[Zawgyi]

အျပည္ျပည္ဆိုင္ရာ ေဒတာေကာ္ပိုေရးရွင္း (IDC) ကထုတ္ျပန္လိုက္တဲ့ ေနာက္ဆုံးအစီရင္ခံစာအရ ကမာၻ႔စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈဟာ ဇူလိုင္ကေန စက္တင္ဘာလအတြင္း ၀.၈ ရာခိုင္ႏႈန္းအထိ ဖြံ႕ၿဖိဳးတိုးတက္လာတယ္လို႔ သိရပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ကမာၻမွာ စမတ္ဖုန္းသုံးစြဲမႈက ပိုၿပီးမ်ားျပားလာတယ္လို႔လည္း ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

ေဈးကြက္ႀကီးတစ္ခုလုံးအတိုင္းအတာနဲ႔ ၾကည့္မယ္ဆိုရင္ စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈဟာ ၃၅၈.၃ သန္း အထိ ရွိခဲ့တာ ျဖစ္ပါတယ္။ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ လြန္ခဲ့တဲ့ တစ္ႏွစ္တုန္းကေတာ့ ၃၅၅.၆ သန္း တင္ပို႔ေရာင္းခ်ခဲ့တာထက္ အနည္းငယ္ ပိုေနတာကိုေတြ႕ျမင္ရပါတယ္။ ၂၀၁၉ ဒုတိယသုံးလပတ္နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ တတိယသုံးလပတ္ဟာ ၈.၁ ရာခိုင္ႏႈန္း ပိုမိုဖြံ႕ၿဖိဳးလာတာကို ေတြ႕ရပါတယ္။

ကုမၸဏီရဲ႕ေတြ႕ရွိမႈအရ လြန္ခဲ့တဲ့ ၂ ႏွစ္အေတာအတြင္း စမတ္ဖုန္း တင္ပို႔ေရာင္းခ်မႈ ေကာင္းမြန္တဲ့အခ်ိန္ကာလာဟ ပထမသုံးလပတ္သာ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ တတိယသုံးလပတ္က အေတာ္ေလးကို ကြဲျပားျခားနားတဲ့ ရလဒ္ေတြ ျဖစ္ေပၚေနတာကို ေတြ႕ျမင္ေနၾကရတာပါ။

ထိပ္တန္း ထုတ္လုပ္မႈလုပ္ငန္းႀကီး၅ ခုကို ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ဒီသုံးလပတ္ ကာလအတြင္းမွာ Samsung က ၇၈.၂ သန္း တင္ပို႔မႈနဲ႔ ဦးေဆာင္ေနၿပီး ေဈးကြက္ေဝစု ၂၁.၈ ရာခိုင္ႏႈန္းရရွိထားသလို၊ ႏွစ္စဥ္တိုးတက္မႈႏႈန္းအျဖစ္ ၈.၃ ရာခိုင္ႏႈန္းလည္း ျဖစ္ေနခဲ့ပါတယ္။

ဒုတိယေနရာမွာလိုက္ေနတာကေတာ့ Huawei ျဖစ္ပါတယ္။ တ႐ုတ္အေျခစိုက္ကုမၸဏီဟာ အလားတူကာလအတြင္းမွာ ၆၆.၆ သန္း တင္ပို႔ေရာင္းခ်ခဲ့ပါတယ္။ အျပည္ျပည္ဆိုင္ရာ ေဈးကြက္ေဝစုကိုေတာ့ ၁၈.၆ ရာခိုင္ႏႈန္းအထိ ရယူထားႏိုင္ခဲ့တာပါ။ Huawei အတြက္ ဂုဏ္ယူစရာကေတာ့ ႏွစ္စဥ္တိုးတက္မႈႏႈန္းဟာ ၂၈.၂ ရာခိုင္ႏႈန္း ျဖစ္ေနခဲ့တာပါပဲ။

Apple ကေတာ့ တင္ပို႔ေရာင္းခ်မႈပမာဏ ၄၆.၆ သန္းနဲ႔ တတိယေနရာမွာ ရွိေနပါတယ္။ ေဈးကြက္ေဝစုကေတာ့ ၁၃ ရာခိုင္ႏႈန္းျဖစ္ၿပီး ႏွစ္စဥ္တိုးတက္မႈရာခိုင္ႏႈန္းမွာေတာ့ ၀.၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့တာကို ေတြ႕ျမင္ရပါတယ္။ Xiaomi ကေတာ့ စတုတၳေနရာကို ေရာက္ရွိခဲ့ၿပီး တင္ပို႔ေရာင္းခ်မႈက ၃၂.၇ သန္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပမာဏက ၿပီးခဲ့တဲ့ႏွစ္ကထက္ ၃.၃ ရာခိုင္ႏႈန္း ေလ်ာ့နည္းခဲ့တာပါ။

