Qualcomm ကနေ ၂၀၂၃ ခုနှစ်အတွက် Android Flagship ဖုန်းတွေအတွက် Snapdragon 8 Gen 2 Chipset အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Snapdragon 8 Gen 2 Chipset ဟာ ယခင် Snapdragon 8 Gen 1 နဲ့ယှဥ်ရင် တိုးတက်မှုတွေအများအပြားရှိလာမှာဖြစ်ပါတယ်။

Qualcomm ဟာ Snapdragon 8 Gen 2 Chipset အတွက် 4nm Architecture ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး အဓိကအနေနဲ့ Power Efficiency ပိုင်းကို ဦးစားပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် CPU Performance ပိုင်းမှာ ယခင်ထက် ၃၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာဖြစ်ပြီး Efficiency ပိုင်းမှာ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ Kryp Prime Core ဟာ အမြင့်ဆုံး 3.2GHz နဲ့ မောင်းနှင်မှာဖြစ်ပြီး 2.8GHz Performance Core ၄ လုံးအပြင် 2.0GHz Efficiency Core ၃ လုံးပါဝင်မှာဖြစ်ပါတယ်။ RAM ပိုင်းမှာလည်း LPDDR5X Memory ကို 4200MHz အထိ ထောက်ပံ့ပေးနိုင်ပြီး Storage ပိုင်းမှာလည်း UFS 4.0 Storage ကို ထောက်ပံ့ပေးနိုင်မှာပါ။

GPU Performance ပိုင်းမှာ ၂၅ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်မှာဖြစ်ပြီး GPU Power Efficiency ပိုင်းမှာ ၄၅ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာမှာပါ။ GPU ပိုင်းမှာ PC Graphic Card တွေလိုမျိုး Ray Tracing နည်းပညာတွေကိုပါ ထောက်ပံ့လာမှာဖြစ်ပါတယ်။

Snapdragon 8 Gen 2 Chipset ဟာ QHD+ Display တွေကို 144Hz Refresh Rate အထိထောက်ပံ့ပေးနိုင်မယ်လို့ သိရပြီး 4K 60Hz External Display ကိုပါ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် AV1 Video Decoding ကို ထောက်ပံ့ပေးနိုင်ပြီး 8K 60fps HDR Video တွေအထိ Stream ပြုလုပ်နိုင်မှာဖြစ်ပါတယ်။​

Camera ပိုင်းမှာတော့ 200MP Camera Sensor တွေကို ထောက်ပံ့ပေးမှာဖြစ်ပြီး 108MP Camera Sensor သို့မဟုတ် 36MP Camera Sensor ၃ ခုအထိကို Zero Shutter Lag နဲ့ ထောက်ပံ့ပေးနိုင်ဦးမှာပါ။​ Video Recording ပိုင်းမှာလည်း 4K 120fps အထိ ထောက်ပံ့နိုင်ပြီး HDR10+ ၊​ HLG နဲ့ Dolby Vision တွေကိုလည်း Support ပြုလုပ်မှာပါ။​

ဒါ့အပြင် Snapdragon X70 Modem ပါဝင်ပြီး 5G ကို အမြင့်ဆုံး 10Gbps. အထိထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Dual 5G SIM Card ကိုပါ အသုံးပြုနိုင်မှာဖြစ်သလို Bluetooth 5.3 ၊​ Lossless Audio ထောက်ပံ့ပေးနိုင်တဲ့ Snapdragon Sound System ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Wi-Fi 7 Standard အသစ်ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်တဲ့အတွက် သိသိသာသာမြန်ဆန်သွားမှာပါ။​

Qualcomm Snapdragon 8 Gen 2 Chipset ကို စမတ်ဖုန်းကုမ္ပဏီအများအပြားက အသုံးပြုလာမှာဖြစ်ပြီး အစောဆုံးယခုနှစ်မကုန်ခင်မှာ တွေ့ရှိရဖွယ်ရှိနေပါတယ်။

Ref – GSM Arena