Google ဟာ Pixel 6 Series ဖုန်းတွေကို ကိုယ်ပိုင် Tensor Chip နဲ့ ထုတ်လုပ်ထားခဲ့သလို Pixel ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Punch-hole AMOLED Display တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တခြားသော Android Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်လာနိုင်ပြီလို့ ပြောနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Google Pixel 6 Series ဖုန်းတွေဟာ လုံးဝအားသာချက်တွေကြီးပဲ မဟုတ်ဘဲ Fingerprint Sensor Issue တွေ၊ Network Issue တွေ စသဖြင့်ကြုံတွေ့နေရတာဖြစ်ပါတယ်။ အခုလည်းနောက်ထပ် Bug တစ်ခုကို အသုံးပြုသူတွေ ကြုံတွေ့နေရပါပြီ။

ဒါကိုတော့ Android Police ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Pixel 6 ဖုန်းတချို့မှာ အသုံးပြုထားတဲ့ Screen Rotation ပိုင်းမှာ ကောင်းကောင်းအလုပ်မလုပ်တာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါက ဖုန်းထဲမှာ အသုံးပြုထားတဲ့ Sensor တွေကောင်းကောင်းအလုပ်မလုပ်တာကြောင့်ဖြစ်နိုင်ပြီး အခုလိုမျိုး ဖြစ်တဲ့အချိန်မှာ ဖုန်းက Portrait Mode မှာပဲ ရပ်နေမှာဖြစ်ပါတယ်။

တကယ်လို့ ဒီလို ပြသာနာကြုံနေရတဲ့အချိန်မှာ Sensor Test လိုမျိုး App တွေနဲ့ စမ်းသပ်ပေမယ့်လည်း Gryoscope နဲ့ Accelerometer လိုမျိုး Sensor တွေက ရလဒ်မပြခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ Sensor တွေအပြင် Compass Sensor ကလည်း ကောင်းကောင်းအလုပ်မလုပ်တာကို တွေ့ရပါတယ်။

လောလောဆယ်မှာ အခုပြဿနာကြုံနေတယ်ဆိုရင် ဖြေရှင်းနည်းလမ်းမရှိသေးဘဲ Google ကနေလည်း တရားဝင်ဖြေရှင်းထားခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ တစ်ခါတရံပဲ ဖြစ်တတ်တာကြောင့် Software Update နဲ့လည်း ဖြေရှင်းနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China