Samsung က YouTube Channel မှာ ရုပ်ရှင်အတို ၁ ကားကို မျှဝေလိုက်ပါတယ်။ ရုပ်ရှင် အမည်က “Behold” ဖြစ်ပြီး အကယ်ဒမီရထားတဲ့ ဒါရိုက်တာ Sir Ridley Scott က Galaxy S23 Ultra နဲ့ ရုပ်ရှင် ၁ ကားလုံးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရုပ်ရှင် ဇာတ်လမ်းက နည်းနည်း ကြောင်တောင်တောင်နိုင်ပါတယ်။ လူ ၁ ယောက်ကို လူအုပ်စု ၁ စုက အနောက်ကနေ လိုက်နေတာကို မြင်ရပြီး သူဟာ ပုန်းနေရာကနေ မြင်း ၁ ကောင်ကို တွေ့ရှိကာ လွတ်မြောက်သွားတာကို ပြသထားပါတယ်။ အဲဒီ ရုပ်ရှင်ကို အောက်မှာ ကြည့်နိုင်ပါတယ်။

အဲဒီ ရုပ်ရှင် ၁ ကားလုံးကို Samsung Galaxy S23 Ultra နဲ့ ရိုက်ကူးထားတာ ဖြစ်ပေမယ့် ဖုန်းကို အကူအညီရစေဖို့ ပရော်ဖက်ရှင်နယ် ကိရိယာများစွာကို အသုံးပြုခဲ့ပါတယ်။ ရုပ်ရှင်ကို ပရော်ဖက်ရှင်နယ် ဆော့ဖ်ဝဲနဲ့ တည်းဖြတ်ထားပြီး Scott နဲ့ Samsung တို့ဟာ Cinematographer Flavio Labiano ရဲ့ ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။

“Behold” ကို ဖန်တီးတဲ့ Behind-the-scenes ကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena