[Zawgyi]

၂၀၁၉ခုႏွစ္၊ ဇူလိုင္လ ၂ရက္ေန႔ ဒီေန႔မွာ ေနၾကတ္ျခင္း ျဖစ္ေပၚမယ္လို႔ သိရပါတယ္။ ေနၾကတ္ျခင္းကို ေတာင္အေမရိကတိုက္ထဲပါဝင္တဲ့ ခ်ီလီႏိုင္ငံနဲ႔ အာဂ်င္တီးနားႏိုင္ငံေတြမွာ ေနထိုင္သူေတြသာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႔။ NASA နဲ႔ The Exploratorium တို႔က အဆိုပါ ေနၾကတ္မႈ ျဖစ္စဥ္ကို အြန္လိုင္းေပၚမွာ တိုက္႐ိုက္ထုတ္လႊင့္ေပးသြားမယ္လို႔ ဆိုပါတယ္။

ကမာၻနဲ႔ ေန အၾကားကို လ က ျဖတ္သန္းသြားတဲ့အခါမ်ိဴးေတြမွာ ေနၾကတ္ျခင္း ျဖစ္ေပၚပါတယ္။ ေန၊ လ နဲ႔ ကမာၻ တစ္တန္းတည္း က်ေရာက္တဲ့အခ်ိန္မွာ ေနရဲ႕ အလင္းေရာင္ကို လကဖုံးကြယ္လိုက္တဲ့အခါ၊ လရဲ႕ အရိပ္ဟာ ကမာၻေျမႀကီးေပၚကို က်ေရာက္လာတာ ျဖစ္ပါတယ္။ ဒီေန႔ျဖစ္ေပၚမယ့္ (ေနၾကတ္ျခင္း) လရဲ႕အရိပ္ကေတာ့ ေတာင္အေမရိကတိုက္နဲ႔ ပစိဖိတ္သမုဒၵရာရဲ႕ ေနရာေဒသတခ်ိဴ႕ကို ၄မိနစ္နဲ႔ ၃၃စကၠန္႔ၾကာ ဖုံးလႊမ္းသြားမယ္လို႔ သိရပါတယ္။

Engadget ကေတာ့ ေနၾကတ္မႈ ျဖစ္စဥ္နဲ႔ ႀကဳံေတြ႕လာမယ္ဆိုရင္ ေနကို အကာအကြယ္မပါဘဲ တိုက္႐ိုက္ ေမာ့မၾကည့္ဖို႔ တားျမစ္ထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္းက အမ်ိဴးသမီးတစ္ဦးဟာ ေနၾကတ္ ေနစဥ္မွာ ေနကို ၆စကၠန္႔ၾကာ ေမာ့ၾကည့္ခဲ့မိတဲ့အတြက္ သူမရဲ႕ မ်က္လုံးေတြ ပ်က္စီးသြားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကန္ေဒၚလာ ၁၁,၅၀၀ ( ျမန္မာေငြ သိန္း ၁၇၀ ေက်ာ္ ) တန္ေၾကးရွိ Canon အမွတ္တံဆိပ္ ကင္မရာမွန္ေျပာင္းဟာလည္း ေနၾကတ္ျခင္းကို ႐ိုက္ကူးေနစဥ္ အရည္ေပ်ာ္သြားတဲ့ အျဖစ္အပ်က္ ရွိခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

ေနၾကတ္ျခင္းအတြက္ တိုက္႐ိုက္ထုတ္လႊင့္မႈ အစီအစဥ္ကို Eastern Time (ET) 3 PM ( ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ နံနက္ ၁နာရီခြဲ ) မွာ စတင္သြားမယ္လို႔ သိရပါတယ္။ ခ်ီလီႏိုင္ငံကေန တဆင့္ ႐ိုက္ကူးေဖာ္ျပေပးသြားမွာ ျဖစ္ၿပီး Telescope ျမင္ကြင္းနဲ႔ ၾကည့္ရႈ႕ႏိုင္မယ္လို႔ ဆိုပါတယ္။

ေနၾကတ္မႈ ျဖစ္စဥ္ Livestream ၾကည့္ရန္ – NASA ( Solar Eclipse ) , The Exploratorium ( Solar Eclipse )

Ref : Engadget , Life Hacker

[Unicode]

ဒီနေ့ ဖြစ်ပေါ်မယ့် နေကြတ်ခြင်းကို တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ့် NASA

၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂ရက်နေ့ ဒီနေ့မှာ နေကြတ်ခြင်း ဖြစ်ပေါ်မယ်လို့ သိရပါတယ်။ နေကြတ်ခြင်းကို တောင်အမေရိကတိုက်ထဲပါဝင်တဲ့ ချီလီနိုင်ငံနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ နေထိုင်သူတွေသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ NASA နဲ့ The Exploratorium တို့က အဆိုပါ နေကြတ်မှု ဖြစ်စဥ်ကို အွန်လိုင်းပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာနဲ့ နေ အကြားကို လ က ဖြတ်သန်းသွားတဲ့အခါမျိူးတွေမှာ နေကြတ်ခြင်း ဖြစ်ပေါ်ပါတယ်။ နေ၊ လ နဲ့ ကမ္ဘာ တစ်တန်းတည်း ကျရောက်တဲ့အချိန်မှာ နေရဲ့ အလင်းရောင်ကို လကဖုံးကွယ်လိုက်တဲ့အခါ၊ လရဲ့ အရိပ်ဟာ ကမ္ဘာမြေကြီးပေါ်ကို ကျရောက်လာတာ ဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပေါ်မယ့် (နေကြတ်ခြင်း) လရဲ့အရိပ်ကတော့ တောင်အမေရိကတိုက်နဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ နေရာဒေသတချိူ့ကို ၄မိနစ်နဲ့ ၃၃စက္ကန့်ကြာ ဖုံးလွှမ်းသွားမယ်လို့ သိရပါတယ်။

Engadget ကတော့ နေကြတ်မှု ဖြစ်စဥ်နဲ့ ကြုံတွေ့လာမယ်ဆိုရင် နေကို အကာအကွယ်မပါဘဲ တိုက်ရိုက် မော့မကြည့်ဖို့ တားမြစ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက အမျိူးသမီးတစ်ဦးဟာ နေကြတ် နေစဥ်မှာ နေကို ၆စက္ကန့်ကြာ မော့ကြည့်ခဲ့မိတဲ့အတွက် သူမရဲ့ မျက်လုံးတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ ၁၁,၅၀၀ ( မြန်မာငွေ သိန်း ၁၇၀ ကျော် ) တန်ကြေးရှိ Canon အမှတ်တံဆိပ် ကင်မရာမှန်ပြောင်းဟာလည်း နေကြတ်ခြင်းကို ရိုက်ကူးနေစဥ် အရည်ပျော်သွားတဲ့ အဖြစ်အပျက် ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

နေကြတ်ခြင်းအတွက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ကို Eastern Time (ET) 3 PM ( မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၁နာရီခွဲ ) မှာ စတင်သွားမယ်လို့ သိရပါတယ်။ ချီလီနိုင်ငံကနေ တဆင့် ရိုက်ကူးဖော်ပြပေးသွားမှာ ဖြစ်ပြီး Telescope မြင်ကွင်းနဲ့ ကြည့်ရှု့နိုင်မယ်လို့ ဆိုပါတယ်။

နေကြတ်မှု ဖြစ်စဥ် Livestream ကြည့်ရန် – NASA ( Solar Eclipse ) , The Exploratorium ( Solar Eclipse )

Ref : Engadget , Life Hacker