[Zawgyi]

Foldable ဖုန္းေတြဟာ ၂၀၁၉ ရဲ႕ စမတ္ဖုန္းေလာကကို ျပင္းျပင္းထန္ထန္ လႈပ္ခတ္သြားေစတဲ့ တီထြင္ဆန္းသစ္မႈ တစ္ခုလို႔ ေျပာႏိုင္ပါတယ္။ အီလက္ထေရာနစ္နဲ႔ နည္းပညာကုမၸဏီႀကီး အေတာ္မ်ားမ်ားက Foldable ဖုန္း ထုတ္လုပ္မႈပိုင္းမွာ အေတာ္ေလးကို ပါဝင္ပတ္သက္လာၾကတာဟာ သိသာတဲ့ေျပာင္းလဲမႈတစ္ခုပဲ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကုမၸဏီႀကီးေတြထဲကဆိုရင္ Samsung နဲ႔ Huawei တို႔ကသာ Foldable ဖုန္းကို ျဖစ္ျဖစ္ေျမာက္ေျမာက္ အေကာင္အထည္ေဖာ္ျပႏိုင္ေသးတာပါ။ ဒါေပမယ့္ အျခားနည္းပညာကုမၸဏီႀကီးေတြကလည္း Foldable ေရစီးေၾကာင္းမွာ ဝင္ေရာက္စီးေမ်ာဖို႔ ကိုယ္စီကိုယ္စီ ျပင္ဆင္ေနၾကၿပီး ျဖစ္ပါတယ္။

SHARP လို႔ေျပာလိုက္တာနဲ႔ အရည္အေသြးေကာင္းမြန္တဲ့ အီလက္ထေရာနစ္ပစၥည္းေတြ ထုတ္လုပ္ေရာင္းခ်ေနတဲ့ လုပ္ငန္းစုႀကီးမွန္း အားလုံးသိၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ SHARP က အခုလိုမ်ိဳး Foldable စမတ္ဖုန္း ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတာကို ေတြ႕ရရင္ေတာ့ အံ့အားသင့္သြားၾကမယ္ ထင္ပါတယ္။

SHARP က အီလက္ထေရာနစ္ ပစၥည္းေတြထဲမွာ Mobile ဖုန္းေရာ စမတ္ဖုန္းပါ ထုတ္လုပ္ပါတယ္။ ဥေရာပေဈးကြက္ေတြျဖစ္တဲ့ ဂ်ာမနီ၊ စပိန္၊ နယ္သာလန္၊ အီတလီ၊ ပိုလန္၊ ေပၚတူဂီ အစရွိတဲ့ ေဈးကြက္ေတြကို အဓိကထားၿပီး ျဖန႔္ခ်ိေနတာပါ။ ဒါေၾကာင့္ ဥေရာပေဈးကြက္မွာ တန္းဝင္ႏိုင္ဖို႔ Foldable ဖုန္းကလည္း မျဖစ္မေန ထုတ္လုပ္ေရာင္းခ်ရမယ့္ သေဘာျဖစ္ေနပါေတာ့တယ္။

SHARP က မူပိုင္ခြင့္တင္ထားတဲ့ Foldable ဖုန္း ဒီဇိုင္းေတြကလည္း စိတ္ဝင္စားဖို႔ေတာ့ ေကာင္းပါတယ္။ လက္ရွိသုံးစြဲေနတဲ့ စမတ္ဖုန္းေတြပုံစံကို တကယ္ပဲ ခါးလယ္ကေန ေခါက္ခ်ိဳး ခ်ိဳးလိုက္ႏိုင္ပါ့မလားဆိုတဲ့ သံသယအတြက္ အခ်ိန္တစ္ခုေတာ့ ေစာင့္ဆိုင္းရဦးမွာပါ။

Bezel-less display နဲ႔ ဒီ Foldable မူပိုင္ခြင့္ ပုံၾကမ္းေတြကို LetsGo Digital က 3D renders ႐ုပ္ပုံေတြအျဖစ္ ေျပာင္းလဲသ႐ုပ္ေဖာ္ေပးခဲ့ပါတယ္။ Renders မွာေတာ့ အေတာ္ေလးကို ႏွစ္လိုဖြယ္ရာ ပုံစံနဲ႔ေတြ႕ျမင္ရေပမယ့္ အမွန္တကယ္ ထုတ္လုပ္တဲ့အခါမွာေတာ့ မ်က္ႏွာျပင္ဆိုင္ရာအခက္အခဲ အခ်ိဳ႕ကို ေျဖရွင္းဖို႔ မလြယ္ကူဘူးလို႔ ယူဆရပါတယ္။ (Samsung Galaxy Fold မွာ ႀကဳံေတြ႕ေနရသလိုမ်ိဳးေပါ့)

ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာတစ္ခုက ဒီဇိုင္းအရဆိုရင္ SHARP ရဲ႕ Foldable ဖုန္းေတြဟာ ခါးလယ္တည့္တည့္ကေန ေခါက္ႏိုင္သလို၊ အေပၚဘက္မွာ Message ေတြ, Noti ေတြကို အလြယ္တကူျမင္ႏိုင္ဖို႔ ေနရာခ်န္ၿပီး ေခါက္တဲ့ပုံစံမ်ိဳးနဲ႔လည္း ေခါက္ႏိုင္မယ္လို႔ ယူဆရပါတယ္။ ဒါျဖင့္ရင္ ပတၱာႏွစ္ခုမ်ား တပ္ထားသလားလို႔ ေမးခြန္းထုတ္ခ်င္စရာပါ။

မ်က္ႏွာျပင္ျပည့္ ျဖစ္တဲ့အတြက္ အေရွ႕ဘက္ Selfie ကင္မရာကိုေတာ့ ဘယ္ေနရာမွာရွိမလဲဆိုတာ ရွာလို႔မေတြ႕ေသးပါဘူး။ ေက်ာဘက္မွာေတာ့ ကင္မရာတစ္လုံးေတြ႕ရပါတယ္။ ဒီပုံရိပ္ေတြဟာ ၂၀၁၇ တုန္းက ေရးဆြဲထားတဲ့ ဒီဇိုင္းေတြေပၚမွာ အေျခခံထားတာေၾကာင့္ အခုအခ်ိန္မွာ ထပ္တူက်ခ်င္မွ က်ပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ အစတစ္ခု ထြက္လာၿပီမို႔ သိပ္မၾကာခင္မွာပဲ SHARP ရဲ႕ Foldable ဖုန္းအေၾကာင္း ပိုမ်ားတဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာေတာ့မယ္လို႔ ယုံၾကည္မိပါတယ္။

Ref: GSMArena

[Unicode]

SHARP ရဲ့ Foldable ဖုန်း 3D renders များ ပေါ်ထွက်လာ

Foldable ဖုန်းတွေဟာ ၂၀၁၉ ရဲ့ စမတ်ဖုန်းလောကကို ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေတဲ့ တီထွင်ဆန်းသစ်မှု တစ်ခုလို့ ပြောနိုင်ပါတယ်။ အီလက်ထရောနစ်နဲ့ နည်းပညာကုမ္ပဏီကြီး အတော်များများက Foldable ဖုန်း ထုတ်လုပ်မှုပိုင်းမှာ အတော်လေးကို ပါဝင်ပတ်သက်လာကြတာဟာ သိသာတဲ့ပြောင်းလဲမှုတစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကုမ္ပဏီကြီးတွေထဲကဆိုရင် Samsung နဲ့ Huawei တို့ကသာ Foldable ဖုန်းကို ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ဖော်ပြနိုင်သေးတာပါ။ ဒါပေမယ့် အခြားနည်းပညာကုမ္ပဏီကြီးတွေကလည်း Foldable ရေစီးကြောင်းမှာ ဝင်ရောက်စီးမျောဖို့ ကိုယ်စီကိုယ်စီ ပြင်ဆင်နေကြပြီး ဖြစ်ပါတယ်။

SHARP လို့ပြောလိုက်တာနဲ့ အရည်အသွေးကောင်းမွန်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းစုကြီးမှန်း အားလုံးသိကြမယ်ထင်ပါတယ်။ ဒါပေမယ့် SHARP က အခုလိုမျိုး Foldable စမတ်ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေတာကို တွေ့ရရင်တော့ အံ့အားသင့်သွားကြမယ် ထင်ပါတယ်။

