Zawgyi
Sony ကနေ Instagram Account မှာ Teaser Video တစ်ခုကို တင်ခဲ့ပြီးတော့ “Xperia in the palm of your hand” ဆိုပြီး ရေးသားသွားခဲ့ပါတယ်။ Xperia 2 စမတ်ဖုန်းကို ရည်ညွှန်းပြောဆိုလိုတာဖြစ်နိုင်ပါတယ်။ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရ Xperia 2 ဟာ 6.1″ 4K OLED Display ကိုမှ 21:9 Aspect Ratio နဲ့ ထွက်ရှိလာနိုင်ပါတယ်။
Ref – GSM Arena
Unicode
Sony ရဲ့ Flagship Level စွမ်းဆောင်ရည်နဲ့ အကောင်သေးသေး Xperia Compact စမတ်ဖုန်းတွေကို မှတ်မိကြဦးမှာပါ။ Sony ကနေ ဒီလိုမျိုး Xperia Compact စမတ်ဖုန်းတွေကို ဆက်ပြီး ထုတ်သွားတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်ပြီး မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။
ဒါကတော့ Sony ကနေ Instagram Account မှာ Teaser Video တစ်ခုကို တင်ခဲ့ပြီးတော့ “Xperia in the palm of your hand” ဆိုပြီး ရေးသားသွားခဲ့တာဖြစ်ပါတယ်။ ဒါကလည်း Xperia 2 စမတ်ဖုန်းဖြစ်လာပြီးတော့ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရ 6.1″ 4K OLED Display ကိုမှ 21:9 Aspect Ratio နဲ့ ထွက်ရှိလာမှာပါ။
လောလောဆယ်အထိ ထွက်ရှိထားသမျှ Flagship စမတ်ဖုန်း တော်တော်များများက 6.3″ နဲ့အထက် Resolution ရှိနေတာဖြစ်ပြီး 19:9 Ratio ဝန်းကျင် Aspect Ratio ကိုပဲ အသုံးပြုနေကြတဲ့အတွက် ပုံမှန်ထက် Size က အနည်းငယ်ကြီးနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် အခု Xperia 2 က 6.1″ Display ကိုမှ 21:9 Aspect Ratio ကြောင့် ဖုန်းကိုကိုင်ထားရတာက လက်ရှိ စမတ်ဖုန်းတွေနဲ့ယှဥ်ရင် သိသိသာသာကို Compact ပိုဖြစ်လာမှာပါ။
အခု Xperia 2 စမတ်ဖုန်းဟာ Processor ပိုင်းအနေနဲ့လည်း Snapdragon 855 Processor ကို အသုံးပြုလာမှာဖြစ်ပြီး Triple Camera Setup နဲ့ ပွဲထွက်လာမယ်လို့ ယူဆရပါတယ်။
Ref – GSM Arena