Zawgyi

လာမယ့္ ၂၀၁၉ခုႏွစ္ဟာ စမတ္ဖုန္း ဝါသနာရွင္ေတြအဖို႔ ေတာ္ေတာ္ေလး စိတ္လႈပ္ရွားစရာ ေကာင္းမယ့္ ႏွစ္ ၁ႏွစ္လို႔ ေျပာရမွာပါ။ ဒီႏွစ္ထဲမွာဆိုရင္ 10GB RAM ဖုန္းေတြ၊ ကင္မရာ ၄လုံးပါတဲ့ ဖုန္းေတြကို ကြၽန္ေတာ္တို႔ေတြ ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။ လာမယ့္ႏွစ္ ၂၀၁၉ မွာလည္း 5G, Foldable Smartphone နဲ႔ Hole-in-Display စတဲ့ နည္းပညာ အသစ္အဆန္းေတြကို ျမင္ေတြ႕ရဦးမွာပါ။

ကုမၸဏီေတာ္ေတာ္မ်ားမ်ားက နည္းပညာအသစ္အဆန္းေတြပါမယ့္ ထုတ္ကုန္ေတြကို ၂၀၁၉ခုႏွစ္ထဲမွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနေၾကာင္း ထုတ္ေဖာ္ ႂကြားဝါထားေပမယ့္ ဂ်ပန္အေျခစိုက္ အီလက္ထေရာနစ္ ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ SONY တို႔ကေတာ့ ေရငုံ ႏႈတ္ပိတ္ၿပီး ဝစီပိတ္ တရားက်င့္ေနပါတယ္။

Foldable ဖုန္းေတြနဲ႔ ပတ္သတ္ၿပီး SONY တို႔ ေရငုံႏႈတ္ပိတ္ေနတယ္ဆိုတာ အေၾကာင္းအရင္းေတာ့ ရွိမွာပါ။ သူတို႔ရဲ႕ Foldable ဖုန္း နည္းပညာကို တျခားဖုန္းေတြနဲ႔မတူေအာင္ ထုတ္လုပ္ဖို႔အတြက္ ေရငုံႏႈတ္ပိတ္ၿပီး ႀကိတ္ႀကံေနတာ ျဖစ္ႏိုင္ပါတယ္။

ဒီေန႔မွာေတာ့ LetsGoDigital က SONY Foldable ဖုန္းေတြနဲ႔ ပတ္သတ္ၿပီး မူပိုင္ခြင့္တခ်ိဴ႕ကို ရွာေဖြေတြ႕ရွိ ခဲ့ပါတယ္။ မူပိုင္ခြင့္မွာ ပါတဲ့ အခ်က္အလက္ေတြအရဆိုရင္ ဖုန္းတစ္လုံးတည္းမွာ ပုံစတူ Display ၂ခု ပါဝင္ေနတာ ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ ၾကည့္ခဲ့ဖူးတဲ့ သိပၸံကားေတြထဲကလိုမ်ိဴး မွန္တစ္ခ်ပ္ထဲကို ဟိုဘက္၊ ဒီဘက္ ေဖာက္ထြင္းျမင္ႏိုင္ေအာင္ ျပဳလုပ္ထားတာ မဟုတ္ဘဲ မွန္ ၂ခ်ပ္ေပါင္းၿပီး ျပဳလုပ္ထားတာပါ။

အခုလိုမ်ိဴး မွန္ ၂ခ်ပ္ေပါင္းစပ္လိုက္တဲ့ ရလဒ္ေၾကာင့္ Transparent (ေဖာက္ထြင္းျမင္ႏိုင္)၊ Semi-transparent (တစ္ဝက္ တစ္ျပတ္ ေဖာက္ထြင္းျမင္ႏိုင္)၊ Non-transparent (ေဖာက္ထြင္း မျမင္ႏိုင္) ဆိုၿပီး အေနအထား ၃မ်ိဴးနဲ႔ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ Display အမ်ိဴးအစားေတြဟာ လက္ရွိ ကြၽန္ေတာ္တို႔ အသုံးျပဳေနတဲ့ Display ေတြလို မဟုတ္ဘဲ ေကြး၊ ေခါက္၊ လိပ္လို႔ရတဲ့ Rollable Display မ်ားျဖစ္ေၾကာင္းကိုလည္း မူပိုင္ခြင့္မ်ားက ၫႊန္းဆိုထားပါေသးတယ္။

Ref: phonearena

Unicode

ဟိုဘက် ဒီဘက် ဖောက်ထွင်းမြင်နိုင်မယ့် Foldable ဖုန်းထုတ်ဖို့ ပြင်ဆင်နေတဲ့ SONY

လာမယ့် ၂၀၁၉ခုနှစ်ဟာ စမတ်ဖုန်း ဝါသနာရှင်တွေအဖို့ တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းမယ့် နှစ် ၁နှစ်လို့ ပြောရမှာပါ။ ဒီနှစ်ထဲမှာဆိုရင် 10GB RAM ဖုန်းတွေ၊ ကင်မရာ ၄လုံးပါတဲ့ ဖုန်းတွေကို ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ရပြီးပါပြီ။ လာမယ့်နှစ် ၂၀၁၉ မှာလည်း 5G, Foldable Smartphone နဲ့ Hole-in-display စတဲ့ နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရဦးမှာပါ။

ကုမ္ပဏီတော်တော်များများက နည်းပညာအသစ်အဆန်းတွေပါမယ့် ထုတ်ကုန်တွေကို ၂၀၁၉ခုနှစ်ထဲမှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေကြောင်း ထုတ်ဖော် ကြွားဝါထားပေမယ့် ဂျပန်အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ SONY တို့ကတော့ ရေငုံ နှုတ်ပိတ်ပြီး ဝစီပိတ် တရားကျင့်နေပါတယ်။

Foldable ဖုန်းတွေနဲ့ ပတ်သတ်ပြီး SONY တို့ ရေငုံနှုတ်ပိတ်နေတယ်ဆိုတာ အကြောင်းအရင်းတော့ ရှိမှာပါ။ သူတို့ရဲ့ Foldable ဖုန်း နည်းပညာကို တခြားဖုန်းတွေနဲ့မတူအောင် ထုတ်လုပ်ဖို့အတွက် ရေငုံနှုတ်ပိတ်ပြီး ကြိတ်ကြံနေတာ ဖြစ်နိုင်ပါတယ်။

ဒီနေ့မှာတော့ LetsGoDigital က SONY Foldable ဖုန်းတွေနဲ့ ပတ်သတ်ပြီး မူပိုင်ခွင့်တချိူ့ကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ မူပိုင်ခွင့်မှာ ပါတဲ့ အချက်အလက်တွေအရဆိုရင် ဖုန်းတစ်လုံးတည်းမှာ ပုံစတူ Display ၂ခု ပါဝင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကြည့်ခဲ့ဖူးတဲ့ သိပ္ပံကားတွေထဲကလိုမျိူး မှန်တစ်ချပ်ထဲကို ဟိုဘက်၊ ဒီဘက် ဖောက်ထွင်းမြင်နိုင်အောင် ပြုလုပ်ထားတာ မဟုတ်ဘဲ မှန် ၂ချပ်ပေါင်းပြီး ပြုလုပ်ထားတာပါ။

အခုလိုမျိူး မှန် ၂ချပ်ပေါင်းစပ်လိုက်တဲ့ ရလဒ်ကြောင့် Transparent (ဖောက်ထွင်းမြင်နိုင်)၊ Semi-transparent (တစ်ဝက် တစ်ပြတ် ဖောက်ထွင်းမြင်နိုင်)၊ Non-transparent (ဖောက်ထွင်း မမြင်နိုင်) ဆိုပြီး အနေအထား ၃မျိူးနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ Display အမျိူးအစားတွေဟာ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေတဲ့ Display တွေလို မဟုတ်ဘဲ ကွေး၊ ခေါက်၊ လိပ်လို့ရတဲ့ Rollable Display များဖြစ်ကြောင်းကိုလည်း မူပိုင်ခွင့်များက ညွှန်းဆိုထားပါသေးတယ်။

Ref: phonearena