Zawgyi

ဂ်ပန္မီဒီယာတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ ဂ်ပန္အေျခစိုက္နည္းပညာကုမၸဏီႀကီး Sony ဟာ သူတုိ႔ရဲ႕ ေနာက္လာမယ့္ Flagship စမတ္ဖုန္းကို စတင္ထုတ္လုပ္ေနၿပီျဖစ္ၿပီး ဘယ္သူမွထင္မထားတဲ့ လုပ္ရပ္တစ္ခုအျဖစ္ လက္ရွိအျမင့္ဆုံးခ်စ္ပ္ေတြ လို႔ဆုိႏုိင္မယ့္ Snapdragon 855 နဲ႔ 855+ တုိ႔ကိုေက်ာ္ၿပီး သူတုိ႔ရဲ႕မ်ဳိးဆက္သစ္ခ်စ္ပ္ဆက္ကို အဓိကထားကာ တည္ေဆာက္သြားမွာျဖစ္ပါတယ္။

ဒီလုပ္ရပ္ရဲ႕ ပထမဆုံးသက္ေသအျဖစ္ Sony ရဲ႕ Firmware ျဖန္႔ခ်ိမႈဆာဗာေပၚမွာ ဒီ SoC အသစ္ရဲ႕ အမည္က ေပၚထြက္လာခဲ့တာပဲျဖစ္ပါတယ္။ အဆုိပါခ်စ္ပ္အသစ္ဟာ အတြင္းေမာ္ဒယ္နံပါတ္ SM8250 အျဖစ္သတ္မွတ္ထားၿပီး အခုခ်ိန္မွာ ထုတ္လုပ္သူ Qualcomm မွ မိတ္မဆက္ရေသးေပမယ့္ သူတုိ႔ရဲ႕ရုိးရာအတိုင္း 855 ရဲ႕ဆက္ခံသူျဖစ္လို႔ Snapdragon 865 လို႔ေခၚဆုိမယ္လို႔ ယူဆထားၾကပါတယ္။

SD865 နဲ႔ပတ္သက္ၿပီးေတာ့လည္း ခ်စ္ပ္ဆက္အသစ္ဟာ 5G Modem ပါတဲ့ ဗားရွင္း (မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Kirin 990 လိုမ်ဳိး) နဲ႔ 4G သီးသန္႔သာရမယ့္ ဗားရွင္းဆုိၿပီး ႏွစ္မ်ဳိးထြက္ရွိလာမယ္လို႔ သတင္းထြက္ေနျပန္ပါတယ္။ ဒီေျခလွမ္းကေတာ့ Qualcomm အေနနဲ႔ၾကည့္ရင္ လက္ရွိမိတ္ဆက္ထားတဲ့ ေမာ္ဒယ္ႏွစ္ခုလုံး 5G ျမင္ကြင္းထဲမွာ အသစ္ဆက္ဆက္ပဲရွိေသးၿပီး မလိုအပ္ဘဲ ခ်စ္ပ္အသစ္ကိုမျဖစ္မေနသုံးရရင္ ဟန္းဆက္ေစ်းကို ပိုျမင့္တက္သြားေစႏုိင္တာေၾကာင့္ သဘာဝက်တယ္လို႔ ဆုိရမွာပါ။

ဒါေပမယ့္ ေလာေလာဆယ္ Sony မွထုတ္လုပ္ေနတဲ့ Flagship မွာေတာ့ 5G နဲ႔ 4G ဗားရွင္းႏွစ္မ်ဳိးခြဲထုတ္ပါ့မလား ဆုိတာ မေသခ်ာေသးပါဘူး။ ျဖစ္ႏုိင္ေခ်ေတာ့ ေတာ္ေတာ္ျမင့္ပါတယ္။ အခုလက္ရွိ Sony Xperia စီးရီးရဲ႕ ေစ်းကြက္ထိုးေဖာက္မႈပုံစံကိုၾကည့္မယ္ဆုိရင္ ဒီဖုန္းကို ေနာက္ႏွစ္ ၂၀၂၀ အစပုိင္းမွာက်င္းပမယ့္ ဘာစီလိုနာၿမိဳ႕ MWC ပြဲမွာ ျမင္ေတြ႕ရႏုိင္ေခ်ရွိပါတယ္။

Ref – GSM Arena

Unicode

ဂျပန်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ ဂျပန်အခြေစိုက်နည်းပညာကုမ္ပဏီကြီး Sony ဟာ သူတို့ရဲ့ နောက်လာမယ့် Flagship စမတ်ဖုန်းကို စတင်ထုတ်လုပ်နေပြီဖြစ်ပြီး ဘယ်သူမှထင်မထားတဲ့ လုပ်ရပ်တစ်ခုအဖြစ် လက်ရှိအမြင့်ဆုံးချစ်ပ်တွေ လို့ဆိုနိုင်မယ့် Snapdragon 855 နဲ့ 855+ တို့ကိုကျော်ပြီး သူတို့ရဲ့မျိုးဆက်သစ်ချစ်ပ်ဆက်ကို အဓိကထားကာ တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဒီလုပ်ရပ်ရဲ့ ပထမဆုံးသက်သေအဖြစ် Sony ရဲ့ Firmware ဖြန့်ချိမှုဆာဗာပေါ်မှာ ဒီ SoC အသစ်ရဲ့ အမည်က ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါချစ်ပ်အသစ်ဟာ အတွင်းမော်ဒယ်နံပါတ် SM8250 အဖြစ်သတ်မှတ်ထားပြီး အခုချိန်မှာ ထုတ်လုပ်သူ Qualcomm မှ မိတ်မဆက်ရသေးပေမယ့် သူတို့ရဲ့ရိုးရာအတိုင်း 855 ရဲ့ဆက်ခံသူဖြစ်လို့ Snapdragon 865 လို့ခေါ်ဆိုမယ်လို့ ယူဆထားကြပါတယ်။

SD865 နဲ့ပတ်သက်ပြီးတော့လည်း ချစ်ပ်ဆက်အသစ်ဟာ 5G Modem ပါတဲ့ ဗားရှင်း (မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Kirin 990 လိုမျိုး) နဲ့ 4G သီးသန့်သာရမယ့် ဗားရှင်းဆိုပြီး နှစ်မျိုးထွက်ရှိလာမယ်လို့ သတင်းထွက်နေပြန်ပါတယ်။ ဒီခြေလှမ်းကတော့ Qualcomm အနေနဲ့ကြည့်ရင် လက်ရှိမိတ်ဆက်ထားတဲ့ မော်ဒယ်နှစ်ခုလုံး 5G မြင်ကွင်းထဲမှာ အသစ်ဆက်ဆက်ပဲရှိသေးပြီး မလိုအပ်ဘဲ ချစ်ပ်အသစ်ကိုမဖြစ်မနေသုံးရရင် ဟန်းဆက်ဈေးကို ပိုမြင့်တက်သွားစေနိုင်တာကြောင့် သဘာဝကျတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် လောလောဆယ် Sony မှထုတ်လုပ်နေတဲ့ Flagship မှာတော့ 5G နဲ့ 4G ဗားရှင်းနှစ်မျိုးခွဲထုတ်ပါ့မလား ဆိုတာ မသေချာသေးပါဘူး။ ဖြစ်နိုင်ချေတော့ တော်တော်မြင့်ပါတယ်။ အခုလက်ရှိ Sony Xperia စီးရီးရဲ့ ဈေးကွက်ထိုးဖောက်မှုပုံစံကိုကြည့်မယ်ဆိုရင် ဒီဖုန်းကို နောက်နှစ် ၂၀၂၀ အစပိုင်းမှာကျင်းပမယ့် ဘာစီလိုနာမြို့ MWC ပွဲမှာ မြင်တွေ့ရနိုင်ချေရှိပါတယ်။

Ref – GSM Arena