Snapdragon 898 Chipset ရဲ့ သတင်းများစွာထွက်နေပြီး Qualcomm ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် Chipset ကို ဒီနှစ်ထဲမှာ ကြေညာမယ်လို့ အရင်က သိခဲ့ရပါတယ်။ အခုတော့ နာမည်ကျော် တရုတ် Tipster ဖြစ်တဲ့ DigitalChatStation က Snapdragon 898 Chipset ကို နိုဝင်ဘာလကုန်မှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။
DigitalChatStation က Qualcomm ဟာ Snapdragon 898 Chipset ကို ဒီလကုန်မှာ မိတ်ဆက်မှာ ဖြစ်ပြီး အဲဒီ Chipset ပါတဲ့ ဖုန်းတွေ မိတ်ဆက်ပွဲပြီးနောက်မှာ ထွက်လာမယ်လို့ ပြောပါတယ်။ Tipster က Snapdragon 898 ပါတဲ့ Device အသစ်များစွာကို မှတ်ပုံတင်ထားတဲ့ သတင်းတွေ အင်တာနက်မှာ ထွက်ပေါ်နေပြီး Snapdragon 898 ပါတဲ့ ဖုန်းကို ဒီနှစ်ထဲနဲ့ Snapdragon 898+ ပါတဲ့ ဖုန်းကို ၂၀၂၂ ခုနှစ်လယ်မှာ ကြေညာမယ်လို့ ပြောပါတယ်။
Qualcomm Snapdragon 898 Chipset ဟာ Dual 3400 Architecture နဲ့ တည်ဆောက်ထားပြီး Adreno 730 Graphics Processing Unit ပါလာမယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် 1.79GHz Frequency ပါပြီး တူညီတဲ့ Octa-core Chip ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ Chipset ကို Higher Power Wattage အသုံးပြုကာ Overclocked ပြုလုပ်နိုင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက စမတ်ဖုန်း ထုတ်လုပ်သူများစွာဟာ Snapdragon 898 Chipset ပါတဲ့ ဖုန်းတွေကို မကြာခင် ထုတ်လုပ်ရောင်းချတော့မယ် ဆိုတာပါပဲ။ Xiaomi , Huawei , Lenovo , Motorola , Vivo , OPPO နဲ့ Samsung တို့ရဲ့ Snapdragon 898 Chipset စမတ်ဖုန်းတွေ အစောဆုံး ထွက်လာမှာ ဖြစ်ပါတယ်။
Ref : gizmochina