[Zawgyi]

ျပီးခဲ့တဲ့လက တရုတ္ႏုိင္ငံမွာ က်င္းပခဲ့တဲ့ Lenovo Z5 ဖုန္း မိတ္ဆက္ပြဲမွာ ေနာက္ထပ္ စမတ္ဖုန္းတစ္မ်ိဳးကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ အဲဒီစမတ္ဖုန္းေလးကေတာ့ Qualcomm ကေန ေနာက္ဆံုးထုတ္ထားတဲ့ Snapdragon 855 Octa-Core Processor နဲ႔ မိတ္ဆက္လိုက္တဲ့ Lenovo Z5 Pro GT ေလးပါပဲ။

မႏွစ္က ႏုိဝင္ဘာလတုန္းက မိတ္ဆက္ခဲ့တဲ့ Lenovo Z5 Pro နဲ႔ ယွဥ္လိုက္ရင္ Chipset, RAM, Storage ပမာဏကလြဲရင္ က်န္တာက အကုန္တူတူပါပဲ။ အဲတုန္းကတည္းက Specs ေတြ ပါလာမယ့္ Features ေတြ ေစ်းႏႈန္းေတြ ထြက္မယ့္ရက္ေတြကို ေဖာ္ျပခဲ့ျပီးသားပါ။ အခုေတာ့ Geekbench မွာ အဲဒီဖုန္းေလးရဲ႕ Benchmark ရလဒ္ေတြ ေပၚလာပါျပီ။

Geekbench မွာ Lenovo L78032 ဆိုတဲ့ ေမာ္ဒယ္လ္နံပါတ္နဲ႔ Lenovo Z5 Pro GT ေလးကေတာ့ Snapdragon 855 SoC, RAM 6GB နဲ႔ အမွတ္ေတြ ထြက္လာခဲ့ပါျပီ။ Single Core ရမွတ္မွာ 3,284 မွတ္နဲ႔ Multi-Core Test မွာ 10,237 မွတ္ေတာင္ ရထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရမွတ္က Prototype အေနနဲ႔ ေပးထားတဲ့ဖုန္းရဲ႕ ရမွတ္သာျဖစ္တာမို႔ တကယ့္ထြက္လာတဲ့ဖုန္းရဲ႕ ရမွတ္နဲ႔လည္း ကြာျခားရင္ ကြာျခားႏုိင္ပါတယ္။

မိတ္ဆက္ပြဲတုန္းကလည္း AnTuTu Benchmark စာရင္းမွာ SD 855 နဲ႔ Lenovo Z5 Pro ေလးက 368,480 မွတ္နဲ႔ ဦးေဆာင္ေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ရမွတ္အရေတာ့ Z5 Pro GT ေလးက Apple A12 Chipset သံုး iPhone ေတြ Snapdragon 845 သံုး Android ဖုန္းေတြနဲ႔ Kirin 980 သံုး Huawei ဖုန္းေတြထက္ကို ရမွတ္အမ်ားဆံုးနဲ႔ ထိပ္ဆုံးက ဦးေဆာင္ခဲ့ဖူးပါတယ္။

Snapdragon 855 ကိုသံုးမယ္ဆိုတာ ျဖစ္ႏုိင္ေပမယ့္ ဖုန္းတစ္လံုးမွာ RAM ပမာဏ 12GB ထိဆိုတာ ၾကားေတာင္မၾကားဖူးတဲ့ ပမာဏပါ။ တကယ္လည္း မလိုအပ္ဘူးလို႔ေတာ့ ထင္ေပမယ့္ သူကေတာ့ RAM 12GB, Storage 512GB နဲ႔ လာမွာပါပဲ။

ကင္မရာကေတာ့ ေက်ာဘက္မွာ Sony IMX576 24MP Sensor+ Sony IMX519 16MP Sensor ေတြကို သံုးထားပါတယ္။ ေရွ႕ဘက္မွာေတာ့ 16MP+8MP Selfie Camera ကို သံုးေပးထားပါတယ္။

Base Model ကေတာ့ RAM 6GB, Storage 64GB ကို ယြမ္ 2,698(~$391, ျမန္မာေငြ ၆သိန္းဝန္းက်င္), RAM6GB+128GB ကို 2,998 ယြမ္္(~$435, ျမန္မာေငြ 6သိနး္ခြဲေက်ာ္) RAM 8GB+ 18GB Model ကို 3,998 ယြမ္ (~579, ျမန္မာေငြ ၉သိန္းနီးပါး) ေလာက္ရိွမွာ ျဖစ္ျပီး ေနာက္ဆံုး RAM 12GB + Storage 512GB ေမာ္ဒယ္လ္ကိုေတာ့ 4,398 ယြမ္ (~$638, ျမန္မာေငြ ၁၀သိန္း နီးနီး) ေလာက္နဲ႔ ထြက္ရိွလာမွာျဖစ္ျပီး အခုလာမယ့္ ဇန္နဝါရီလ ၂၄ရက္ေန႔က်ရင္ေတာ့ တရုတ္ႏုိင္ငံမွာ တရားဝင္ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

