[Zawgyi]

SK Telecom(SKT) က 6G ကို ဖန္တီးဖို႔ အတြက္ Nokia နဲ႔ Ericsson တို႔နဲ႔ ပူးေပါင္းလိုက္ပါတယ္။ SK Telecom ဟာ ေတာင္ကိုရီးယား အေျခစိုက္ ဆက္သြယ္ေရး ကုမၸဏီ ျဖစ္ပါတယ္။ လက္ရွိမွာ ႏိုင္ငံအခ်ိဳ႕မွာသာ 5G ကို အသံုးျပဳႏိုင္ပါေသးတယ္။ ဒါေပမယ့္ SK Telecom ကေတာ့ အနာဂတ္အတြက္ 6G ကို ဖန္တီးေနပါတယ္။

SKT ရဲ႕ စီအီးအို ျဖစ္သူ Park Jeong-Ho က 6G ကို ပူးေပါင္းဖန္တီးဖို႔ အတြက္ Nokia Mobile Network မွ Tommi Uitto နဲ႔ Ericsson မွ Per Narvinger တို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီးပါၿပီ။ သေဘာတူညီမႈမ်ားလည္း ရရွိထားၿပီးပါၿပီ။ ကုမၸဏီမ်ားရဲ႕ မိခင္ႏိုင္ငံမ်ားအၾကားမွာလည္း ပူးေပါင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ဖို႔ စီမံကိန္းမ်ား ရွိေနပါတယ္။

SK Telecom က အနာဂတ္အတြက္ 6G ကြန္ရက္ကို ဖန္တီးဖို႔နဲ႔ လက္ရွိ 5G ကြန္ရက္ကို ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ဖို႔အတြက္ ဒီလို ပူးေပါင္းေဆာင္ရြက္တာ ျဖစ္ပါတယ္။ SKT က 6G ကိရိယာမ်ားကို ဖန္တီးဖို႔နဲ႔ ေနာက္မ်ိဳးဆက္ မိုဘိုင္း ဆက္သြယ္ေရး နည္းပညာအတြက္ စီးပြားေရး ေမာ္ဒယ္မ်ားကို ဖန္တီးမွာ ျဖစ္ပါတယ္။

SKT က လက္ရွိမွာ ဖန္တီးထားတဲ့ 5G ကြန္ရက္ရဲ႕ Latency ကို ပိုမို ေကာင္းမြန္ေအာင္ ျပဳလုပ္ဖို႔နဲ႔ 28GHz Band ကို ေထာက္ပံ့တဲ့ 5G ကြန္ရက္ကို တည္ေဆာက္ဖို႔အတြက္ Nokia နဲ႔ Ericsson တို႔နဲ႔ ပူးေပါင္းတာလည္း ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

SK Telecom က 6G ဖန်တီးဖို့ Nokia နဲ့ Ericsson တို့နဲ့ ပူးပေါင်း

SK Telecom(SKT) က 6G ကို ဖန်တီးဖို့ အတွက် Nokia နဲ့ Ericsson တို့နဲ့ ပူးပေါင်းလိုက်ပါတယ်။ SK Telecom ဟာ တောင်ကိုရီးယား အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံအချို့မှာသာ 5G ကို အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် SK Telecom ကတော့ အနာဂတ်အတွက် 6G ကို ဖန်တီးနေပါတယ်။

SKT ရဲ့ စီအီးအို ဖြစ်သူ Park Jeong-Ho က 6G ကို ပူးပေါင်းဖန်တီးဖို့ အတွက် Nokia Mobile Network မှ Tommi Uitto နဲ့ Ericsson မှ Per Narvinger တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပါပြီ။ သဘောတူညီမှုများလည်း ရရှိထားပြီးပါပြီ။ ကုမ္ပဏီများရဲ့ မိခင်နိုင်ငံများအကြားမှာလည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ဖို့ စီမံကိန်းများ ရှိနေပါတယ်။

SK Telecom က အနာဂတ်အတွက် 6G ကွန်ရက်ကို ဖန်တီးဖို့နဲ့ လက်ရှိ 5G ကွန်ရက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့အတွက် ဒီလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ SKT က 6G ကိရိယာများကို ဖန်တီးဖို့နဲ့ နောက်မျိုးဆက် မိုဘိုင်း ဆက်သွယ်ရေး နည်းပညာအတွက် စီးပွားရေး မော်ဒယ်များကို ဖန်တီးမှာ ဖြစ်ပါတယ်။

SKT က လက်ရှိမှာ ဖန်တီးထားတဲ့ 5G ကွန်ရက်ရဲ့ Latency ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ 28GHz Band ကို ထောက်ပံ့တဲ့ 5G ကွန်ရက်ကို တည်ဆောက်ဖို့အတွက် Nokia နဲ့ Ericsson တို့နဲ့ ပူးပေါင်းတာလည်း ဖြစ်ပါတယ်။

Ref : gsmarena