SHARP က အီလက်ထရောနစ် ပစ္စည်းတွေထဲမှာ Mobile ဖုန်းရော စမတ်ဖုန်းပါ ထုတ်လုပ်ပါတယ်။ ဥရောပဈေးကွက်တွေဖြစ်တဲ့ ဂျာမနီ၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ ပိုလန်၊ ပေါ်တူဂီ အစရှိတဲ့ ဈေးကွက်တွေကို အဓိကထားပြီး ဖြန့်ချိနေတာပါ။ ဒါကြောင့် ဥရောပဈေးကွက်မှာ တန်းဝင်နိုင်ဖို့ Foldable ဖုန်းကလည်း မဖြစ်မနေ ထုတ်လုပ်ရောင်းချရမယ့် သဘောဖြစ်နေပါတော့တယ်။

SHARP က မူပိုင်ခွင့်တင်ထားတဲ့ Foldable ဖုန်း ဒီဇိုင်းတွေကလည်း စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ လက်ရှိသုံးစွဲနေတဲ့ စမတ်ဖုန်းတွေပုံစံကို တကယ်ပဲ ခါးလယ်ကနေ ခေါက်ချိုး ချိုးလိုက်နိုင်ပါ့မလားဆိုတဲ့ သံသယအတွက် အချိန်တစ်ခုတော့ စောင့်ဆိုင်းရဦးမှာပါ။

Bezel-less display နဲ့ ဒီ Foldable မူပိုင်ခွင့် ပုံကြမ်းတွေကို LetsGo Digital က 3D renders ရုပ်ပုံတွေအဖြစ် ပြောင်းလဲသရုပ်ဖော်ပေးခဲ့ပါတယ်။ Renders မှာတော့ အတော်လေးကို နှစ်လိုဖွယ်ရာ ပုံစံနဲ့တွေ့မြင်ရပေမယ့် အမှန်တကယ် ထုတ်လုပ်တဲ့အခါမှာတော့ မျက်နှာပြင်ဆိုင်ရာအခက်အခဲ အချို့ကို ဖြေရှင်းဖို့ မလွယ်ကူဘူးလို့ ယူဆရပါတယ်။ (Samsung Galaxy Fold မှာ ကြုံတွေ့နေရသလိုမျိုးပေါ့)

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီဇိုင်းအရဆိုရင် SHARP ရဲ့ Foldable ဖုန်းတွေဟာ ခါးလယ်တည့်တည့်ကနေ ခေါက်နိုင်သလို၊ အပေါ်ဘက်မှာ Message တွေ, Noti တွေကို အလွယ်တကူမြင်နိုင်ဖို့ နေရာချန်ပြီး ခေါက်တဲ့ပုံစံမျိုးနဲ့လည်း ခေါက်နိုင်မယ်လို့ ယူဆရပါတယ်။ ဒါဖြင့်ရင် ပတ္တာနှစ်ခုများ တပ်ထားသလားလို့ မေးခွန်းထုတ်ချင်စရာပါ။

မျက်နှာပြင်ပြည့် ဖြစ်တဲ့အတွက် အရှေ့ဘက် Selfie ကင်မရာကိုတော့ ဘယ်နေရာမှာရှိမလဲဆိုတာ ရှာလို့မတွေ့သေးပါဘူး။ ကျောဘက်မှာတော့ ကင်မရာတစ်လုံးတွေ့ရပါတယ်။ ဒီပုံရိပ်တွေဟာ ၂၀၁၇ တုန်းက ရေးဆွဲထားတဲ့ ဒီဇိုင်းတွေပေါ်မှာ အခြေခံထားတာကြောင့် အခုအချိန်မှာ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အစတစ်ခု ထွက်လာပြီမို့ သိပ်မကြာခင်မှာပဲ SHARP ရဲ့ Foldable ဖုန်းအကြောင်း ပိုများတဲ့ အချက်အလက်တွေ ထွက်ပေါ်လာတော့မယ်လို့ ယုံကြည်မိပါတယ်။

Ref: GSMArena