည်ကြီးလာတဲ့ Sharp က Curved Display လည်းဖြစ် OLED လည်းဖြစ်တဲ့အပြင်  High-End Level Specification တွေနဲ့ ဟန်းဆက်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

အခု အဲဒီ Sharp Brand က ပဲ သူ့ရဲ့ Aquos Zero ကို ထိုင်ဝမ်မှာ မိတ်ဆက်ပွဲ ကျင်းပနေပြီဖြစ်ပါတယ်။ တရားဝင်ထွက်မှာက ဇန်နဝါရီလမှဆိုတော့ ဈေးနှုးန်တွေကိုတော့ မကြေညာသေးပါဘူး။ ဒါပေမယ့် မှန်းရသလောက်ကတော့ NT$20000 (US$647)(မြန်မာငွေနဲ့ဆို ခန့်မှန်းခြေ ၁၀သိန်းလောက်)ရှိပါတယ်။

Aquos Zero ဖုန်းရဲ့ အဓိကအသားပေးထားတဲ့အပိုင်းကတော့ 2K OLED မှန်ခုံးပါပဲ။ Sharp ကတော့ 146g ပဲရှိတာဖြစ်တဲ့အတွက် အပေါ့ပါးဆုံး OLED Flagship ဖုန်းဖြစ်တယ်လို့ ဆိုထားပါတယ်။ Carbon Fiber ကျောကိုယ်ထည်ကို Magnesium သတ္တု Frame နဲ့ ကွပ်ထားပြီး Built Quality ကိုလည်း ဂရုစိုက်ထားပါတယ်။

ဒီ 6.2″ ရှိတဲ့ Display က 538ppi ရှိပြီးတော့ Resolution 2992×1440p နဲ့လာတာဖြစ်ပါတယ်။ HDR လည်း ထောက်ပံ့ပေးနိုင်တဲ့အပြင် DCI-P3 wide Colour Gamut ကလည်း 100% ပါပဲ။

Snapdragon 845 SoC သုံးထားပြီး RAM 6GB, Internal Storage 128GB နဲ့ လာမှာဖြစ်ပါတယ်။ ကျောဘက်မှာတော့ 22.6MP ကင်မရာနဲ့ သူ့ရဲ့ အောက်ဘက်နားမှာ Fingerprint Reader ပါပါမယ်။ ရှေ့ကင်မရာကတော့ 8MP ကင်မရာသုံးထားပြီး Android 9.0 Pie နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

Battery ကတော့ 3130mAh ရှိပြီး IP68 Water Resistance တွေ Dolby Atmos Stereo Sound တွေကတော့ မက်လောက်စရာပါပဲ။ High End Spec ကြီးတွေနဲ့ Sharp Aquos Zero ကတော့ User တော်တော်များများကို အဲဒီဈေးနှုန်းနဲ့ စွဲဆောင်နိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Ref: GizmoChina