[ရန်ကုန်၊ မြန်မာ – ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်] – Huawei နှင့် Huawei ၏ Smart city အသုံးပြုသူ ၃ ဦးတို့သည် စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်း၊ စီမံခန့်ခွဲမှုစွမ်းရည်များ အဆင့်မြှင့်တင်ခြင်း နှင့် လူနေမှုအဆင့်အတန်း မြင့်မားစေခြင်းများ၌ ၎င်းတို့၏ပူးပေါင်းတီထွင်ဖန်တီးမှုနှင့် ထူးချွန်သောအောင်မြင်မှုများကို အသိအမှတ်ပြုသည့် အနေဖြင့် Smart City Expo World Congress (SCEWC) 2018 တွင် ဂုဏ်ယူဖွယ်ကောင်းသည့် ဆုများအနက်မှ အချို့ကိုလျာထားခြင်းခံရပြီး အချို့သောဆုများကို ရယူနိုင်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ Gaoqing မြို့သည် ၎င်း၏ smart city စီမံကိန်းအတွက် “ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာဆု”ကို ရရှိခဲ့သည်။ တောင်အာဖရိကရှိ Rustenburg မြို့သည် အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးစီမံကိန်းအတွက် စကာတင်အဆင့်တွင် ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၊ Qingdao မြို့သည်လည်း ၎င်း၏ စပါးစိုက်ပျိုးမှုတိုးတက်စေရေးစီမံကိန်းကြောင့် “ဆန်းသစ်သည့် စိတ်ကူးစီမံကိန်း” ဆုအတွက် စကာတင်ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ ဂုဏ်သိက္ခာကြီးမြင့်သည့်ဆုများသည် smart city ဖွံဖြိုးရေး၌ Huawei ၏ ဦးဆောင်နည်းပညာများ၊ ဆန်းသစ်သည့်ဖြေရှင်းနည်းများ နှင့် အကောင် အထည်ဖော်မှုရလဒ် များအပေါ် နည်းပညာနယ်ပယ်၏ အသိအမှတ်ပြုမှုကို ဖော်ပြနေပါသည်။

World Bank ၏ အချက်အလက်များအရ မြို့ပြလူဦးရေသည် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၅၅% ဖြစ်ပြီး ယခုရာစုနှစ် နှစ်အလယ်တွင် သုံးပုံနှစ်ပုံအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာအနှံ့မှ မြို့တော်တိုင်းသည် နိုင်ငံသား များ၏ တောင်းဆိုချက်ဖြစ်သည့် အရည်အသွေးမြင့်မားသောလူနေမှုပတ်ဝန်းကျင် နှင့် ပိုမိုအကျိုးရှိသောစီးပွား ရေးပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုကာ မြန်မြန်ဆန်ဆန်ထိထိရောက် ရောက် မည်သို့တုန့်ပြန်ရမည်နည်း ဟူသော တူညီသည့် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရသည်။

Huawei Enterprise စီးပွားရေးလုပ်ငန်းစုမှ Industry Marketing and Solution Department ၏ ဥက္ကဌဖြစ်သူ Mr. Yu Dong က “smart city ဖွံ့ဖြိုးလာစေဖို့အဓိကတွန်းအားပေးမှုက နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ပိုပြီးထိရောက်အကျိုးရှိစေဖို့ဆောင်ရွက်ပေးတာပဲဖြစ်တယ်လို့ Huawei က ယုံကြည်ပါတယ်။ မြို့တော် တစ်ခုကို သက်ရှိတစ်ဦးလိုသဘောထားပြီး မြို့တော်ကိုယ်တိုင်စဉ်းစားတွေးခေါ်သင်ယူနိုင်ပြီး ဖွံ့ဖြိုးကြီးထွားလာ စေနိုင်အောင် မြို့တော်အတွက် အာရုံကြောဖွဲ့စည်းမှုစနစ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ Huawei က ကြိုးစားနေပါတယ်။ ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခုတည်ဆောက်ဖို့အတွက် smart city ဖွံ့ဖြိုးရေးမှာလိုအပ်တဲ့ အဓိကအစိတ်အပိုင်း တွေကိုလည်း ပိုပြီးကြံ့ခိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဒီအဓိကအစိတ်အပိုင်းတွေဟာ ဒေတာကို ပိုပြီးထိထိရောက်ရောက် အသုံးပြုနိုင်စေဖို့ မြို့တော်ရဲ့နေရာအနှံ့မှာရှိနေတဲ့ သတင်းအချက်အလက် ရင်းမြစ်တွေကို စုစည်းကာ အလုံးစုံသော အထောက်အပံ့တွေ၊ မြို့တော် အပလီကေးရှင်းတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်” ဟု ပြောကြားသည်။ Mr. Yu Dong က တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Gaoqing နှင့် Qingdao၊ တောင်အာဖရိက ရှိ Rustenburg မြို့များကိုလည်း ၎င်းတို့၏ အောင်မြင်မှုများအတွက် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ Gaoqing မြို့သည် အသေးစားနှင့်အလတ်စား smart city ပုံစံငယ်အဖြစ် ဖန်တီးဆောင်ရွက်နိုင်မှုကြောင့် “ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာဆု”ကို ရရှိခဲ့သည်။

