Twitter မှာလည်း ရံဖန်ရံခါတွေ့ရတတ်ပြီး၊ Weibo ပေါ်က စိတ်ချယုံကြည်ရတယ်လို့ အသိအမှတ်ပြုခံထားရတဲ့ Tipster တစ်ဦးဟာ လာမဲ့ Flagship SoC တွေအကြောင်းကို သယ်ဆောင်လာပါတယ်။ Qualcomm နဲ့ MediaTek တို့ဟာ မကြာခင်မှာ သူတို့ရဲ့အမှတ်တံဆိပ်အောက်ကနေ စွမ်းဆောင်ရည်မြင့် SoC တွေကို ပွဲထုတ်လာတော့မှာပဲ ဖြစ်ပါတယ်။

ဒီ SoC နှစ်ခုနဲ့ပတ်သက်တဲ့ အချက်အလက်အချို့က ပေါက်ကြားသတင်းတွေမှာ တွေ့မြင်ရပြီးဖြစ်ပေမဲ့ အခုတစ်ကြိမ်ကတော့ ပိုပြီးပြည့်ပြည့်စုံစုံသိလာရပါပြီ။ Qualcomm ရဲ့ လာမဲ့ Flagship SoC သစ်က Snapdragon 898 ဖြစ်ပါတယ်။ Dimensity 2000 ကတော့ MediaTek ရဲ့ လာမဲ့စွမ်းရည်မြင့် SoC သစ်ပဲ ဖြစ်ပါတယ်။

Snapdragon 898 က 4nm manufacturing process ကို အသုံးပြုမှာဖြစ်ပါတယ်။ SoC ဟာ Octa-core CPU နဲ့ဖြစ်ပြီး 3.0GHz မြန်နှုန်းရှိတဲ့ Cortex-X2 အခြေခံ နဲ့ ဖြစ်ပါတယ်။ 3x Cortex A710 Based performance cores တွေကတော့ မြန်နှုန်း 2.5Ghz ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Energy-efficient Cortex A510-based cores တွေက Clocked speed 1.79GHz ဖြစ်ပါတယ်။ Adreno 730 GPU ကတော့ ဂရပ်ဖစ်ပိုင်းဆိုင်ရာတာဝန်ယူမှုကို ထမ်းဆောင်ပါလိမ့်မယ်။

Dimensity 2000 ဟာ Identical configuration ပါဝင်မှာဖြစ်ပေမဲ့ Performance cores သုံးခုနဲ့ Cluster ဟာ 2.85GHz မှာရှိမယ်လို့ ဆိုပါတယ်။ ဒါကြောင့် Snapdragon 898 ထက် ပိုမြင့်နေမယ်လို့ ယူဆနိုင်ပါတယ်။ GPU ကတော့ Mali-G710 MC10 လို့ ကောလာဟလထွက်ထားပါတယ်။ MediaTek ရဲ့ Flagship silicon ဟာ TSMC ရဲ့ 4nm manufacturing process ပေါ်မှာ အခြေခံမှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena