[Zawgyi]

ဂ်ပန္ အီလက္ထေရာနစ္ ဘီလူးႀကီး Sharp က ၆ လက္မ Display ပါတဲ့ ကမာၻ႕ အေပါ့ပါးဆံုး စမတ္ဖုန္း ျဖစ္တဲ့ Aquos Zero ကို ဒီႏွစ္ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။ အခုေတာ့ မ်ိဳးဆက္သစ္ Aquos Zero 2 ကို မိတ္ဆက္လိုက္ျပန္ပါၿပီ။ အဲဒီ စမတ္ဖုန္းရဲ႕ အလန္းဆံုး Features က အံ့မခန္း 240Hz Refresh Rate ပါတဲ့ ၆.၄ လက္မ OLED Display နဲ႔ ၁၄၃ ဂရမ္ အေလးခ်ိန္ပါ။ အရင္မ်ိဳးဆက္ထက္ ၃ ဂရမ္ ေလ်ာ့နည္းသြားပါတယ္။

အေရွ႕နဲ႔ အေနာက္ကို ဖန္နဲ႔ တည္ေဆာက္ထားတဲ့အတြက္ ဒီဇိုင္းကလည္း အမိုက္စားပါ။ Display ရဲ႕ Resolution က 2340x1080p ျဖစ္ပါတယ္။ တျခား ေခတ္ေပၚ စမတ္ဖုန္းေတြမွာလို Waterdrop Notch ပါလာၿပီး 8MP Selfie Camera တပ္ထားပါတယ္။ Octa-core Snapdragon 855 SoC နဲ႔ Adreno 640 GPU ပါတဲ့ အတြက္ စြမ္းရည္ ျမင့္မားပါတယ္။ 8GB RAM နဲ႔ 256GB UFS 3.0 Storage ပါပါတယ္။ မ်က္နွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကလည္း ေနာက္ဆံုးေပၚ နည္းပညာပါ။ ဒါတင္မကေသးပါဘူး။ Facial Recognition လည္း ပါပါတယ္။

Aquos Zero 2 ရဲ႕ အေနာက္ဘက္မွာ 12MP နဲ႔ Wide-angle Sensor ထည့္ထားပါတယ္။ 3,130mAh Battery နဲ႔ ေနာက္ဆံုးထုတ္ Android 10 ပါပါတယ္။ Astro Black နဲ႔ Misty White အေရာင္ ထုတ္လုပ္ထားၿပီး ေရာင္းမယ့္ ေစ်းကို မသိရေသးပါဘူး။

Sharp Aquos Zero 2 Quick Specs

  • Display: 6.4-inch OLED, Full HD+ 2340 × 1080 pixels, 240 Hz refresh rate
  • Operating System: Android 10
  • Processor: Qualcomm Snapdragon 855, Octa Core
  • RAM: 8 GB LPDDR4x
  • Storage: 256 GB, UFS 3.0
  • Rear Cameras: 12 MP + Ultrawide Sensor, LED Flash
  • Selfie Camera: 8 MP
  • Security: In-display fingerprint scanner
  • Connectivity: 4G VoLTE, Wi-Fi 802.11 ac 2.4G + 5G, Bluetooth 5 .0, GPS, USB Type-C
  • Battery: 3,130mAh
  • Dimensions:158 x 74 x 8.8 mm
  • Weight: 143 g

Ref : gizmochina

[Unicode]

240Hz Refresh Rate Display ပါတဲ့ Sharp Aquos Zero 2 ကို ကြေညာ

ဂျပန် အီလက်ထရောနစ် ဘီလူးကြီး Sharp က ၆ လက်မ Display ပါတဲ့ ကမ္ဘာ့ အပေါ့ပါးဆုံး စမတ်ဖုန်း ဖြစ်တဲ့ Aquos Zero ကို ဒီနှစ် အစောပိုင်းက ကြေညာခဲ့ပါတယ်။ အခုတော့ မျိုးဆက်သစ် Aquos Zero 2 ကို မိတ်ဆက်လိုက်ပြန်ပါပြီ။ အဲဒီ စမတ်ဖုန်းရဲ့ အလန်းဆုံး Features က အံ့မခန်း 240Hz Refresh Rate ပါတဲ့ ၆.၄ လက်မ OLED Display နဲ့ ၁၄၃ ဂရမ် အလေးချိန်ပါ။ အရင်မျိုးဆက်ထက် ၃ ဂရမ် လျော့နည်းသွားပါတယ်။

အရှေ့နဲ့ အနောက်ကို ဖန်နဲ့ တည်ဆောက်ထားတဲ့အတွက် ဒီဇိုင်းကလည်း အမိုက်စားပါ။ Display ရဲ့ Resolution က 2340x1080p ဖြစ်ပါတယ်။ တခြား ခေတ်ပေါ် စမတ်ဖုန်းတွေမှာလို Waterdrop Notch ပါလာပြီး 8MP Selfie Camera တပ်ထားပါတယ်။ Octa-core Snapdragon 855 SoC နဲ့ Adreno 640 GPU ပါတဲ့ အတွက် စွမ်းရည် မြင့်မားပါတယ်။ 8GB RAM နဲ့ 256GB UFS 3.0 Storage ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကလည်း နောက်ဆုံးပေါ် နည်းပညာပါ။ ဒါတင်မကသေးပါဘူး။ Facial Recognition လည်း ပါပါတယ်။

Aquos Zero 2 ရဲ့ အနောက်ဘက်မှာ 12MP နဲ့ Wide-angle Sensor ထည့်ထားပါတယ်။ 3,130mAh Battery နဲ့ နောက်ဆုံးထုတ် Android 10 ပါပါတယ်။ Astro Black နဲ့ Misty White အရောင် ထုတ်လုပ်ထားပြီး ရောင်းမယ့် ဈေးကို မသိရသေးပါဘူး။

Sharp Aquos Zero 2 Quick Specs

  • Display: 6.4-inch OLED, Full HD+ 2340 × 1080 pixels, 240 Hz refresh rate
  • Operating System: Android 10
  • Processor: Qualcomm Snapdragon 855, Octa Core
  • RAM: 8 GB LPDDR4x
  • Storage: 256 GB, UFS 3.0
  • Rear Cameras: 12 MP + Ultrawide Sensor, LED Flash
  • Selfie Camera: 8 MP
  • Security: In-display fingerprint scanner
  • Connectivity: 4G VoLTE, Wi-Fi 802.11 ac 2.4G + 5G, Bluetooth 5 .0, GPS, USB Type-C
  • Battery: 3,130mAh
  • Dimensions:158 x 74 x 8.8 mm
  • Weight: 143 g

Ref : gizmochina