ဒီနေ့ခေတ်မှာ စမတ်ဖုန်းကင်မရာတွေဟာ ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့ နှိုင်းယှဉ်ရင် ဓာတ်ပုံရိုက်နိုင်မှုအပိုင်းမှာတော့ ပိုပြီးကျယ်ပြန့်လာတာကို ငြင်းလို့မရပါဘူး။ ဓာတ်ပုံရိုက်ကူးရလွယ်ကူပြီး လူတိုင်းနီးပါးလက်လှမ်းမီတဲ့ ကင်မရာတစ်လုံးလို ဖြစ်နေတာက တွင်ကျယ်လာရတဲ့ အဓိကအကြောင်းအရင်းလို့လည်း ဆိုနိုင်ပါတယ်။

Counterpoint Research က ကျင်းပတဲ့ Webinar တစ်ခုအရ Software ဟာ ဆန်းသစ်တီထွင်မှု ဦးတည်ချက်အသစ်ဆီ မောင်းနှင်ပေးတာနဲ့အမျှ ပုံရိပ်ဖော်စနစ်ဟာ အဆင့်မြင့်ခြင်းဆီကို ရှေ့ဆက်နေတယ်လို့ သိခဲ့ကြရပါတယ်။ Honor, DXOMARK, Qualcomm နဲ့ Eugenio Recuenco တို့ဟာ Webinar ရဲ့ ဧည့်သည်တွေဖြစ်ကြပြီး စမတ်ဖုန်းကင်မရာရေစီးကြောင်း၊ OEM imaging နှိုင်းယှဉ်မှုတွေနဲ့ အခြားအကြောင်းအရာတွေကို အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစီရင်ခံစာအရ Upper-end ဈေးကွက်ရဲ့ Flagship ကင်မရာအရေအတွက်ဟာ ပြန့်ကျဲနေပြီး Focal lens lengths တွေက ချဲ့ကားနေသလို Image processing တောင်းဆိုချက်တွေကလည်း Chipset ထုတ်လုပ်သူတွေကို တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး စမတ်ဖုန်းတစ်လုံးမှာ ပျမ်းမျှကင်မရာအရေအတွက်ဟာ သုံးလုံးအောက်မှာ ရှိနေပါတယ်။

Honor လိုမျိုး OEM တွေဟာ တိုးတက်မှုအရှိန်အဟုန်ကို အမီလိုက်နိုင်ဖို့အတွက် Sophisticated computational photography techniques ကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ Megapixels နဲ့ ကင်မရာအရေအတွက်တွေထက် ကင်မရာစနစ်တွေမှာ Software ရဲ့ အရေးပါမှုက ပိုများလာပါတယ်။ ဒါဟာ Multi-frame နဲ့ Multi-camera fusion techniques တွေလို Feature ပေးလာတာလည်း ဖြစ်ပါတယ်။

Qualcomm ရဲ့ ဒုတိယဥက္ကဌကတော့ Software နဲ့ Algorithm-based photography ဆိုတာ စမတ်ဖုန်းကင်မရာစွမ်းဆောင်ရည်က ရုပ်ပုံရဲ့ထူးကဲပေါ်လွင်မှုနဲ့ Neural processing ကို ပို့ဆောင်ဖို့ Processing power က အဓိကဖြစ်တယ် ပြောခဲ့ပါတယ်။ DXOMARK ရဲ့ ဒါရိုက်တာကတော့ Honor ရဲ့ Magic4 Ultimate ဟာ Multi-camera fusion computational photography ကို အကောင်းဆုံးအသုံးပြုထားတယ်လို့ ဆိုခဲ့ပါတယ်။

Ref: Gizmochina