တရုတ်ပြည်သူ့သမ္မနိုင်ငံ၏ ပထမဆုံးသော နိုင်ငံအဆင့် smart city ဖြစ်သည်နှင့်အညီ Gaoqing သည် အသေး စားနှင့်အလတ်စားမြို့တော်များအတွက် smart city ပုံစံငယ်အဖြစ် ဆောင်ရွက်ပေးနေသည်။ Gaoqing သည် ပိုမိုကောင်းမွန်သော smart city စီမံခန့်ခွဲမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး နှင့် နိုင်ငံသားများအတွက် အကျိုးအမြတ် များစွာရရှိစေနိုင်ရန် Huawei ၏ ဒီဂျစ်တယ်ပလက်ဖောင်းကို အကောင်းဆုံးအသုံးပြုထားသည်။ မြို့အနှံ့ (အစိုးရ အဖွဲ့အစည်းများမပါဝင်) လွှမ်းခြုံထားသော eLTE ကွန်ရက်၏ အကူအညီဖြင့်ဆောင်ရွက်ထားသည့် မြို့တော်တစ် ခုလုံး၏ အချက်အလက်များကွန်ရက်အပေါ်တွင်အခြေခံကာ မြို့တော်၏ big data ၊ ပထဝီဝင် အနေအထားအချက်အလက်များအပေါ်အခြေခံထားသည့်စနစ် (GIS)၊ video cloud၊ အမိန့်ပေးခိုင်းစေနိုင်သော ရင်းမြစ်များ နှင့် cloud computing ရင်းမြစ်များကို နည်းပညာဖြင့် ပေါင်းစည်းပေးသည်။ Smart city လှုပ်ရှားမှု သည် Gaoqing အား ခေတ်မီမြို့တော်အုပ်ချုပ်ရေးကို ရရှိစေပြီး နိုင်ငံသားများအကျိုးအတွက် အစိုးရ၏ဝန်ဆောင် မှုများကို တိုးတက်လာစေကာ smart industry ကိုအသုံးပြူခြင်းဖြင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍဖြစ်လာစေရန် တွန်းအားပေးပါသည်။

တောင်အာဖရိရှိ Rustenburg သည် ပိုမိုလုံခြုံခေတ်မီသော ဒီဂျစ်တယ်ဂေဟစနစ် တည်ဆောက်နိုင်မှုကြောင့် “အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာဆု”အတွက် စကာတင်ရွေးချယ်ခံရသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း Rustenburg ၏ လူဦးရေသည် ၄၀၀ % အထိမြင့်တက်လာကာ လူမှုဘဝလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများဆီသို့ ဦးတည်လာခဲ့သည်။ smart infrastructure များအသုံးပြုခြင်းဖြင့် Rustenburg ၏ Smart city စီမံကိန်းသည် ဒေတာအမြောက်အများကို ခွဲခြမ်းစိတ်ဖြာဖြင်း၊ တိကျစေရန် IoT နှင့် မြို့တော်ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ဒေတာများအပေါ်အခြေခံတွက်ချက်ထားသည့် ဖြေရှင်းနည်းများ အစရှိသော နည်းပညာများကိုအသုံးပြုကာ အချိန်နှင့်တပြေးညီဖြစ်ပေါ်နေသည့်ဒေတာများနှင့် အခြားသောအဓိကကျသည့် အချက်အလက်များကို ပံ့ပိုးပေးသည်။ အများပြည်သူဝန်ဆောင်များနှင့် စည်ပင်သာယာ အထောက်အပံ့အသုံးပြုမှုများအား စီမံခန့်ခွဲမှု တိုးတက်လာစေရန် အရေးပါသည့်အပလီကေးရှင်းများကို ထည့်သွင်းတည်ဆောက်ထားသည်။

ထိုသို့ဆောင်ရွက်ခြင်း၏ရလဒ်အနေဖြင့် စည်ပင်သာယာလုပ်ငန်းများ၏စွမ်းအင်အသုံးပြုမှုသည် ၅၀ % ကျဆင်း သွားခဲ့ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြုမှုမြင့်တက်လာခဲ့သည်။ မြို့တော်၏ဆက်သွယ်ရေးနှင့် ထုတ်လုပ်ရေး တိုးတက်လာမှုသည် နိုင်ငံသား ၆ သိန်းကျော်၏ လူနေမှုအဆင့်အတန်းကိုပါ မြှင့်တင် ပေးနိုင်ခဲ့သည်။ အများပြည်သူအန္တရာယ်ကင်းရှင်းရေးတွင်လည်း ကိစ္စရပ်များဖြေရှင်းမှုအတွက် ကြာမြင့်ချိန်ကို လျှော့ချနိုင်ရန် ရဲဌာနက အဆင့်မြင့်ဆက်သွယ်ရေးစနစ်များ၊ လေ့လာစောင့်ကြည့်ခြင်း နှင့် ခွဲခြားအတည်ပြုနိုင်သည့် စနစ်ပါရှိသော ဗီဒီယိုဒေတာခွဲခြမ်းစိတ်ဖြာခြင်းနည်းစနစ်များအား အသုံးပြု နေခြင်းကြောင့် ရာဇဝတ်မှုဖြစ်ပွားနှုန်းကို ၅၀% ကျော် လျှော့ချနိုင်ခဲ့ပြီး မြို့တော်ကို ပိုမိုအန္တရာယ်ကင်း လုံခြုံစေခဲ့သည်။ နွမ်းပါးသည့်နေရာများအတွက် အခမဲ့ အင်တာနက်များတပ်ဆင်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၁,၅၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ Qingdao သည် စိုက်ပျိုးရန်မသင့်လျော်သည့်မြေများကို ပြန်လည်စိုက်ပျိုးနိုင်စေ ရန်ဆောင်ရွက်ပေးသည့် ၎င်း၏ စပါးစိုက်ပျိုးမှုတိုးတက်စေရေး စီမံကိန်းကြောင့် “ဆန်းသစ်သည့်စိတ်ကူးစီမံကိန်း ဆု” အတွက် စကာတင်ရွေးချယ်ခံခဲ့ရသည်။

ပညာရှင်တစ်ဦးဖြစ်သူ Mr. Yuan Longping က saline-alkali rice အမျိုးအစားကို တီထွင်ရန်အတွက် Qingdao Saline-Alkali Tolerant Rice သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာကို ဦးဆောင်နေသူဖြစ်သည်။ ထိုစပါးအမျိုးအစား သည် တရုတ်နိုင်ငံတွင် တစ်မြူ (အကြမ်းဖြင်းအားဖြင့် ၆၆၆.၆၆ စတုရန်းမီတာဧရိယာ)လျှင် ၆၂၀ ကီလိုဂရမ်အထိ အများဆုံးထွက်ရှိပြီး ဒူဘိုင်းနိုင်ငံ၏ ကန္တာရနေရာများတွင် ၅၀၀ ကီလိုဂရမ်အထိ ထွက်ရှိသည်။ ထိုအောင်မြင်မှု သည် Huawei ၏ Element IoT system နှင့် သိပ္ပံပညာအရတီထွင်ဖန်တီးမှုတို့ နှစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။ IoT စနစ်တွင် မြေပေါ်မြေအောက်ရှိ အာရုံခံစနစ်များမှ အလင်းရောင်၊ စိုထိုင်းဆ၊ ဆားပါဝင်မှု နှင့်အယ်ကာလီ ပါဝင်မှု အစရှိသည့် အချက်အလက်မျိုးစုံကို စုဆောင်းကာ eLTE ကွန်ရက်ကိုအသုံးပြု၍ Huawei ၏ cloud big data center သို့ ပို့ဆောင်ပေးသည်။

ရရှိလာသည့်အချက်အလက်များကို AI စနစ်နှင့် ကျွမ်းကျင်သူများကစစ်ဆေးကာ saline-alkali rice ၏ အထွက် နှုန်းနှင့်အရည်အသွေးတိုးတက်လာစေရန် လိုအပ်သည့်ပိုးသတ်ဆေးဖြန်းခြင်း၊ မြေသြဇာကျွေးခြင်း နှင့် ပိုးမွှား ထိန်းချုပ်ရေးနည်းပညာများကို ပံ့ပိုးပေးသည်။ ထိုနည်းပညာသည် ရေသုံးစွဲမှု ၃၀%၊ ပိုးသတ်ဆေးသုံးစွဲမှု ၄၀% လျော့ကျစေပြီး စီးပွားရေးအရ အကျိုးအမြတ် ၂၀% တိုးလာစေပါသည်။ saline-alkali နယ်မြေ ၁၀၀ မီလီယမ်မြူ ကို အသွင်ပြောင်းလိုက်ခြင်းသည် စပါး ၃၀ ဘီလီယမ် ကီလိုဂရမ် ထွက်စေပြီး လူပေါင်း သန်း ၈၀၀ စားသုံးနိုင် မည် ဖြစ်သည်။ အဆိုပါ သိပ္ပံနှင့်နည်းပညာတီထွင်မှုသည် ကမ္ဘာတစ်ဝှမ်းလုံးရှိလူများကို အကျိုးပြုပါသည်။

ယနေ့အချိန်အထိ Huawei ၏ smart city နည်းပညာသည် နိုင်ငံပေါင်း ၄၀ ကျော်ရှိ မြို့ပေါင်း ၁၆၀ ကျော်ကို အကျိုးပြုနေပါသည်။