[Zawgyi]

စမတ္နာရီေဈးကြက္ဟာ အေတာ္ေလးကို ေအးစက္ေနခဲ့ရာကေန ၂၀၁၉ ခုႏွစ္အတြင္းမွာေတာ့ အရွိန္အဟုန္နဲ႔တိုးတက္လာတဲ့ အေျခအေနဘက္ကို ေရာက္ရွိလို႔ လာခဲ့ၿပီျဖစ္ပါတယ္။ ဒီႏွစ္ရဲ႕ ဒုတိယသုံးလပတ္အတြင္းမွာ စမတ္နာရီေတြ တင္ပို႔ေရာင္းခ်မႈဟာ ၁၂ သန္းအထိ ရွိခဲ့ပါတယ္။ ဒီပမာဏဟာ ၿပီးခဲ့တဲ့ႏွစ္ကာလတူနဲ႔ ႏႈိင္းယွဥ္ရင္ ၄၄ ရာခိုင္ႏႈန္းအထိ တိုးတက္လာတာပါ။

ျပန္လည္ဦးေမာ့လာတဲ့ စမတ္နာရီေဈးကြက္ကို ဦးေဆာင္ေနတာကေတာ့ Apple Watch ေတြလို႔ သိရပါတယ္။ အေမရိကန္နည္းပညာကုမၸဏီႀကီးဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယသုံးလပတ္ကာလအတြင္းမွာ စမတ္နာရီအလုံးေရေပါင္း ၅.၇ သန္းအထိ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီပမာဏက အမွတ္တံဆိပ္အားလုံးေပါင္း တင္ပို႔ေရာင္းခ်မႈရဲ႕ တစ္ဝက္နီးပါးေလာက္ ျဖစ္ေနပါတယ္။

ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးကေတာ့ ဒုတိယေနရာမွာ ရွိေနတာကို ေတြ႕ရပါတယ္။ Samsung ရဲ႕ တင္ပို႔ေရာင္းခ်ႏႈန္းဟာ ၂ သန္းအထိ ရွိခဲ့ၿပီး ၂၀၁၈ ရဲ႕ ဒုတိယသုံးလပတ္နဲ႔ႏႈိင္းယွဥ္ရင္ ထက္ဝက္ေက်ာ္ေလာက္ တိုးတက္လာတာလည္း ျဖစ္ပါတယ္။ Galaxy Watch Active2 အပါအဝင္ အျခားေမာ္ဒယ္သစ္ေတြကလည္း Samsung ရဲ႕ စမတ္နာရီေဈးကြက္ခ်ဲ႕ထြင္မႈကို အေထာက္အကူေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တတိယေနရာမွာရွိေနတာကေတာ့ Fibit ျဖစ္ၿပီး ဒီအမွတ္တံဆိပ္ဟာ ၂၀၁၉ ဒုတိယ ၃ လပတ္မွာ ၁.၂ သန္းပဲ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ ဒုတိယသုံးလပတ္တုန္းက ၁.၃ သန္းအထိ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာေၾကာင့္ ဒီႏွစ္မွာ ေရာင္းအားက်ဆင္းသြားတာကို ေတြ႕ရပါတယ္။ ကမာၻ႔ ေဈးကြက္ခြဲေဝမႈမွာလည္း ၁၅.၂၀% ကေန ၉.၈၀% အထိ က်ဆင္းသြားတာ ျဖစ္ပါတယ္။

Apple ကေတာ့ ၂၀၁၈ ခုႏွစ္တုန္းက ကမာၻ႔ေဈးကြက္ေဝစုရဲ႕ ၄၄.၄၀% ႏႈန္းအထိ ရယူႏိုင္ခဲ့ၿပီး ၂၀၁၉ခုႏွစ္ ဒုတိယသုံးလပတ္မွာေတာ့ ၄၆.၄၀% အထိ ရရွိခဲ့တာ ျဖစ္ပါတယ္။ Samsung ကလည္း ၂၀၁၈ ဒုတိယသုံးလပတ္တုန္းက ကမာၻ႔ေဈးကြက္ေဝစုရဲ႕ ၁၀.၅၀% ကိုသာရရွိခဲ့ေပမယ့္ ၂၀၁၉ ဒုတိယသုံးလပတ္မွာေတာ့ ၁၅.၉၀% အထိ တိုးတက္ရယူႏိုင္ခဲ့တာကို ေတြ႕ျမင္ရပါတယ္။

Ref: GSM Arena

[Unicode]

ဦးမော့လာတဲ့ စမတ်နာရီဈေးကွက်ကို ဦးဆောင်နေတဲ့ Apple

စမတ်နာရီဈေးကွက်ဟာ အတော်လေးကို အေးစက်နေခဲ့ရာကနေ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ အခြေအနေဘက်ကို ရောက်ရှိလို့ လာခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်အတွင်းမှာ စမတ်နာရီတွေ တင်ပို့ရောင်းချမှုဟာ ၁၂ သန်းအထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၄၄ ရာခိုင်နှုန်းအထိ တိုးတက်လာတာပါ။

ပြန်လည်ဦးမော့လာတဲ့ စမတ်နာရီဈေးကွက်ကို ဦးဆောင်နေတာကတော့ Apple Watch တွေလို့ သိရပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်ကာလအတွင်းမှာ စမတ်နာရီအလုံးရေပေါင်း ၅.၇ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပမာဏက အမှတ်တံဆိပ်အားလုံးပေါင်း တင်ပို့ရောင်းချမှုရဲ့ တစ်ဝက်နီးပါးလောက် ဖြစ်နေပါတယ်။

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးကတော့ ဒုတိယနေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ Samsung ရဲ့ တင်ပို့ရောင်းချနှုန်းဟာ ၂ သန်းအထိ ရှိခဲ့ပြီး ၂၀၁၈ ရဲ့ ဒုတိယသုံးလပတ်နဲ့နှိုင်းယှဉ်ရင် ထက်ဝက်ကျော်လောက် တိုးတက်လာတာလည်း ဖြစ်ပါတယ်။ Galaxy Watch Active2 အပါအဝင် အခြားမော်ဒယ်သစ်တွေကလည်း Samsung ရဲ့ စမတ်နာရီဈေးကွက်ချဲ့ထွင်မှုကို အထောက်အကူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တတိယနေရာမှာရှိနေတာကတော့ Fibit ဖြစ်ပြီး ဒီအမှတ်တံဆိပ်ဟာ ၂၀၁၉ ဒုတိယ ၃ လပတ်မှာ ၁.၂ သန်းပဲ တင်ပို့ရောင်းချနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်တုန်းက ၁.၃ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာကြောင့် ဒီနှစ်မှာ ရောင်းအားကျဆင်းသွားတာကို တွေ့ရပါတယ်။ ကမ္ဘာ့ ဈေးကွက်ခွဲဝေမှုမှာလည်း ၁၅.၂၀% ကနေ ၉.၈၀% အထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။

Apple ကတော့ ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၄၄.၄၀% နှုန်းအထိ ရယူနိုင်ခဲ့ပြီး ၂၀၁၉ခုနှစ် ဒုတိယသုံးလပတ်မှာတော့ ၄၆.၄၀% အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ Samsung ကလည်း ၂၀၁၈ ဒုတိယသုံးလပတ်တုန်းက ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၁၀.၅၀% ကိုသာရရှိခဲ့ပေမယ့် ၂၀၁၉ ဒုတိယသုံးလပတ်မှာတော့ ၁၅.၉၀% အထိ တိုးတက်ရယူနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

Ref: GSM Arena