Sony ဟာ လာမယ့်နိုဝင်ဘာလအတွင်းမှာ PlayStation 5 ကို တရားဝင်ရောင်းချသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ PlayStation 5 ဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံး Console တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် Next Generation Exclusive Game တွေပါ အတူထွက်ရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့် ယခင် PlayStation စက်တွေကို Blu-Ray Player အနေနဲ့ အသုံးပြုခဲ့ကြသလိုမျိုးပဲ အခုလည်း PlayStation 5 မှာ Media Streaming ပြုလုပ်ချင်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကို အတည်ပြုပေးလိုက်ပါတယ်။ ဒါကတော့ PS5 ကို စတင်ရောင်းချတဲ့အချိန်မှာ နာမည်ကြီး Streaming Service အကုန်လုံးနီးပါးကို App အနေနဲ့ ထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်။

အဆိုပါ Streaming Service တွေအနေနဲ့ နာမည်ကြီး Netflix ၊ Disney+ ၊ Apple TV+ ၊ Amazon Prime Video ၊ Hulu ၊ Spotify ၊ Twitch ၊ Hulu ၊ Peacock ၊ Crunchyroll နဲ့ YouTube တွေပါဝင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း တခြားသော Streaming Service တွေကို Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ PS5 Media Remote ဆိုပြီး Disney+ ၊ Netflix ၊ Spotify နဲ့ YouTube Shortcut တွေပါဝင်တဲ့ Media Remote ကိုပါ ထုတ်ပေးထားပါသေးတယ်။ အဲ့ဒီအတွက် PS5 ကို ဝယ်ယူတဲ့သူတွေအနေနဲ့ Game Console တစ်ခုအနေနဲ့တင်မဟုတ်ဘဲ Android TV Set-top Box တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်ဦးမှာပါ။ အဆိုပါ PS5 Media Remote ကိုတော့ $30 နဲ့ သီးသန့်ရောင်းချမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် PlayStation 5 ကို လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Digital Version ကို $399 နဲ့ Ultra HD Blu-Ray Disc Drive ပါဝင်တဲ့ Version ကိုတော့ $499 သတ်မှတ်ထားတာဖြစ်ပါတယ်။

Ref – The Verge