Digital Chat Station က Xiaomi ဟာ Snapdragon 8 Plus Gen 1 Chipset ပါတဲ့ တက်ဘလက် ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းပေးလာပါတယ်။ သူက တက်ဘလက် အမည်ကို မပြောပေမယ့် Xiaomi Pad 6 Series ဖြစ်နိုင်ပါတယ်။

Masterpiece” Xiaomi Pad 6 and Pad 6 Pro revealed the price, iPad Pro “beware”

Digital Chat Station က Xiaomi Pad 6 Series ရဲ့ သတင်းတွေကို အရင်ကလည်း မျှဝေခဲ့ဖူးပါတယ်။ သူက Xiaomi Pad 6 Series ထဲက မော်ဒယ် ၁ ခုမှာ ၁၄ လက်မ မျက်နှာပြင် တပ်ဆင်ထားမယ်လို့ ဇွန်လတုန်းက သတင်းပေးခဲ့ပါတယ်။

၁၄ လက်မ Xiaomi Pad 6 Series ဟာ Samsung Galaxy Tab S8 Ultra နဲ့ iPad Pro 2022 တို့ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်ကို Xiaomi Pad 6 Pro / Ultra လို့ အမည်ပေးထားနိုင်ပါတယ်။ အရင်က ထွက်ခဲ့တဲ့ သတင်းအရ အဲဒီ မော်ဒယ်မှာ Dimensity 9000 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။

Xiaomi Pad 6 Series မှာ Snapdragon 8 Gen 1 မော်ဒယ် ပါလာနိုင် – MyTech Myanmar

Xiaomi Pad 6 Series မှာ အနည်းဆုံး မော်ဒယ် ၃ လုံး ပါလာနိုင်ပြီး 144Hz LTPO OLD မျက်နှာပြင်နဲ့ 120W Fast Charging ထည့်သွင်းထားနိုင်ပါတယ်။ နောက်ဆုံးထုတ် Android 13 OS မောင်းနှင်ထားနိုင်ပါတယ်။

Xiaomi က ဒီနှစ် နိုဝင်ဘာလကုန်မှာ Snapdragon 8 Gen 2 Chipset ပါတဲ့ Xiaomi 13 Series ကို ကြေညာနိုင်ပါတယ်။ အဲဒီပွဲမှာ Snapdragon 8 Plus Gen 1 Chipset ပါတဲ့ တက်ဘလက်ကိုပါ ချပြနိုင်ပါတယ်။

Ref : gizmochina