Apple ကနေ 10.5″ iPad Pro ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဆိုပါ iPad Pro 10.5″ အပြင်နောက်ပိုင်းထွက်ရှိထားတဲ့ iPad Pro တွေမှာ ပြဿနာတစ်ချို့ကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါက iPadOS 13.4.1 တင်ပြီးတဲ့အချိန်မှာ ဘာ App မှာ မဖွင့်ထားပေမယ့်လည်း စက္ကန့် ၃၀ ကနေ ၄၅ စက္ကန့်ကြားတစ်ခါလောက် Reboot ကြပြီး Bootloop ပြဿနာကြုံနေရတာဖြစ်ပါတယ်။

ယခုသတင်းကိုတော့ Apple ရဲ့ Communities Website မှာ ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အလားတူပြဿနာမျိုးကြုံခဲ့ရဖူးတယ်လို့ သိရပါတယ်။ ယခုဖြစ်ပွားမှုဟာ 10.5″ iPad Pro အပြင် 2018 နဲ့ 2020 11″ Wi-Fi Only iPad Pro တွေမှာလည် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ iPad Pro 11″ Version တွေမှာတော့ ၁၀ မိနစ်ဝန်းကျင်မှာ တစ်ကြိမ် Reboot ကျနေတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ ပြဿနာဖြစ်ပွားနေတယ်ဆိုရင် Software Update ပြုလုပ်ရုံနဲ့ အဆင်ပြေဦးမှာမဟုတ်ဘဲ အသုံးပြုသူတစ်ဦးကတော့ Hard Reset ပြုလုပ်တာက ပြန်ပြီးအအဆင်ပြေသွားတယ်လို့ သိရပါတယ်။ Hard Reset ပြုလုပ်မယ်ဆိုရင် 2018 နောက်ပိုင်း iPad Pro တွေမှာ Volume Up Key နဲ့ Volume Down Key ကို ဖိထားပြီး လွှတ်လိုက်ရမှာဖြစ်ပြီး Apple Logo ပြန်တက်လာတဲ့အထိ Power Button ကို ဖိထားဖို့ လိုအပ်မှာဖစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ iPadOS Version 13.5 ထွက်ရှိထားပြီးတော့ အဆိုပါ Update ဟာလည်း ပြင်ဆင်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ Apple အနေနဲ့လည်း ယခုပြဿနာကို သိရှိပြီး ပြန်လည်အဆင်ပြေအောင် Update ထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ခြင်းလည်း မရှိသေးပါဘူး။

Ref – Phone Arena