[Zawgyi]

HMD Global ဟာ ၂၀၁၆ ဒီဇင္ဘာေနာက္ပိုင္းမွာ Nokia စမတ္ဖုန္းအမွတ္တံဆိပ္ကို ေဈးကြက္တြင္းမွာ ေနရာတစ္ေနရာ ျပန္ရႏိုင္ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ကုမၸဏီဟာ ေျဖရွင္းရခက္တဲ့ စြပ္စြဲမႈတစ္ခုနဲ႔ ႀကဳံေတြ႕လိုက္ရၿပီ ျဖစ္ပါတယ္။

ေနာ္ေဝရဲ႕ ႐ုပ္သံလႊင့္ဌာနတစ္ခုျဖစ္တဲ့ NRK က Nokia စမတ္ဖုန္းေတြဟာ Unencrypted မလုပ္ထားတဲ့ အသုံးျပဳသူအခ်က္အလက္ေတြကို တ႐ုတ္ႏိုင္ငံဆီ ပို႔လႊတ္ေပးတယ္ဆိုတာ သံသယျဖစ္စရာ မလိုေၾကာင္း အခိုင္အမာ စြပ္စြဲေဖာ္ျပလိုက္တာပဲ ျဖစ္ပါတယ္။

စမတ္ဖုန္းမွာရွိတဲ့ အခ်က္အလက္ေတြျဖစ္တဲ့ GPS တည္ေနရာ၊ စမတ္ဖုန္းရဲ႕ Serial number ေတြသာမက အသုံးျပဳသူရဲ႕ ဖုန္းနံပါတ္ကိုပါ တ႐ုတ္ဆာဗာဆီ ျပန္လည္ပို႔လႊတ္ခဲ့တယ္လို႔ စြတ္စြဲလိုက္တာလည္း ျဖစ္ပါတယ္။ ပို႔လႊတ္တဲ့ ဆာဗာဟာ “vnet.cn” domain နဲ႔ျဖစ္ၿပီး တ႐ုတ္ Carrier ျဖစ္တဲ့ China Telecom ရဲ႕ စီမံကြပ္ကဲမႈေအာက္ကို ေရာက္ရွိတယ္လို႔လည္း ဆိုပါတယ္။

Nokia 7 Plus ေတြဟာ ဖုန္းစတင္ဖြင့္လိုက္တာနဲ႔ အခ်က္အလက္ေတြကို ဆာဗာဆီ ခ်က္ခ်င္းပို႔လႊတ္တယ္လို႔ ဆိုပါတယ္။ ဖုန္းကို Unlock လုပ္တာပဲျဖစ္ျဖစ္၊ ႐ိုး႐ိုးဖြင့္လိုက္တာပဲျဖစ္ျဖစ္လုပ္ရင္လည္း အလားတူ ျဖစ္စဥ္ေတြ ျဖစ္ေပၚလာတယ္လို႔လည္း ဆိုပါတယ္။

ဒီလိုျဖစ္ရပ္ဟာ Nokia 7 Plus ေတြမွာပဲ ျဖစ္တာေၾကာင့္ အျခားအမ်ိဳးအစား Nokia ကိုင္ေဆာင္သူေတြကေတာ့ ကံေကာင္းေထာက္မစြာနဲ႔ အခ်က္အလက္ေတြ လုံၿခဳံတယ္လို႔ သိရပါတယ္။ Nokia 7 Plus ဟာ အစပိုင္းတုန္းက တ႐ုတ္ျပည္တြင္း ေဈးကြက္အတြက္ပဲ ရည္႐ြယ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဥေရာပေဈးကြက္ထဲကို ေရာက္ရွိလာတာေၾကာင့္ အခုလိုျဖစ္ရပ္မ်ိဳးနဲ႔ ႀကဳံေတြ႕ရတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒီျဖစ္ရပ္ ေပၚေပါက္ခဲ့ၿပီးေနာက္ပိုင္းမွာ HMD Global ဟာ Nokia 7 Plus ေတြေပၚက Infringing file ေတြကို ဖယ္ရွားပစ္ခဲ့တယ္လို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လက္ရွိအခ်ိန္မွာေတာ့ HMD Global ဟာ ဖင္လန္ရဲ႕ အခ်က္အလက္ ကာကြယ္ေစာင့္ေရွာက္ေရး ေစာင့္ၾကည့္အဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈကို ခံယူေနရတယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Nokia ဖုန်းအချို့ အသုံးပြုသူအချက်အလက်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ကြောင်း စွပ်စွဲခံရ

HMD Global ဟာ ၂၀၁၆ ဒီဇင်ဘာနောက်ပိုင်းမှာ Nokia စမတ်ဖုန်းအမှတ်တံဆိပ်ကို ဈေးကွက်တွင်းမှာ နေရာတစ်နေရာ ပြန်ရနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကုမ္ပဏီဟာ ဖြေရှင်းရခက်တဲ့ စွပ်စွဲမှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရပြီ ဖြစ်ပါတယ်။

နော်ဝေရဲ့ ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်တဲ့ NRK က Nokia စမတ်ဖုန်းတွေဟာ Unencrypted မလုပ်ထားတဲ့ အသုံးပြုသူအချက်အလက်တွေကို တရုတ်နိုင်ငံဆီ ပို့လွှတ်ပေးတယ်ဆိုတာ သံသယဖြစ်စရာ မလိုကြောင်း အခိုင်အမာ စွပ်စွဲဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

စမတ်ဖုန်းမှာရှိတဲ့ အချက်အလက်တွေဖြစ်တဲ့ GPS တည်နေရာ၊ စမတ်ဖုန်းရဲ့ Serial number တွေသာမက အသုံးပြုသူရဲ့ ဖုန်းနံပါတ်ကိုပါ တရုတ်ဆာဗာဆီ ပြန်လည်ပို့လွှတ်ခဲ့တယ်လို့ စွတ်စွဲလိုက်တာလည်း ဖြစ်ပါတယ်။ ပို့လွှတ်တဲ့ ဆာဗာဟာ “vnet.cn” domain နဲ့ဖြစ်ပြီး တရုတ် Carrier ဖြစ်တဲ့ China Telecom ရဲ့ စီမံကွပ်ကဲမှုအောက်ကို ရောက်ရှိတယ်လို့လည်း ဆိုပါတယ်။

Nokia 7 Plus တွေဟာ ဖုန်းစတင်ဖွင့်လိုက်တာနဲ့ အချက်အလက်တွေကို ဆာဗာဆီ ချက်ချင်းပို့လွှတ်တယ်လို့ ဆိုပါတယ်။ ဖုန်းကို Unlock လုပ်တာပဲဖြစ်ဖြစ်၊ ရိုးရိုးဖွင့်လိုက်တာပဲဖြစ်ဖြစ်လုပ်ရင်လည်း အလားတူ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဖြစ်ရပ်ဟာ Nokia 7 Plus တွေမှာပဲ ဖြစ်တာကြောင့် အခြားအမျိုးအစား Nokia ကိုင်ဆောင်သူတွေကတော့ ကံကောင်းထောက်မစွာနဲ့ အချက်အလက်တွေ လုံခြုံတယ်လို့ သိရပါတယ်။ Nokia 7 Plus ဟာ အစပိုင်းတုန်းက တရုတ်ပြည်တွင်း ဈေးကွက်အတွက်ပဲ ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဥရောပဈေးကွက်ထဲကို ရောက်ရှိလာတာကြောင့် အခုလိုဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။

ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းမှာ HMD Global ဟာ Nokia 7 Plus တွေပေါ်က Infringing file တွေကို ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ HMD Global ဟာ ဖင်လန်ရဲ့ အချက်အလက် ကာကွယ်စောင့်ရှောက်ရေး စောင့်ကြည့်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူနေရတယ်လို့ သိရပါတယ်။
Ref: Phone Arena