[Zawgyi]

အခုအခ်ိန္မွာ လူအေတာ္မ်ားမ်ား ေစာင့္ေမွ်ာ္ေနၾကတာက Qualcomm က မိတ္ဆက္မယ့္ မ်ိဳးဆက္သစ္ Flagship SoC Snapdragon 865 ပဲ ျဖစ္မယ္ထင္ပါတယ္။ ဒါေပမယ့္ Qualcomm ရဲ႕ ထုတ္ကုန္ေတြထဲမွာ 865 လိုမ်ိဳး စိတ္ဝင္စားစရာေကာင္းတာေတြ ရွိေနပါေသးတယ္။

Chipmaker ႀကီးဟာ Snapdragon 730 နဲ႔ Snapdragon 730G တို႔လို ေဈးသင့္ၿပီး ဂိမ္းကိုအဓိကထားတဲ့ Chipset အမ်ိဳးအစားေတြ ထုတ္လုပ္ခဲ့သလိုပဲ 5G စမတ္ဖုန္းေတြအတြက္ ေဈးသင့္တဲ့ Chip ေတြလည္း ထုတ္လုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ Droidholic ရဲ႕ ေဖာ္ျပခ်က္အရ ထြက္လာမယ့္ Snapdragon 7xx series chip ဟာ Snapdragon 735 ျဖစ္မယ္လို႔ သိရပါတယ္။

ေကာလာဟလေတြကေတာ့ Snapdragon 735 ဟာ Adreno 620 GPU နဲ႔လာမွာျဖစ္ၿပီး 12GB of RAM နဲ႔ 60fps 4K video ကိုလည္း ေထာက္ပံ့ေပးႏိုင္မယ္လို႔ ဆိုပါတယ္။ ေနာက္တစ္ခ်က္က 5G ready ဆိုတာပါ။ ဒါေၾကာင့္ ဒီ Chipset ဟာ လာမယ့္ႏွစ္အတြင္း ထြက္လာမယ့္ Mid-range 5G စမတ္ဖုန္းအေတာ္မ်ားမ်ားမွာ ေနရာယူလာႏိုင္ပါတယ္။

Snapdragon 735 ဟာ 730 ေနရာမွာ ဆက္ခံမယ္လို႔လည္း ဆိုပါတယ္။ Snapdragon 735 ဟာ 8nm process ျဖစ္ၿပီး Adreno 618 နဲ႔ ျဖစ္ပါတယ္။ Qualcomm က 5G ေထာက္ပံ့ႏိုင္တဲ့ Mid-range series ေတြအျဖစ္ 7xx နဲ႔ 6xx chipset ေတြကို ယူေဆာင္လာမယ္လို႔ ေျပာခဲ့ဖူးတာေၾကာင့္ ေနာက္ထပ္သတင္းေတြ ထြက္ေပၚလာဖို႔ပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref: GSM Arena

[Unicode]

ဈေးနှုန်းသင့် 5G စမတ်ဖုန်းတွေရဲ့ အသည်းနှလုံး ဖြစ်လာဖွယ်ရှိတဲ့ Snapdragon 735

အခုအချိန်မှာ လူအတော်များများ စောင့်မျှော်နေကြတာက Qualcomm က မိတ်ဆက်မယ့် မျိုးဆက်သစ် Flagship SoC Snapdragon 865 ပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် Qualcomm ရဲ့ ထုတ်ကုန်တွေထဲမှာ 865 လိုမျိုး စိတ်ဝင်စားစရာကောင်းတာတွေ ရှိနေပါသေးတယ်။

Chipmaker ကြီးဟာ Snapdragon 730 နဲ့ Snapdragon 730G တို့လို ဈေးသင့်ပြီး ဂိမ်းကိုအဓိကထားတဲ့ Chipset အမျိုးအစားတွေ ထုတ်လုပ်ခဲ့သလိုပဲ 5G စမတ်ဖုန်းတွေအတွက် ဈေးသင့်တဲ့ Chip တွေလည်း ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ Droidholic ရဲ့ ဖော်ပြချက်အရ ထွက်လာမယ့် Snapdragon 7xx series chip ဟာ Snapdragon 735 ဖြစ်မယ်လို့ သိရပါတယ်။

ကောလာဟလတွေကတော့ Snapdragon 735 ဟာ Adreno 620 GPU နဲ့လာမှာဖြစ်ပြီး 12GB of RAM နဲ့ 60fps 4K video ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်က 5G ready ဆိုတာပါ။ ဒါကြောင့် ဒီ Chipset ဟာ လာမယ့်နှစ်အတွင်း ထွက်လာမယ့် Mid-range 5G စမတ်ဖုန်းအတော်များများမှာ နေရာယူလာနိုင်ပါတယ်။

Snapdragon 735 ဟာ 730 နေရာမှာ ဆက်ခံမယ်လို့လည်း ဆိုပါတယ်။ Snapdragon 735 ဟာ 8nm process ဖြစ်ပြီး Adreno 618 နဲ့ ဖြစ်ပါတယ်။ Qualcomm က 5G ထောက်ပံ့နိုင်တဲ့ Mid-range series တွေအဖြစ် 7xx နဲ့ 6xx chipset တွေကို ယူဆောင်လာမယ်လို့ ပြောခဲ့ဖူးတာကြောင့် နောက်ထပ်သတင်းတွေ ထွက်ပေါ်လာဖို့ပဲ စောင့်ကြည့်ရတော့မှာပါ။

Ref: GSM Arena