Qualcomm ဟာ သူ့ရဲ့ မျိုးဆက်သစ် Chipset တွေကို မျှော်လင့်ထားတာထက် ပိုစောပြီးမိတ်ဆက်လာဖွယ် ရှိပါတယ်။ အကြောင်းရင်းကတော့ တရုတ်နွေဦးပွဲတော်ကာလအတွင်း စီးပွားရှာကြမယ့် OEMs တွေအတွက် မော်ဒယ်သစ်တွေ ထုတ်ပေးရမှာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Snapdragon 8 Gen 2 ဟာ လာမယ့် နိုဝင်ဘာလမှာ ထွက်ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။

Weibo က Leaker တစ်ဦးဖော်ထုတ်ခဲ့တဲ့ အချက်အလက်အရ Snapdragon 8 Gen 2 ဟာ SM8550 ဖြစ်ပြီး 1+2+2+3 architecture ကို ခံယူထားတယ်လို့ သိနားလည်ထားရပါတယ်။ Cores အစုတစ်ခုစီမှာ Clock speeds 2.84Hz, 2.4GHz, 2.4GHz နဲ့ 1.8GHz တွေ ရှိကြမယ်လို့ သိရပါတယ်။ လက်ရှိ Chip မျိုးဆက်နဲ့ နှိုင်းယှဉ်ရင် CPU စွမ်းဆောင်ရည်ဟာ ၁၀% တိုးမြင့်လာတယ်လို့လည်း သိရပါတယ်။ Snapdragon 8 Gen 2 ဟာ ပိုကောင်းတဲ့ Power consumption လည်း ဖြစ်လာပါတယ်။

Snapdragon 8+ Gen 1 ဟာTSMC ရဲ့ 4nm process ကို အသုံးပြုထားပါတယ်။ Chipset ဟာ 1+3+4 three-cluster architecture ကို ခံယူထားတာလည်း ဖြစ်ပါတယ်။ Cortex X2 super-large Core တစ်ခု၊ A710 large cores ၃ ခုနဲ့ A510 small cores ၄ ခု တို့ကို အသုံးပြုထားတာပါ။ CPU ရဲ့ Main frequency က 3.2GHz ဖြစ်ပါတယ်။ ဒါကြောင့် Snapdragon 8 Gen 1 နဲ့ယှဉ်ရင် ပါဝါစားသုံးမှုနှုန်းက ၃၀% လျော့ကျသွားပါတယ်။ တစ်ချိန်တည်းမှာပဲ GPU ပါဝါသုံးစွဲမှုနှုန်းကလည်း ၃၀% အထိ လျှော့ကျနိုင်ပါတယ်။

ဒါကြောင့် Snapdragon 8 Gen 2 ဟာ Architecture ပြောင်းလဲမှုအပြင် GPU အသစ်ဖြစ်တဲ့ Adreno 740 ကိုလည်း ရလာမယ်လို့ ယုံကြည်ရပါတယ်။ ဒီ Chipset ဟာ 5G မှာ X70 5G baseband ပေါင်းစပ်တာကြောင့် 10Gbps download speed အမြင့်ဆုံးထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။ ဒါဟာ သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ Snapdragon 8 Gen 1 Plus နဲ့ မတူညီတော့တဲ့ ကွာခြားချက်လည်း ဖြစ်ပါတယ်။

Ref: Gizchina