[Zawgyi]

ေခတ္သစ္ စမတ္ဖုန္းေလာကမွာ ဖြံ႕ၿဖိဳးႀကီးထြားမႈျမန္ဆန္တဲ့ အမွတ္တံဆိတ္ေတြထဲက တစ္ခုကိုျပပါဆိုရင္ Realme ကို ခ်န္ထားလို႔မရပါဘူး။ Price to Performance မွာ အမွတ္ျပည့္မဟုတ္ေပမယ့္ ဂုဏ္ထူးမွတ္ရႏိုင္တဲ့ ဒီအမွတ္တံဆိပ္ဟာ Snapdragon 855 နဲ႔ ထုတ္ကုန္သစ္ထြက္လာဦးမွာပါ။

ဒီအေၾကာင္းက အေစာပိုင္းေဖာ္ျပမႈေတြမွာ ခိုင္လုံတဲ့ အေထာက္အထား မရွိခဲ့တာေၾကာင့္ ေကာလာဟလ ျဖစ္ခဲ့ေပမယ့္ အခုေတာ့ တရားဝင္အသိအမွတ္ျပဳမႈနဲ႔အတူ ေတြ႕ျမင္ႏိုင္ၿပီ ျဖစ္ပါတယ္။ Realme ရဲ႕ Flagship ျဖစ္လာႏိုင္တဲ့ ဒီ Snapdragon 855 နဲ႔ Device ကို (SIG) Bluetooth Special Interest Group မွာ Certification ရထားတာျဖစ္ပါတယ္။

Realme RMX1931 ေမာ္ဒယ္ဟာ 6.55-inch FHD+ resolution မ်က္ႏွာျပင္နဲ႔ျဖစ္ပါတယ္။ 2.842GHz Qualcomm eight core processor သုံးထားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ဘက္ထရီပမာဏမွာေတာ့ 1,950 mAh ပမာဏပဲ ေဖာ္ျပထားပါတယ္။ (မွားယြင္းေဖာ္ျပမႈလည္း ျဖစ္ႏိုင္ပါတယ္) Bluetooth 5.0 ေထာက္ပံ့ေပးထားတယ္လို႔လည္း ေဖာ္ျပထားပါေသးတယ္။ ColorOS 6.1 ေမာင္းႏွင္ထားတာကိုလည္း ေတြ႕ရပါတယ္။

ဆက္စပ္သတင္းအျဖစ္ ေမာ္ဒယ္နံပါတ္ RMX1993 နဲ႔ Device ကို Wi-Fi Alliance မွာ Certified ရထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒီ Device ကေတာ့ Android 9 Pie ေမာင္းႏွင္ထားတာျဖစ္ၿပီး Dual-band Wi-Fi လည္း သုံးႏိုင္မွာ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ကေတာ့ Realme X2 ရဲ႕ နံပါတ္ျဖစ္တဲ့ (RMX1991) နဲ႔ နီးစပ္တာကိုလည္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာေဈးကြက္အတြက္ ရည္႐ြယ္ထားတဲ့ အမ်ိဳးအစားလည္း ျဖစ္ႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

Snapdragon 855 နဲ့ Realme Device ကို Bluetooth Certification ပေးထားကြောင်းတွေ့ရ

ခေတ်သစ် စမတ်ဖုန်းလောကမှာ ဖွံ့ဖြိုးကြီးထွားမှုမြန်ဆန်တဲ့ အမှတ်တံဆိတ်တွေထဲက တစ်ခုကိုပြပါဆိုရင် Realme ကို ချန်ထားလို့မရပါဘူး။ Price to Performance မှာ အမှတ်ပြည့်မဟုတ်ပေမယ့် ဂုဏ်ထူးမှတ်ရနိုင်တဲ့ ဒီအမှတ်တံဆိပ်ဟာ Snapdragon 855 နဲ့ ထုတ်ကုန်သစ်ထွက်လာဦးမှာပါ။

ဒီအကြောင်းက အစောပိုင်းဖော်ပြမှုတွေမှာ ခိုင်လုံတဲ့ အထောက်အထား မရှိခဲ့တာကြောင့် ကောလာဟလ ဖြစ်ခဲ့ပေမယ့် အခုတော့ တရားဝင်အသိအမှတ်ပြုမှုနဲ့အတူ တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။ Realme ရဲ့ Flagship ဖြစ်လာနိုင်တဲ့ ဒီ Snapdragon 855 နဲ့ Device ကို (SIG) Bluetooth Special Interest Group မှာ Certification ရထားတာဖြစ်ပါတယ်။

Realme RMX1931 မော်ဒယ်ဟာ 6.55-inch FHD+ resolution မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ 2.842GHz Qualcomm eight core processor သုံးထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဘက်ထရီပမာဏမှာတော့ 1,950 mAh ပမာဏပဲ ဖော်ပြထားပါတယ်။ (မှားယွင်းဖော်ပြမှုလည်း ဖြစ်နိုင်ပါတယ်) Bluetooth 5.0 ထောက်ပံ့ပေးထားတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ ColorOS 6.1 မောင်းနှင်ထားတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းအဖြစ် မော်ဒယ်နံပါတ် RMX1993 နဲ့ Device ကို Wi-Fi Alliance မှာ Certified ရထားတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီ Device ကတော့ Android 9 Pie မောင်းနှင်ထားတာဖြစ်ပြီး Dual-band Wi-Fi လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်ကတော့ Realme X2 ရဲ့ နံပါတ်ဖြစ်တဲ့ (RMX1991) နဲ့ နီးစပ်တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ အမျိုးအစားလည်း ဖြစ်နိုင်ပါတယ်။

Ref: GSM Arena