Samsung ဟာ လာမယ့် ဇန်နဝါရီလထဲမှာ Galaxy S21 lineup ကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဈေးကွက်ပေါ်မူတည်ပြီးတော့ Snapdragon 875 ဒါမှမဟုတ် Exynos 2100 chipset တွေနဲ့ ထုတ်လုပ်လာမယ်လို့ ယုံကြည်ရပါတယ်။

လက်ရှိအချိန်မှာတော့ Qualcomm ရဲ့ ပလက်ဖောင်းနဲ့အမျိုးအစားကို Geekbench မှာတွေ့မြင်ရပါပြီ။ Multi-Core ရမှတ်ဟာ 3,319 မှတ်ဖြစ်ပြီး Single-Core ရမှတ်ကတော့ 1,120 မှတ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် Leaker တွေကတော့ ဒီရမှတ်တွေဟာ လုံလောက်တဲ့ရလဒ်မဟုတ်ဘဲ၊ Exynos 2100 ဗားရှင်းရဲ့ရမှတ်ဟာ 4,000 နီးပါးရှိတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ Snapdragon နဲ့ Galaxy S အမျိုးအစားတွေဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန်လို ဈေးကွက်ကြီးတွေမှာရရှိပြီး၊ Exynos အမျိုးအစားသုံးသူတွေကတော့ မျက်နှာငယ်ခဲ့ရပါတယ်။ ဒါပေမယ့် နာမည်ကျော် Leakster Ice Universe ရဲ့ အဆိုအရ အခုအချိန်မှာ Exynos 2100 ရဲ့ CPU outperforming ဟာ Snapdragon 875 ရဲ့ processor ကို ကျော်လွန်နေပြီလို့ သိရပါတယ်။

ဒီ Chipset နှစ်ခုဟာ CPU architecture ချင်း ထပ်တူဖြစ်ပေမယ့် Prime X1 core ဟာ Exynos 2100 မှာ 2.91GHz ရောက်ပေမယ့် SD875 မှာတော့ 2.84GHz ပဲ ဖြစ်ပါတယ်။ Cortex-A78 unit သုံးခုကလည်း 2.81GHz vs 2.42 GHz ဆိုပြီး ကွာခြားချက်ရှိနေတာပါ။ Power-efficient Cortex-A55 cores လေးခုကလည်း Exynos မှာ 2.21 GHz ဖြစ်ပေမယ့် SD875 မှာတော့ 1.8GHz ပဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Exynos ဗားရှင်းက အတော်လေးရလဒ်ကောင်းမွန်နေမယ်ဆိုတာကို ခန့်မှန်းလို့ရပါပြီ။ ဒါပေမယ့် တရားဝင်ထွက်ပေါ်လာတဲ့ Device တွေကို လက်တွေ့စမ်းသပ်ထားတာမဟုတ်တဲ့အတွက် ရလဒ်မှန်၊ အဖြေမှန်အတွက် ဆက်ပြီးစောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina