Solana အခြေပြု NFTs or Non-fungible Token တွေကို ဒုတိယအကြိမ် ရောင်းချပေးလိုက်ပြီး စတင်ရောင်းချတဲ့ ဩဂုတ်လကနေတွက်ရင် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ဖိုး ရောင်းချထားနိုင်ခဲ့ပါပြီ။ CryptoSlam က Solana NFTs တွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဝယ်ယူမှုပေါင်း ၃၄၈,၀၀၀ ရှိပြီး NFTs ၁ ခုရဲ့ ပျမ်းမျှတန်ဖိုးဟာ ဒေါ်လာ ၁,၅၀၀ ရှိတယ်လို့ ပြောပါတယ်။

Solana Blockchain's First Million-Dollar NFT Sale Is A Degenerate Ape –  Fintechs.fi

စက်တင်ဘာလအတွင်းမှာ Solana NFTs ရောင်းအားဟာ ဒေါ်လာ ၁၈၉.၄ သန်း ရှိခဲ့ပါတယ်။ လူတချို့က Solana ကို “Ethereum Killer” အဖြစ် ရှုမြင်ကြပေမယ့် Ethereum Blockchain ဟာ NFTs နဲ့ ပတ်သက်ရင် အကျော်ကြားဆုံး ဖြစ်ပါတယ်။

CryptoSlam ရဲ့ ထိပ်ဆုံး NFTs Blockchain စာရင်းမှာ Solana က နံပါတ် ၄ နေရာမှာ ရှိနေပြီး ထိပ်ဆုံး ၃ နေရာမှာ Ethereum , Ronin နဲ့ Wax တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။ Solana ရဲ့ ထိပ်တန်း NFTs Project က Degenerate Ape Academy ဖြစ်ပြီး စတင် ရောင်းချတဲ့ ဩဂုတ်လကတည်းက အခုလက်ရှိ အချိန်အထိ ဒေါ်လာ ၁၀၅.၉ သန်းဖိုး ရောင်းချထားပြီးပါပြီ။ Degenerate Ape Academy NFTs တွေထဲမှာ Animated Gorilla Avatars များစွာ ထည့်သွင်းထားပါတယ်။

CoinGecko က ဒေတာ အရ Solana ရဲ့ SOL Token ဟာ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်းမှာ ၃၀.၃ ရာခိုင်နှုန်းရှိလာပြီး လက်ရှိအချိန်မှာ ၂၂၅ ဒေါ်လာလောက် တန်ကြေးရှိပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမြင့်ဆုံး အနေနဲ့ ၂၂၉.၇၆ ဒေါ်လာ ရှိခဲ့ပါတယ်။

Ref : cointelegraph