Apple ဟာ iPhone 11 Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်မှာ အကောင်းဆုံးသော iPhone တွေလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အခုလောလောဆယ်မှာ အဆိုပါ iPhone 11 Model အချို့မှာ ထူးဆန်းတဲ့ ပြဿနာကြုံတွေ့နေရပါတယ်။

ဒါကတော့ ဖုန်းကို Unlock ပြုလုပ်ပြီးတဲ့အချိန်မှာ Display မှာ အစမ်းရောင်သမ်းတဲ့ပြဿနာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဆိုပါ ပြဿနာကို MacRumors နဲ့ Reddit Forum တွေမှာ တွေ့နေရပြီဖြစ်သလို iPhone 11 ၊ 11 Pro နဲ့ 11 Pro Max ဖုန်းတွေမှာ အဓိက ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ တစ်ချို့သော iPhone X နဲ့ XS အသုံးပြုသူတွေအနေနဲ့လည်း တစ်ခါတလေကြုံတွေ့ရတယ်ဆိုပြီးလည်း ရေးသားထားတာတွေ တွေ့ရှိခဲ့ရပါတယ်။

အသုံးပြုသူတွေရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Screen က အစိမ်းရောင်သမ်းနေတာကို Dark Mode သို့မဟုတ် Night Shift အသုံးပြုနေပြီး မှောင်မဲနေတဲ့အခန်းထဲမှာဆိုရင် ပိုပြီး သိသာတယ်လို့ သိရပါတယ်။ အခု ပြဿနာဟာ iOS 13.4 Update နဲ့ နောက်ပိုင်းမှာ ဖြစ်လာတာဖြစ်ပြီး တစ်ချို့ ပြောကြားမှုတွေအရတော့ iOS 13.5.5 Update တင်အပြီးမှာ ပြန်လည်အဆင်ပြေသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Apple ဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးဘဲ တကယ်လို့ Software Error ဆိုရင်တော့ မကြာခင် Software Update တွေနဲ့အတူ လုံးဝဖြေရှင်းနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Engadget