ထိပ္ဆုံး ငါးေနရာထဲကို ဝင္ေရာက္လာတာကေတာ့ OPPO ျဖစ္ၿပီး တင္ပို႔ေရာင္းခ်မႈပမာဏက ၃၁.၂ သန္း ျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ ရလဒ္ထက္ ၄.၁ ရာခိုင္ႏႈန္း ပိုၿပီး တိုးတက္ေကာင္းမြန္လာတာလည္း ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Samsung ကပဲ ဆက်လက်ဦးဆောင်နေတဲ့ Q3 စမတ်ဖုန်း တင်ပို့ရောင်းချမှု

အပြည်ပြည်ဆိုင်ရာ ဒေတာကော်ပိုရေးရှင်း (IDC) ကထုတ်ပြန်လိုက်တဲ့ နောက်ဆုံးအစီရင်ခံစာအရ ကမ္ဘာ့စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ဇူလိုင်ကနေ စက်တင်ဘာလအတွင်း ၀.၈ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ သိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကမ္ဘာမှာ စမတ်ဖုန်းသုံးစွဲမှုက ပိုပြီးများပြားလာတယ်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။

ဈေးကွက်ကြီးတစ်ခုလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၃၅၈.၃ သန်း အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့ ၃၅၅.၆ သန်း တင်ပို့ရောင်းချခဲ့တာထက် အနည်းငယ် ပိုနေတာကိုတွေ့မြင်ရပါတယ်။ ၂၀၁၉ ဒုတိယသုံးလပတ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် တတိယသုံးလပတ်ဟာ ၈.၁ ရာခိုင်နှုန်း ပိုမိုဖွံ့ဖြိုးလာတာကို တွေ့ရပါတယ်။

ကုမ္ပဏီရဲ့တွေ့ရှိမှုအရ လွန်ခဲ့တဲ့ ၂ နှစ်အတောအတွင်း စမတ်ဖုန်း တင်ပို့ရောင်းချမှု ကောင်းမွန်တဲ့အချိန်ကာလာဟ ပထမသုံးလပတ်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ တတိယသုံးလပတ်က အတော်လေးကို ကွဲပြားခြားနားတဲ့ ရလဒ်တွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေကြရတာပါ။

ထိပ်တန်း ထုတ်လုပ်မှုလုပ်ငန်းကြီး၅ ခုကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒီသုံးလပတ် ကာလအတွင်းမှာ Samsung က ၇၈.၂ သန်း တင်ပို့မှုနဲ့ ဦးဆောင်နေပြီး ဈေးကွက်ဝေစု ၂၁.၈ ရာခိုင်နှုန်းရရှိထားသလို၊ နှစ်စဉ်တိုးတက်မှုနှုန်းအဖြစ် ၈.၃ ရာခိုင်နှုန်းလည်း ဖြစ်နေခဲ့ပါတယ်။

ဒုတိယနေရာမှာလိုက်နေတာကတော့ Huawei ဖြစ်ပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ အလားတူကာလအတွင်းမှာ ၆၆.၆ သန်း တင်ပို့ရောင်းချခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ဝေစုကိုတော့ ၁၈.၆ ရာခိုင်နှုန်းအထိ ရယူထားနိုင်ခဲ့တာပါ။ Huawei အတွက် ဂုဏ်ယူစရာကတော့ နှစ်စဉ်တိုးတက်မှုနှုန်းဟာ ၂၈.၂ ရာခိုင်နှုန်း ဖြစ်နေခဲ့တာပါပဲ။

Apple ကတော့ တင်ပို့ရောင်းချမှုပမာဏ ၄၆.၆ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ဈေးကွက်ဝေစုကတော့ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး နှစ်စဉ်တိုးတက်မှုရာခိုင်နှုန်းမှာတော့ ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့မြင်ရပါတယ်။ Xiaomi ကတော့ စတုတ္ထနေရာကို ရောက်ရှိခဲ့ပြီး တင်ပို့ရောင်းချမှုက ၃၂.၇ သန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏက ပြီးခဲ့တဲ့နှစ်ကထက် ၃.၃ ရာခိုင်နှုန်း လျော့နည်းခဲ့တာပါ။

ထိပ်ဆုံး ငါးနေရာထဲကို ဝင်ရောက်လာတာကတော့ OPPO ဖြစ်ပြီး တင်ပို့ရောင်းချမှုပမာဏက ၃၁.၂ သန်း ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ရလဒ်ထက် ၄.၁ ရာခိုင်နှုန်း ပိုပြီး တိုးတက်ကောင်းမွန်လာတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena