[Zawgyi]

Wireless Headphones ေစ်းကြက္မွာ ၿပိဳင္ဆုိင္မႈေတြ ျပင္းထန္ေနပါတယ္။ LG က အဲဒီ ေစ်းကြက္မွာ အသာရေအာင္ အလန္းစား လုပ္ေဆာင္ခ်က္ ၁ ခုကို ဖန္တီးလိုက္ပါတယ္။ အဲဒါကေတာ့ ေရာဂါပိုးမႊားေတြကို အလိုလို သတ္ေပးတာ ျဖစ္ပါတယ္။ LG Tone+ Free True Wireless Headphones အသစ္ရဲ႕ Charging Case မွာ UV Light ထည့္သြင္းထားပါတယ္။ Headphones ကို Case မွာ တပ္ဆင္ၿပီး အားသြင္းေနခ်ိန္မွာ ေရာဂါပိုးမႊားေတြကို အလိုလို သတ္ေပးပါတယ္။

ဒီလို နည္းပညာမ်ိဳးကို တျခား အီလက္ထေရာနစ္ ကိရိယာေတြမွာ ထည့္သြင္းေပးထားၾကပါတယ္။ အထူးသျဖင့္ စမတ္ဖုန္းေတြမွာ ပါလာတာကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ ဒါေပမယ့္ Headphone Case မွာ ပါလာတာက ဒါ ပထမဆံုး ျဖစ္ပါတယ္။

LG Tone+ Free ဟာ ေခတ္စားေနတဲ့ ဒီဇိုင္း ျဖစ္ၿပီး အရမ္းမိုက္ပါတယ္။ ၁ ခါအားအျပည့္သြင္းထားရင္ ၆ နာရီေလာက္ပဲ အသံုးခံတာက သိပ္မမိုက္ေပမယ့္ လွ်င္ျမန္စြာ အားသြင္းနည္းပညာ ပါပါတယ္။ ၅ မိနစ္အားသြင္းရင္ ၁ နာရီေလာက္ သီခ်င္းနားေထာင္ႏုိင္ပါတယ္။ အလန္းစား စြမ္းရည္ ၁ ခု ျဖစ္တဲ့ Google Assistant လည္းပါပါတယ္။  LG G7 ThinQ or LG V40 ThinQ တို႔လို LG ရဲ႕ အလန္းစား ဖုန္းေတြနဲ႔ခ်ိတ္ဆက္ၿပီး အသံအမိန္႔ေတြနဲ႔ ခုိင္းေစႏိုင္ပါတယ္။

IPX4 Rating ပါတဲ့အတြက္ ေခြ်းစိုတာ ခံႏုိင္ၿပီး ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္သူေတြအတြက္ေတာ့ အရမ္းကို အသံုး၀င္ပါတယ္။ အသံစနစ္ကို  Meridian Audio နဲ႔ ပူးေပါင္းဖန္တီးထားတဲ့အတြက္ အရည္အေသြးက ေျပာစရာမလိုပါဘူး။ လက္ရွိမွာ ေတာင္ကိုရီးယားမွာပဲ ေရာင္းေပးထားၿပီး ၂၅၉,၉၉၉ ၀မ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၃၀,၀၀၀ ေလာက္ရွိတဲ့အတြက္ ေစ်းကေတာ့ မေသးပါဘူး။

Ref : techradar

[Unicode]

ရောဂါပိုးမွှားတွေကို အလိုလို သတ်ပေးမယ့် LG ရဲ့ Earbuds အသစ်

Wireless Headphones ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေပါတယ်။ LG က အဲဒီ ဈေးကွက်မှာ အသာရအောင် အလန်းစား လုပ်ဆောင်ချက် ၁ ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒါကတော့ ရောဂါပိုးမွှားတွေကို အလိုလို သတ်ပေးတာ ဖြစ်ပါတယ်။ LG Tone+ Free True Wireless Headphones အသစ်ရဲ့ Charging Case မှာ UV Light ထည့်သွင်းထားပါတယ်။ Headphones ကို Case မှာ တပ်ဆင်ပြီး အားသွင်းနေချိန်မှာ ရောဂါပိုးမွှားတွေကို အလိုလို သတ်ပေးပါတယ်။

ဒီလို နည်းပညာမျိုးကို တခြား အီလက်ထရောနစ် ကိရိယာတွေမှာ ထည့်သွင်းပေးထားကြပါတယ်။ အထူးသဖြင့် စမတ်ဖုန်းတွေမှာ ပါလာတာကို မြင်ခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် Headphone Case မှာ ပါလာတာက ဒါ ပထမဆုံး ဖြစ်ပါတယ်။

LG Tone+ Free ဟာ ခေတ်စားနေတဲ့ ဒီဇိုင်း ဖြစ်ပြီး အရမ်းမိုက်ပါတယ်။ ၁ ခါအားအပြည့်သွင်းထားရင် ၆ နာရီလောက်ပဲ အသုံးခံတာက သိပ်မမိုက်ပေမယ့် လျှင်မြန်စွာ အားသွင်းနည်းပညာ ပါပါတယ်။ ၅ မိနစ်အားသွင်းရင် ၁ နာရီလောက် သီချင်းနားထောင်နိုင်ပါတယ်။ အလန်းစား စွမ်းရည် ၁ ခု ဖြစ်တဲ့ Google Assistant လည်းပါပါတယ်။ LG G7 ThinQ or LG V40 ThinQ တို့လို LG ရဲ့ အလန်းစား ဖုန်းတွေနဲ့ချိတ်ဆက်ပြီး အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။

IPX4 Rating ပါတဲ့အတွက် ချွေးစိုတာ ခံနိုင်ပြီး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူတွေအတွက်တော့ အရမ်းကို အသုံးဝင်ပါတယ်။ အသံစနစ်ကို Meridian Audio နဲ့ ပူးပေါင်းဖန်တီးထားတဲ့အတွက် အရည်အသွေးက ပြောစရာမလိုပါဘူး။ လက်ရှိမှာ တောင်ကိုရီးယားမှာပဲ ရောင်းပေးထားပြီး ၂၅၉,၉၉၉ ဝမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၃၀,၀၀၀ လောက်ရှိတဲ့အတွက် ဈေးကတော့ မသေးပါဘူး။

Ref : techradar