[Zawgyi]

TikTok ဟာ လူငယ္ေတြၾကားမွာ အရမ္းကို ေရပန္းစားတဲ့ လူမႈကြန္ရက္ ျဖစ္ပါတယ္။ အခုေတာ့ TikTok ရဲ႕ မိခင္ ကုမၸဏီ ByteDance က သူ႔ရဲ႕ ပထမဆံုး စြမ္းရည္ျမင့္ ဖုန္းကို ေၾကညာလိုက္ပါတယ္။ Smartisan Nut Pro 3 လို႔ နာမည္ေပးထားၿပီး တရုတ္ ကုမၸဏီ Smartisan ဆီကေန Patents တခ်ိဳ႕ကို ၀ယ္ယူၿပီး ဒီဖုန္းကို ဖန္တီးခဲ့တာပါ။

Nut Pro 3 မွာ Qualcomm ရဲ႕ အလန္းစား Snapdragon 855+ Chipset ေမာင္းႏွင္ထားပါတယ္။ 8GB / 12GB RAM နဲ႔ 128GB / 256GB Storage ေတြ ထုတ္လုပ္ထားပါတယ္။ ၆.၃၉ လက္မ အရြယ္ႀကီး AMOLED Full HD+ Display ပါၿပီး အရြယ္ေသး Notch တပ္ဆင္ထားပါတယ္။ 4,000mAh Battery နဲ႔ Android အေျချပဳ Smartisan OS 7.0 ပါပါတယ္။ အေနာက္ဘက္မွာ 48-Megapixel Primary Sensor + 13-Megapixel Wide-Angle + 8-Megapixel Telephoto + 5-Megapixel Macro Lens ေတြ ထည့္ထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 20MP ျဖစ္ပါတယ္။ အျဖဴနဲ႔ အစိမ္းေရာင္ ထုတ္လုပ္ထားၿပီး ကင္မရာ ဒီဇိုင္း အနည္းငယ္ ကြဲျပားပါတယ္။

တန္ဖိုးနည္း 8/128GB Model ကို ယြမ္ ၂,၈၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၆ သိန္းစြန္းစြန္းေလာက္ရွိပါတယ္။ အေရွ႕နဲ႔ အေနာက္ကို ဖန္နဲ႔ ဖံုးအုပ္ထားပါတယ္။ သတၱဳဖရိမ္နဲ႔ တည္ေဆာက္ထားၿပီး စက္၀ိုင္းပံု ပါ၀ါနဲ႔ အသံခလုတ္ေတြ ပါပါတယ္။

ByteDance က ဒါဟာ TikTok Phone မဟုတ္ဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္ အလန္းစား ကင္မရာေတြပါၿပီး စြမ္းရည္ျမင့္မားတဲ့အတြက္ TikTok Users ေတြ အမိုက္စား ဗီဒီယိုေတြ ဖန္တီးႏုိင္တယ္လို႔ ေျပာပါတယ္။ အဲဒီဖုန္းမွာ TikTok ကို ထည့္သြင္းေပးထားၿပီး တရုတ္မွာ ေရာင္းေပးလိုက္ပါၿပီ။

Ref : gsmarena

[Unicode]

Snapdragon 855+ အသုံးပြု စွမ်းရည်မြင့်ဖုန်း ထုတ်လိုက်တဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance

TikTok ဟာ လူငယ်တွေကြားမှာ အရမ်းကို ရေပန်းစားတဲ့ လူမှုကွန်ရက် ဖြစ်ပါတယ်။ အခုတော့ TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance က သူ့ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်းကို ကြေညာလိုက်ပါတယ်။ Smartisan Nut Pro 3 လို့ နာမည်ပေးထားပြီး တရုတ် ကုမ္ပဏီ Smartisan ဆီကနေ Patents တချို့ကို ဝယ်ယူပြီး ဒီဖုန်းကို ဖန်တီးခဲ့တာပါ။

Nut Pro 3 မှာ Qualcomm ရဲ့ အလန်းစား Snapdragon 855+ Chipset မောင်းနှင်ထားပါတယ်။ 8GB / 12GB RAM နဲ့ 128GB / 256GB Storage တွေ ထုတ်လုပ်ထားပါတယ်။ ၆.၃၉ လက်မ အရွယ်ကြီး AMOLED Full HD+ Display ပါပြီး အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ 4,000mAh Battery နဲ့ Android အခြေပြု Smartisan OS 7.0 ပါပါတယ်။ အနောက်ဘက်မှာ 48-Megapixel Primary Sensor + 13-Megapixel Wide-Angle + 8-Megapixel Telephoto + 5-Megapixel Macro Lens တွေ ထည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။ အဖြူနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ကင်မရာ ဒီဇိုင်း အနည်းငယ် ကွဲပြားပါတယ်။

တန်ဖိုးနည်း 8/128GB Model ကို ယွမ် ၂,၈၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်းစွန်းစွန်းလောက်ရှိပါတယ်။ အရှေ့နဲ့ အနောက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ သတ္တုဖရိမ်နဲ့ တည်ဆောက်ထားပြီး စက်ဝိုင်းပုံ ပါဝါနဲ့ အသံခလုတ်တွေ ပါပါတယ်။

ByteDance က ဒါဟာ TikTok Phone မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အလန်းစား ကင်မရာတွေပါပြီး စွမ်းရည်မြင့်မားတဲ့အတွက် TikTok Users တွေ အမိုက်စား ဗီဒီယိုတွေ ဖန်တီးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီဖုန်းမှာ TikTok ကို ထည့်သွင်းပေးထားပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : gsmarena