Source: GizmoChina

[Unicode]

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Lenovo Z5 ဖုန်း မိတ်ဆက်ပွဲမှာ နောက်ထပ် စမတ်ဖုန်းတစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီစမတ်ဖုန်းလေးကတော့ Qualcomm ကနေ နောက်ဆုံးထုတ်ထားတဲ့ Snapdragon 855 Octa-Core Processor နဲ့ မိတ်ဆက်လိုက်တဲ့ Lenovo Z5 Pro GT လေးပါပဲ။

မနှစ်က နိုဝင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Lenovo Z5 Pro နဲ့ ယှဉ်လိုက်ရင် Chipset, RAM, Storage ပမာဏကလွဲရင် ကျန်တာက အကုန်တူတူပါပဲ။ အဲတုန်းကတည်းက Specs တွေ ပါလာမယ့် Features တွေ ဈေးနှုန်းတွေ ထွက်မယ့်ရက်တွေကို ဖော်ပြခဲ့ပြီးသားပါ။ အခုတော့ Geekbench မှာ အဲဒီဖုန်းလေးရဲ့ Benchmark ရလဒ်တွေ ပေါ်လာပါပြီ။

Geekbench မှာ Lenovo L78032 ဆိုတဲ့ မော်ဒယ်လ်နံပါတ်နဲ့ Lenovo Z5 Pro GT လေးကတော့ Snapdragon 855 SoC, RAM 6GB နဲ့ အမှတ်တွေ ထွက်လာခဲ့ပါပြီ။ Single Core ရမှတ်မှာ 3,284 မှတ်နဲ့ Multi-core Test မှာ 10,237 မှတ်တောင် ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရမှတ်က Prototype အနေနဲ့ ပေးထားတဲ့ဖုန်းရဲ့ ရမှတ်သာဖြစ်တာမို့ တကယ့်ထွက်လာတဲ့ဖုန်းရဲ့ ရမှတ်နဲ့လည်း ကွာခြားရင် ကွာခြားနိုင်ပါတယ်။

မိတ်ဆက်ပွဲတုန်းကလည်း AnTuTu Benchmark စာရင်းမှာ SD 855 နဲ့ Lenovo Z5 Pro လေးက 368,480 မှတ်နဲ့ ဦးဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။ ရမှတ်အရတော့ Z5 Pro GT လေးက Apple A12 Chipset သုံး iPhone တွေ Snapdragon 845 သုံး Android ဖုန်းတွေနဲ့ Kirin 980 သုံး Huawei ဖုန်းတွေထက်ကို ရမှတ်အများဆုံးနဲ့ ထိပ်ဆုံးက ဦးဆောင်ခဲ့ဖူးပါတယ်။

Snapdragon 855 ကိုသုံးမယ်ဆိုတာ ဖြစ်နိုင်ပေမယ့် ဖုန်းတစ်လုံးမှာ RAM ပမာဏ 12GB ထိဆိုတာ ကြားတောင်မကြားဖူးတဲ့ ပမာဏပါ။ တကယ်လည်း မလိုအပ်ဘူးလို့တော့ ထင်ပေမယ့် သူကတော့ RAM 12GB, Storage 512GB နဲ့ လာမှာပါပဲ။

ကင်မရာကတော့ ကျောဘက်မှာ Sony IMX576 24MP Sensor+ Sony IMX519 16MP Sensor တွေကို သုံးထားပါတယ်။ ရှေ့ဘက်မှာတော့ 16MP+8MP Selfie Camera ကို သုံးပေးထားပါတယ်။

Base Model ကတော့ RAM 6GB, Storage 64GB ကို ယွမ် 2,698(~$391, မြန်မာငွေ ၆သိန်းဝန်းကျင်), RAM6GB+128GB ကို 2,998 ယွမ်(~$435, မြန်မာငွေ 6သိန်းခွဲကျော်) RAM 8GB+ 18GB Model ကို 3,998 ယွမ် (~579, မြန်မာငွေ ၉သိန်းနီးပါး) လောက်ရှိမှာ ဖြစ်ပြီး နောက်ဆုံး RAM 12GB + Storage 512GB မော်ဒယ်လ်ကိုတော့ 4,398 ယွမ် (~$638, မြန်မာငွေ ၁၀သိန်း နီးနီး) လောက်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး အခုလာမယ့် ဇန်နဝါရီလ ၂၄ရက်နေ့ကျရင်တော့ တရုတ်နိုင်ငံမှာ တရားဝင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

Source: GizmoChina