[Zawgyi]


 


 



Source: GsmArena

 

[Unicode]

Snapdragon 8150 ဆိုတာကို ကမ္ဘာ့ပထမဆုံး ကွေးခေါက်နိုင်တဲ့ဖုန်းမှာ တွေ့မြင်ခဲ့ရပြီးပါပြီ။ အခုတော့ သူ့ရဲ့ Benchmark ရလဒ်တွေ Geekbench မှာ ပေါ်လာခဲ့ပါပြီ။

 

ဒီ 8150 chip မှာလည်း Kryo Core မျိုးဆက်သစ်တွေကို အသုံးပြုထားပါတယ်။ ဒီတစ်ခေါက်မှာတော့ ခါတိုင်းလို 4+4 Core မဟုတ်ဘဲ 2+2+4 Core ဆိုပြီးလာတယ်လို့ ဆိုထားပါတယ်။ သူနဲ့အပြိုင် 7nm Kirin 980 ကတော့ ဈေးကွက်ကိုရောက်နှင့်နေပြီဖြစ်ပြီး ခုနက 8150 လိုမျိုး ၃ပိုင်းခွဲထားပါတယ်။ Performance Core ၂ခု၊ Speed အတွက် Core ၂ခုနဲ့ ပေါ့ပေါ့ပါးပါး Task လေးတွေအတွက် Core ၄ ခု စုစုပေါင်း 8-Core ရှိမှာပါ။

 

ဒီတစ်ခေါက် 8150 မှာတော့ အရင် Snapdragon 845 ထက် စွမ်းဆောင်ရည် နည်းနည်းပိုကောင်းလာပါတယ်။ ဒါပေမယ့်လည်း Single Core Performance မှာ Mate 20 Pro တွေရဲ့ အောက်မှာပဲ ရှိနေပြီး Multi-Core မှာလည်း Apple A12 တွေကို မကျော်နိုင်ပါဘူး။ အားလုံးထဲကမှ Apple A12 chip ရဲ့ Single Core အမှန်ကြီးက ကြောက်စရာတောင် ကောင်းနေပါတယ်။

Geekbench ရလဒ်တွေထွက်တာစောနေသေးတယ်လို့လည်း ပြောလို့ရသလို ဒါက တကယ်သုံးလာမယ့် Clock Speed ပမာဏဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ Snapdragon Chipset တွေမှာ အကောင်းဆုံးအပိုင်းက သူ့ရဲ့ Adreno GPU တွေဖြစ်ပြီး တကယ့် နောက်ဆုံးရလဒ်အစစ်တွေလား မသေချာမရေရာသေးတဲ့အမှတ်တွေ ဖြစ်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ…

Source: GsmArena