Qualcomm ကနေ ယခုနှစ် Flagship စမတ်ဖုန်းတွေအတွက် Snapdragon 865 Chipset ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Qualcomm ကနေ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 865+ Chipset အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Qualcomm Snapdragon 865+ Chipset ဟာ လက်ရှိ Mobile Device တွေထဲမှာ ပထမဆုံးအနေနဲ့ Clock Speed 3GHz ကို ကျော်လွန်ခဲ့တဲ့ Chipset တစ်ခုဖြစ်ပြီး အမြင့်ဆုံး 3.1GHz အထိရှိမယ်လို့ သိရပါတယ်။ ဒါက မနှစ်တုန်းက 2.96GHz အထိပဲ အမြင့်ဆုံးရောက်ရှိခဲ့တဲ့ Snapdragon 855+ Chipset နဲ့ ယှဥ်မယ်ဆိုရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

Qualcomm ရဲ့ ပြောကြားချက်အရတော့ Snapragon 865+ ဟာ 144Hz Display တွေကို Support ပေးနိုင်သလို အဆိုပါ Frame Rate တွေကိုလည်း Game တွေမှာ Support ပေးနိုင်စွမ်းအနေနဲ့ ၁၀ ရာခိုင်နှုန်းပိုမိုများပြားလာတယ်လို့သိရပါတယ်။ အဲ့ဒီအတွက် CPU ပိုင်းတင်မဟုတ်ဘဲ GPU ပိုင်းမှာပါ ၁၀ ရာခိုင်နှုန်းခန့် ပိုစွမ်းဆောင်နိုင်မှာပါ။

နောက်ထပ် Hardware ပိုင်းပြောင်းလဲမှုတစ်ခုကတော့ FastConnect 6900 ကို ပြောင်းလဲအသုံးပြုလိုက်တာဖြစ်ပြီး Latency 3ms အောက်နဲ့ 3.2Gbps Speed အထိရရှိနိုင်တဲ့ 6GHz Wi-Fi 6E ကို Support ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ကျန်တဲ့ ISP နဲ့ DSP တွေကတော့ Snapdragon 865 မှာ အသုံးပြုထားတဲ့တူညီမှာဖြစ်ပြီး AI Control ပါဝင်တဲ့ Quick Charge 4.0+ လည်းပါဝင်လာမှာပါ။

Qualcomm Snapdragon 865+ Chipset ကို ဇူလိုင်လ ၂၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားဖို့ရှိနေတဲ့ ASUS ROG Phone 3 မှာ အစောဆုံးအသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Lenovo Legion Gaming Phone နဲ့ Samsung Galaxy Note 20 Series ဖုန်းတွေမှာ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena