Sony ကနေ Flagship စမတ်ဖုန်းစျေးကွက်ထဲကို Xperia 1 II နဲ့ နောက်ဆုံး ဝင်ရောက်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Xperia 1 II စမတ်ဖုန်းဟာ ယခင်တုန်းက Xperia ဖုန်းတွေနဲ့မတူညီဘဲ Camera ပိုင်းကို လုံးဝ ဦးစားပေးထားတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဓါတ်ပုံရိုက်ကူးဖို့ Sony Alpha Camera တွေရဲ့ User Interface အတိုင်း ရိုက်ကူးနိုင်တဲ့ Photo Pro Mode ကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ အခုလည်း Software Update ကနေတစ်ဆင့် Photo Pro Mode မှာ RAW Format အနေနဲ့ရိုက်ကူးနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ Firmware Update ဟာ Version အနေနဲ့ 58.0.A.3.88 လို့သိရပြီးတော့ RAW Support အပြင် July 2020 Android Security Patch ပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Video Call ခေါ်ဆိုမှုတွေမှာ Front Camera ကို Improve ပြုလုပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ Download ပြုလုပ်ရမယ့် File Size အနေနဲ့ကတော့ 75MB ပဲရှိမှာပါ။

 

အခုလိုမျိုး Photo Pro Mode မှာ RAW Support ရရှိလာတဲ့အတွက် Sony Alpha Camera တွေလိုမျိုးပဲ DNG Format နဲ့ သိမ်းမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Adobe Lightroom လိုမျိုး RAW Photo တွေကို Edit ပြုလုပ်နိုင်တဲ့ Software တွေအတွက်တော့ ပိုပြီးကောင်းကောင်း Edit ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Sony Xperia 1 II ဟာ ယခင် Sony Xperia Flagship ဖုန်းတွေထက်တော့ ပိုပြီးအောင်မြင်နေတဲ့စမတ်ဖုန်းတစ်ခုလို့ ပြောရမှာပါ။

Ref – GSM Arena