Snapdragon Pro Series ကို ဖြန့်ချိဖို့ Qualcomm ဟာ ESL Gaming နဲ့ အကျိုးတူပူးပေါင်းလိုက်ပါတယ်။ ဒီပူးပေါင်းမှုနောက်မှာတော့ ဒေါ်လာ ၂ သန်းဆုကြေးရှိတဲ့ Mobile Esports ပြိုင်ပွဲတစ်ခုဖြစ်လာပြီး ကမ္ဘာတစ်ဝန်းက ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာလည်း ဖြစ်ပါတယ်။


Snapdragon Pro Series မှာ Open, Challenge နဲ့ Masters ဆိုပြီး အဆင့်သုံးဆင့်ရှိတယ်လို့ သိရပါတယ်။ ဘယ်သူမဆို အသက် ၁၆ နှစ်နဲ့ အထက်ဖြစ်ရင် Snapdragon Mobile Open မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် SnapdragonProSeries.com မှာ ဝင်ရောက်လက်မှတ်ထိုး စာရင်းသွင်းရမှာပါ။

Open စီးရီးရဲ့ ပထမဆုံးပြိုင်ပွဲကို ဧပြီလ ၁၂ ရက်နေ့မှာ စတင်မယ်လို့ သိရပါတယ်။ အောင်မြင်တဲ့ကစားသမားတွေက ဇွန်လမှာကျင်းပမဲ့ Snapdragon Mobile Challenge ပြိုင်ပွဲကို တက်ရောက်နိုင်မှာဖြစ်ပြီး ဒီအဆင့်မှာဆုရရှိသူတွေက ၂၀၂၃ ခုနှစ် မတ်လမှာကျင်းပမဲ့ Snapdragon Mobile Master ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Qualcomm နဲ့ ESL တို့ဟာ Challenge Final နဲ့ Master ပြိုင်ပွဲအားလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြီး လူပရိသတ်ရှေ့မှာပဲ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ တစ်နည်းအားဖြင့် ဂိမ်းဝါသနာအိုးတွေအနေနဲ့ Twitch နဲ့ YouTube တို့မှာ ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။

“Snapdragon Pro Series ဟာ နယ်ပယ်ပေါင်းစုံ၊ အဆင့်တိုင်းက ကစားသမားတွေကို ချန်ပီယံတစ်ယောက်ဖြစ်လာစေဖို့နဲ့ ဆုကြေးငွေ ဒေါ်လာ ၂ သန်းထက်မနည်းကို ယှဉ်ပြိုင်ဖို့အခွင့်အရေးပေးထားပါတယ်” လို့ ESL Gaming က မိုလ်ဘိုင်း အထွေထွေမန်နေဂျာက ဆိုပါတယ်။ Qualcomm နဲ့ ESL တို့ဟာ ပြိုင်ပွဲအတွက် Title တွေကိုလည်း ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။


ပြိုင်ပွဲရဲ့ Title တွေအဖြစ် Brawl Stars, Clash of Clans, Free Frie, League of Legends: Wild Rift, PUBG Mobile, Clash Royale, Asphalt 9: Legends, and Legends of Runeterra စတာတွေကို တွေ့မြင်ရပါတယ်။ ဒီ Title တွေကို မြောက်အမေရိက (NA), ဥရောပ (EUR), အရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိက (MENA), တရုတ်၊ အာရှ−ပစိဖိတ် (AP) နဲ့ အိန္ဒိယ စတဲ့ဒေသတွေအဖြစ်လည်း ခွဲခြားသတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref: GSM Arena