Qualcomm ဟာ အစောပိုင်းတုန်းက စီစဥ်ထားတဲ့အတိုင်းဆိုရင် Snapdragon 8 Gen1+ Chipset ကို ယခုလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Qualcomm ကနေ Snapdragon 8 Gen1+ Chipset ကို ယခုလအတွင်းမှာ မမိတ်ဆက်နိုင်တော့ပဲ အချိန်အနည်းငယ်ရွေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

ယခုသတင်းကို နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး မှန်ကန်နိုင်ခြေများနေပါတယ်။ အခုလိုမျိုး Qualcomm ကနေ မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းလိုက်ရတာကလည်း လက်ရှိ တရုတ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ Covid Pandemic အခြေအနေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံအစိုးရဟာ Covid ရောဂါကူးစက်မှုကို အလေးအနက်ထားပြီး ဆောင်ရွက်နေသလို မြို့နယ်တွေ၊ စက်ရုံတွေမှာ Lockdown တွေကိုလည်း ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီအတွက် Qualcomm အပါအဝင် တချို့သော နည်းပညာကုမ္ပဏီတွေလည်း အနည်းနဲ့အများ ထိခိုက်မှုတွေကို ကြုံတွေ့နေရပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၂ ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာတော့ Qualcomm Snapdragon 8 Gen1+ Chipset ကို မိတ်ဆက်သွားဖို့ သေချာနေပြီး လာမယ့် ၂၀၂၂ အတွင်းမှာ မိတ်ဆက်လာမယ့် Flagship ဖုန်းတွေမှာ စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 8 Gen1+ Chipset ဟာ Samsung အစား TSMC ကနေ ထုတ်ပေးသွားမှာဖြစ်ပြီး လက်ရှိ Snapdragon 8 Gen1 မှာ ကြုံတွေ့နေရတဲ့ Heat တက်တဲ့ ပြဿနာတွေကို ဖြေရှင်းထားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena