[Unicode]

Qualcomm က စမတ်ဖုန်းတွေအတွက် နောက်မျိုးဆက် စွမ်းရည်မြင့် Snapdragon 865 Chipset ကို Snapdragon Tech Summit 2019 မှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် Snapdragon 765 နဲ့ Snapdragon 765G တွေကိုပါ ချပြခဲ့ပါတယ်။ 865 ကို စွမ်းရည်မြင့် ဖုန်းတွေနဲ့ 765/765G တို့ကို စွမ်းရည်သင့် ဖုန်းတွေအတွက် ဖန်တီးထားတာပါ။

865 မှာ 5G Modem ပါမယ်လို့ ထင်ခဲ့ကြပေမယ့် မပါလာပါဘူး။ ဖုန်း ထုတ်လုပ်သူတွေက 865 နဲ့အတူ Snapdragon X55 5G Modem ကိုပါ ဝယ်ယူရမှာပါ။ 865 မှာ 4G Modem ထည့်ပြီး 4G ဖုန်း ဖန်တီးလို့ မရပါဘူး။ 865 ဟာ 200MP ကင်မရာနဲ့ 30fps 8K Video Recording တွေ အထိ ထောက်ပံ့ပါတယ်။ 765/765G တွေမှာတော့ 5G Modem ပါပါတယ်။ အနည်းငယ် ပိုနှေးတဲ့ Snapdragon X52 5G Modem ဖြစ်ပြီး ဒေါင်းလုပ် အမြန်နှုန်က 3.7Gbits/s အထိ ရှိပါတယ်။

Xiaomi နဲ့ OPPO တို့က 865 ပါတဲ့ ဖုန်းတွေကို လာမယ့်နှစ် ပထမ ၃ လအတွင်းမှာ ရောင်းမယ်လို့ ကြေညာထားပါတယ်။ Xiaomi က Mi 10 ဟာ 865 ပါတဲ့ ပထမဆုံး ဖုန်းတွေထဲက ၁ လုံးဖြစ်မယ်လို့ အတည်ပြုထားပါတယ်။ Motorola ကလည်း လာမယ့်နှစ်မှာ စွမ်းရည်မြင့် ဖုန်းတွေ ချပြမယ်လို့ ပြောထားပြီး 865 ပါတဲ့ အလန်းစား ဖုန်း ပါလာမှာပါ။

Redmi K30 နဲ့ OPPO Reno 3 တို့ဟာ 765 5G ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။ HMD Global, LG, Motorola, OPPO, Realme, Redmi နဲ့ Vivo တို့ကလည်း လာမယ့်နှစ်မှာ 765 ပါတဲ့ 5G ဖုန်းတွေ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ Qualcomm က 865 , 765 နဲ့ 765 5G Chipset တွေရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။

Ref : gizmochina

[Zawgyi]

Qualcomm က စွမ်းရည်မြင့် Snapdragon 865 Chipset ကို ကြေညာ





Ref : gizmochina