[Zawgyi]

Google ဟာ Android App ကို ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ အဆင့္ျမႇင့္တင္ေနတာ အားလုံးလည္း သိၾကမွာပါ။ အထူးသျဖင့္ Google Assistant, Google Search တို႔ဟာ Android App အေနနဲ႔ အသုံးျပဳရတဲ့အပိုင္းမွာ ဟိုအရင္ကထက္ ပိုၿပီးေတာ့ လြယ္ကူေကာင္းမြန္လာတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

အကယ္၍ Google Search ကို Dictionary အသုံးျပဳမယ္ဆိုရင္ Home Screen ေပၚမွာ Google Dictionary ကို Shortcut အျဖစ္ ထားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီလိုလုပ္ႏိုင္တာက အသုံးျပဳသူတိုင္းမွာေတာ့ မဟုတ္ေသးပါဘူး။ အသုံးျပဳသူအခ်ိဳ႕မွာပဲ ရေနေသးတာ ျဖစ္ပါတယ္။ အထူးသျဖင့္ Google App ကို ေနာက္ဆုံး Version အျဖစ္ ျမႇင့္တင္ထားတဲ့ သူေတြမွာပဲ ရေသးတာပါ။

Update ျဖစ္ၿပီးသားဆိုရင္ေတာ့ ေဝါဟာရတစ္ခုရဲ႕ အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ရွာေဖြလိုက္တာနဲ႔တစ္ၿပိဳင္နက္ Dictionary Shortcut ကို ဖန္တီးမလားဆိုၿပီး ေမးလာမွာပဲ ျဖစ္ပါတယ္။ Add ကိုႏွိပ္ထားလိုက္မယ္ဆိုရင္ေတာ့ Home Screen မွာ Google ရဲ႕ Dictionary Shortcut ကို ေတြ႕ရမွာျဖစ္ၿပီး အလြယ္တကူ ရွာေဖြႏိုင္မွာပဲ ျဖစ္ပါတယ္။

အသုံးျပဳသူအေနနဲ႔ Google dictionary ကို ဆက္အသုံးမျပဳခ်င္ေတာ့သလို ဒီ Shortcut ကိုလည္း မလိုခ်င္ေတာ့ဘူးဆိုရင္ အလြယ္တကူ ဖ်က္လိုက္လို႔ရပါတယ္။ Shortcut ကို Home Screen ကေနဖ်က္လိုက္ေပမယ့္လည္း Google Search App ထဲမွာေတာ့ ဆက္ၿပီး သုံးစြဲလို႔ရေနဦးမွာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Home Screen မှာ Google Dictionary Shortcut ကို ဖန်တီးထားလို့ရပြီ

Google ဟာ Android App ကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်နေတာ အားလုံးလည်း သိကြမှာပါ။ အထူးသဖြင့် Google Assistant, Google Search တို့ဟာ Android App အနေနဲ့ အသုံးပြုရတဲ့အပိုင်းမှာ ဟိုအရင်ကထက် ပိုပြီးတော့ လွယ်ကူကောင်းမွန်လာတာကို တွေ့မြင်နိုင်ပါတယ်။

အကယ်၍ Google Search ကို Dictionary အသုံးပြုမယ်ဆိုရင် Home Screen ပေါ်မှာ Google Dictionary ကို Shortcut အဖြစ် ထားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်တာက အသုံးပြုသူတိုင်းမှာတော့ မဟုတ်သေးပါဘူး။ အသုံးပြုသူအချို့မှာပဲ ရနေသေးတာ ဖြစ်ပါတယ်။ အထူးသဖြင့် Google App ကို နောက်ဆုံး Version အဖြစ် မြှင့်တင်ထားတဲ့ သူတွေမှာပဲ ရသေးတာပါ။

Update ဖြစ်ပြီးသားဆိုရင်တော့ ဝေါဟာရတစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှာဖွေလိုက်တာနဲ့တစ်ပြိုင်နက် Dictionary Shortcut ကို ဖန်တီးမလားဆိုပြီး မေးလာမှာပဲ ဖြစ်ပါတယ်။ Add ကိုနှိပ်ထားလိုက်မယ်ဆိုရင်တော့ Home Screen မှာ Google ရဲ့ Dictionary Shortcut ကို တွေ့ရမှာဖြစ်ပြီး အလွယ်တကူ ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။

အသုံးပြုသူအနေနဲ့ Google dictionary ကို ဆက်အသုံးမပြုချင်တော့သလို ဒီ Shortcut ကိုလည်း မလိုချင်တော့ဘူးဆိုရင် အလွယ်တကူ ဖျက်လိုက်လို့ရပါတယ်။ Shortcut ကို Home Screen ကနေဖျက်လိုက်ပေမယ့်လည်း Google Search App ထဲမှာတော့ ဆက်ပြီး သုံးစွဲလို့ရနေဦးမှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena