[Zawgyi]

ၿပီးခဲ့တဲ့လက Sharp ကုမၸဏီဟာ ေဒါင္လိုက္ေကြးေခါက္လို႔ရတဲ့ စမတ္ဖုန္းဒီဇုိင္းကို မူပုိင္ခြင့္ရယူခဲ့တာ ေတြ႕ခဲ့ရပါတယ္။ ယေန႔မွာေတာ့ ကုမၸဏီရဲ႕ အေစာပိုင္း Prototype ေမာ္ဒယ္ကို ေတြ႕ခြင့္ရၿပီျဖစ္ကာ အရင္က ေပါက္ၾကားခဲ့တဲ့ Render ပုံရိပ္ေတြလိုပဲ စိတ္ဝင္စားစရာေကာင္းတဲ့ ဟန္းဆက္တစ္ခုျဖစ္ပါတယ္။

Sharp ရဲ႕ Foldable ဖုန္းမွာ 6.18” လက္မအရြယ္ 1440 x 3040 AMOLED Display သုံးစြဲထားၿပီး အနည္းငယ္ၾကီးမားတဲ့ Notch တစ္ခုပါဝင္ပါတယ္။ Sharp ကုမၸဏီကေတာ့ သူတုိ႔ရဲ႕ဖုန္းဟာ ဖြင့္လုိက္ပိတ္လုိက္ အၾကိမ္ေရ သုံးသိန္းလုပ္တာကို ခံႏုိင္စြမ္းရွိတဲ့အတြက္ ၾကာျမင့္စြာအသုံးခံပါ့မလားဆုိတာ စိတ္ပူဖို႔ မလိုေၾကာင္း ဆုိပါတယ္။ ကုမၸဏီဟာ အခုလို ေနရာယူသက္သာတဲ့ Clamshell ဒီဇုိင္းနဲ႔ Foldable ထုတ္ကုန္ဟာ ႏွစ္သက္သူ မ်ားလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဂ်ပန္အေျခစိုက္နည္းပညာကုမၸဏီဟာ ဒီဖုန္းကို လာမယ့္ႏွစ္အနည္းငယ္အတြင္း ေစ်းကြက္ထဲ ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ေပမယ့္ အျမန္ေတာ့ ထြက္လာဦးမွာမဟုတ္ပါဘူး။ ဒီအခ်ိန္မွာ အျခား စမတ္ဖုန္း အမွတ္တံဆိပ္ေတြက ၂၀၁၉ ထဲ Foldable ဖုန္းကို ပထမဆုံးေစ်းကြက္ထဲ ပို႔ႏုိင္ဖို႔ သူ႕ထက္ငါအျပိဳင္ၾကဲေနပါၿပီ။ Motorola ကုမၸဏီကလည္း အလားတူ Clamshell ဒီဇုိင္းနဲ႔ Foldable ဟန္းဆက္တစ္ခုကို တီထြင္ေနၿပီး RAZR 2019 လို႔အမည္ေပးထားပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့လက Sharp ကုမ္ပဏီဟာ ဒေါင်လိုက်ကွေးခေါက်လို့ရတဲ့ စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်ရယူခဲ့တာ တွေ့ခဲ့ရပါတယ်။ ယနေ့မှာတော့ ကုမ္ပဏီရဲ့ အစောပိုင်း Prototype မော်ဒယ်ကို တွေ့ခွင့်ရပြီဖြစ်ကာ အရင်က ပေါက်ကြားခဲ့တဲ့ Render ပုံရိပ်တွေလိုပဲ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်းဆက်တစ်ခုဖြစ်ပါတယ်။

Sharp ရဲ့ Foldable ဖုန်းမှာ 6.18” လက်မအရွယ် 1440 x 3040 AMOLED Display သုံးစွဲထားပြီး အနည်းငယ်ကြီးမားတဲ့ Notch တစ်ခုပါဝင်ပါတယ်။ Sharp ကုမ္ပဏီကတော့ သူတို့ရဲ့ဖုန်းဟာ ဖွင့်လိုက်ပိတ်လိုက် အကြိမ်ရေ သုံးသိန်းလုပ်တာကို ခံနိုင်စွမ်းရှိတဲ့အတွက် ကြာမြင့်စွာအသုံးခံပါ့မလားဆိုတာ စိတ်ပူဖို့ မလိုကြောင်း ဆိုပါတယ်။ ကုမ္ပဏီဟာ အခုလို နေရာယူသက်သာတဲ့ Clamshell ဒီဇိုင်းနဲ့ Foldable ထုတ်ကုန်ဟာ နှစ်သက်သူ များလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျပန်အခြေစိုက်နည်းပညာကုမ္ပဏီဟာ ဒီဖုန်းကို လာမယ့်နှစ်အနည်းငယ်အတွင်း ဈေးကွက်ထဲ ရောင်းချနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပေမယ့် အမြန်တော့ ထွက်လာဦးမှာမဟုတ်ပါဘူး။ ဒီအချိန်မှာ အခြား စမတ်ဖုန်း အမှတ်တံဆိပ်တွေက ၂၀၁၉ ထဲ Foldable ဖုန်းကို ပထမဆုံးဈေးကွက်ထဲ ပို့နိုင်ဖို့ သူ့ထက်ငါအပြိုင်ကြဲနေပါပြီ။ Motorola ကုမ္ပဏီကလည်း အလားတူ Clamshell ဒီဇိုင်းနဲ့ Foldable ဟန်းဆက်တစ်ခုကို တီထွင်နေပြီး RAZR 2019 လို့အမည်ပေးထားပါတယ်။

Ref – GSM Arena