[Zawgyi]

၂၀၁၉ ခုႏွစ္ရဲ႕ ကြာတား ၃ ျဖစ္တဲ့ ဇူလိုင္လနဲ႔ စက္တင္ဘာလအတြင္းမွာ စမတ္ဖုန္း ေရာင္းအားက်ဆင္းခဲ့တယ္လို႔ Gartner ရဲ႕ စစ္တမ္းက ေဖာ္ျပထားပါတယ္။ ကြာတား ၃ ခုဆက္တိုက္ ေရာင္းအားက်ဆင္းေနတာ ျဖစ္ေပမယ့္ ကြာတား ၃ ဟာ ေရာင္းအား အမ်ားဆံုး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ လာမယ့္ႏွစ္မွာေတာ့ ေရာင္းအားတက္လာမယ္လို႔ ကြ်မ္းက်င္သူေတြက သံုးသပ္ထားပါတယ္။

Gartner ရဲ႕ အႀကီးတန္း ေလ့လာဆန္းစစ္သူ Anshul Gupta က “ ၂၀၂၀ မွာ စမတ္ဖုန္း ေရာင္းအားတက္လာမယ္လို႔ ထင္ပါတယ္။ စြမ္းရည္သင့္ ဖုန္းေတြဟာ ကမာၻအ၀န္းမွာ ေရာင္းအားေကာင္းလာမွာပါ။ “ လို႔ ေျပာပါတယ္။ Samsung , Huawei , Xiaomi , OPPO နဲ႔ Vivo တို႔လို ကုမၸဏီေတြက စြမ္းရည္နိမ့္နဲ႔ စြမ္းရည္သင့္ ဖုန္းေတြကို အာရံုစိုက္ ထုတ္လုပ္ေနၾကပါတယ္။

Huawei , Samsung နဲ႔ OPPO တို႔ဟာ ဒီႏွစ္ ကြာတား ၃ မွာ ေရာင္းအားတက္လာၾကပါတယ္။ Apple ကေတာ့ အရင္ႏွစ္ကထက္ ဒီႏွစ္မွာ ေရာင္းအားက်ဆင္းေနပါတယ္။ Huawei ရဲ႕ ေရာင္းအားက ေတာ္ေတာ္ေကာင္းလာတာ ျမင္ရၿပီး ကြာတား ၃ မွာ ေရာင္းအား အတိုးတက္ဆံုး ကုမၸဏီ ျဖစ္လာပါတယ္။ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႕မႈေၾကာင့္ တရုတ္မွာ Huawei ကို ပိုမို အားေပး၀န္းရံလာၾကတာပါ။

လူေတြဟာ ေစ်းအရမ္းႀကီး ဒါမွမဟုတ္ ေစ်းအရမ္းေပါတဲ့ စမတ္ဖုန္းေတြကို မႀကိဳက္ၾကေတာ့ဘဲ ေပးရတဲ့ ေစ်းထက္ တန္တဲ့ စြမ္းရည္သင့္ စမတ္ဖုန္းေတြကို ေရြးခ်ယ္လာၾကပါတယ္။ လာမယ့္ႏွစ္မွာ ေစ်းသိပ္မႀကီးတဲ့ 5G ဖုန္းေတြေၾကာင့္ ဖုန္း ေရာင္းအားတက္လာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း စမတ်ဖုန်း ရောင်းအား ကျဆင်းနေ

၂၀၁၉ ခုနှစ်ရဲ့ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ စမတ်ဖုန်း ရောင်းအားကျဆင်းခဲ့တယ်လို့ Gartner ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ကွာတား ၃ ခုဆက်တိုက် ရောင်းအားကျဆင်းနေတာ ဖြစ်ပေမယ့် ကွာတား ၃ ဟာ ရောင်းအား အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ ရောင်းအားတက်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Gartner ရဲ့ အကြီးတန်း လေ့လာဆန်းစစ်သူ Anshul Gupta က “ ၂၀၂၀ မှာ စမတ်ဖုန်း ရောင်းအားတက်လာမယ်လို့ ထင်ပါတယ်။ စွမ်းရည်သင့် ဖုန်းတွေဟာ ကမ္ဘာအဝန်းမှာ ရောင်းအားကောင်းလာမှာပါ။ “ လို့ ပြောပါတယ်။ Samsung , Huawei ,Xiaomi , OPPO နဲ့ Vivo တို့လို ကုမ္ပဏီတွေက စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် ဖုန်းတွေကို အာရုံစိုက် ထုတ်လုပ်နေကြပါတယ်။

Huawei , Samsung နဲ့ OPPO တို့ဟာ ဒီနှစ် ကွာတား ၃ မှာ ရောင်းအားတက်လာကြပါတယ်။ Apple ကတော့ အရင်နှစ်ကထက် ဒီနှစ်မှာ ရောင်းအားကျဆင်းနေပါတယ်။ Huawei ရဲ့ ရောင်းအားက တော်တော်ကောင်းလာတာ မြင်ရပြီး ကွာတား ၃ မှာ ရောင်းအား အတိုးတက်ဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် တရုတ်မှာ Huawei ကို ပိုမို အားပေးဝန်းရံလာကြတာပါ။

လူတွေဟာ ဈေးအရမ်းကြီး ဒါမှမဟုတ် ဈေးအရမ်းပေါတဲ့ စမတ်ဖုန်းတွေကို မကြိုက်ကြတော့ဘဲ ပေးရတဲ့ ဈေးထက် တန်တဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေကို ရွေးချယ်လာကြပါတယ်။ လာမယ့်နှစ်မှာ ဈေးသိပ်မကြီးတဲ့ 5G ဖုန်းတွေကြောင့် ဖုန်း ရောင်းအားတက်လာနိုင်ပါတယ်။

Ref : gizmochina