အရင်တုန်းက စမတ်ဖုန်းတွေရဲ့ Internal Storage က 4GB ၊ 8GB ပဲ ရှိလာခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ အသုံးပြုသူတွေက ရုပ်ရှင်တွေ၊ ဂိမ်းတွေ၊ App တွေ အများအပြားထည့်သွင်းလာတဲ့အတွက် Storage ပိုင်းမှာလည်း ပိုပြီး များပြားအောင် ထုတ်လာကြပါတယ်။

အခုအချိန်မှာ စမတ်ဖုန်းအများစုမှာ 32GB ၊ 64GB က အနည်းဆုံပါဝင်လာတာဖြစ်ပြီးတော့ အများဆုံး 128GB ၊ 256GB အထိ ထည့်သွင်းလာကြပါတယ်။ ဒါပေမယ့် 1TB လောက်အထိတော့ စမတ်ဖုန်းမှာ ထည့်သွင်းဖို့ ဘယ်သူမှမကြိုးစားကြသေးပါဘူး။

ဒါပေမယ့် Smartisan အမည်ရှိတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုကတော့ သူတို့ရဲ့ Smartisan R1 စမတ်ဖုန်းမှာ 1TB Internal Storage ကို ထည့်သွင်းပေးလိုက်ပါတယ်။ အခုလိုမျိုးထည့်သွင်းလိုက်တဲ့အတွက် လက်ရှိမှာ Internal Storage အများဆုံးစမတ်ဖုန်းလည်း ဖြစ်သွားပါတယ်။

အခု Smartisan R1 စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 6GB or 8GB ၊ 6.17″ Full HD+ Display ၊ 3600mAh Battery နဲ့ Quick Charge 4+ ကိုပါ Support ပြုလုပ်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းအရတော့ လက်ရှိမှာ အကောင်းဆုံးဆိုတဲ့ စမတ်ဖုန်းတွေနဲ့ တူညီနေပါသေးတယ်။

ကင်မရာပိုင်းအရလည်း 12MP + 20MP Back Camera နဲ့အတူ 24MP Selfie Camera ပါဝင်တယ်ဆိုတော့ ကင်မရာပိုင်းအရလည်း ထပ်တန်းအဆင့်ရှိနေမှာပါ။

မကောင်းတဲ့အချက်တစ်ခုကတော့ ဈေးနှုန်းပဲဖြစ်ပြီး Smartisan R1 ရဲ့ Basic Model ဖြစ်တဲ့ RAM 6GB ၊ 64GB ဟာ ဒေါ်လာ ၅၅၀ ဝန်းကျင်ပဲရှိပေမယ့် အမြင့်ဆုံးဖြစ်တဲ့ RAM 8GB ၊ 1TB Storage Model ကတော့ ဈေးနှုန်းက ဒေါ်လာ ၁၄၀၀ အထိရှိနေတာပဲဖြစ်ပါတယ်။