Snapdragon 875 chipset ရဲ့ ကုဒ်နာမည်ဟာ “Lahaina” ဖြစ်ပါတယ်။ အစောပိုင်းထွက်လာတဲ့ အခြေခံစံနှုန်း Benchmark အရ ရမှတ်ဟာ 847,000 ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီ Chipset ဟာ မျှော်လင့်ထားတာထက် သိသိသာသာ မြန်ဆန်နိုင်ပါတယ်။

ရမှတ်အားဖြင့် Snapdragon 875 chipset ဟာ လက်ရှိအချိန်မှာ ရမှတ်ပေါင်း 663,000 မှတ်နဲ့ ဇယားကိုဦးဆောင်နေတဲ့ သူ့ရှေ့ကမျိုးဆက်ထက် အပြတ်အသတ်သာလွန်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါဟာ နှစ်အလိုက်မြင့်တက်မှုရာခိုင်နှုန်းမှာ ၂၅% အထိ ခုန်တက်သွားတာလည်း ဖြစ်ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် iPhone 12 ဟာ ရမှတ်ပေါင်း 565,000 မှတ် ရရှိထားပါတယ်။ Kirin 9000 နဲ့ Exynos 1080 တို့ကတော့ ရမှတ်ပေါင်း 696,000 နဲ့ 693,000 စီ အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ လက်ရှိ Snapdragon 865 ဖုန်းတွေအနေနဲ့ ဇယားထိပ်ပိုင်းအတွက် လုံလောက်တဲ့ အခြေအနေရှိပေမယ့် အခုတော့ Snapdragon 875 ရဲ့ ရလဒ်ကို စိန်ခေါ်ဖို့မဆိုထားနဲ့ အနားတောင်ကပ်နိုင်ဖွယ်မရှိတဲ့အခြေအနေ ဖြစ်ရပါတယ်။

RAM နဲ့ Storage configurations ကလည်း နောက်ဆုံးရလဒ်ကိုဖော်ဆောင်တဲ့နေရာမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တယ်လို့ AnTuTu က ရှင်းပြထားပါတယ်။ ဒီတော့ စွမ်းဆောင်ရည်မြင့် UFS 3.1 storage ဟာ Non-plus chipset တွေ လိုအပ်နေတဲ့ Minor clock speed ကို ပြန်ထေမိစေမယ်လို့ ဆိုနိုင်ပါတယ်။

အခြားပို့စ်တစ်ခုမှာတော့ OPPO ဟာ 865 overclocked version ကို စမ်းသပ်နေပြီး 3.2GHz ရှိတယ်လို့ ရည်ညွှန်းထားပါတယ်။ 865+ ရဲ့ Prime core ဟာ 3.09GHz clocked မြန်နှုန်းနဲ့အလုပ်လုပ်တာ ဖြစ်ပါတယ်။ Qualcomm အနေနဲ့ Snapdragon 875 ကိုတရားဝင်ပွဲထုတ်လာတဲ့အချိန်မှာ Benchmark ရလဒ်အစစ်အမှန်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena