Sony ရဲ့ PlayStation Game Console တွေဟာ Gamer တွေကြားမှာ အအောင်မြင်ဆုံး Game Console တွေလို့ ပြောလို့ရပါတယ်။ အခုလည်း လူတိုင်းစောင့်မျှော်နေကြတဲ့ Sony PlayStation 5 Console ကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

Sony ရဲ့ ကြေညာချက်အရ PlayStation 5 ကို မိတ်ဆက်မယ့် Event ဟာ လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အချိန်အနေနဲ့တော့ 1PM Pacific Time (မြန်မာစံတော်ချိန် ဇွန်လ ၅ ရက်နေ့ မနက် ၂ နာရီခွဲ) မှာပြုလုပ်မှာဖြစ်ပါတယ်။

အဆိုပါ PlayStation Launch Event ဟာ အချိန်အနေနဲ့ ၁ နာရီကျော်ကြာမြင့်မှာဖြစ်ပြီး PlayStation 5 နဲ့အတူပါဝင်လာမယ့် Game တွေကိုလည်း အနည်းငယ်ဖော်ပြသွားမယ်လို့ သိရပါတယ်။ Sony ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Event ကနေ PlayStation 5 ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသနိုင်မယ့် Game တွေကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

Sony ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက PS5 Controller ဓါတ်ပုံကို ပြသခဲ့ဖူးပြီး ပေါက်ကြားထားတဲ့ Specs တွေအရ 8-Core AMD Zen2 3.5GHz CPU ၊ AMD ရဲ့ RDNA 2 Architecture ကို အသုံးပြုထားတဲ့ Custom GPU တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ SSD အနေနဲ့လည်း 5.5GB/s အထိ စွမ်းဆောင်နိုင်မယ့် 825GB SSD ပါဝင်မှာဖြစ်ပြီး 8K Resolution ကိုပါ ကောင်းကောင်း Handle လုပ်နိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ PlayStation 5 ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို သိရတာကတော့ တကယ်ဝမ်းသာစရာသတင်းတစ်ခုပါ။

Ref – The Verge