Sony က PlayStation 5 Digital Edition Console မော်ဒယ် အသစ်ကို တိတ်တဆိတ် ရောင်းချပေးလိုက်ပါတယ်။ မော်ဒယ်နံပါတ်က CFI-1102A ဖြစ်ပြီး Australia က စတိုးတွေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။  အရင်မော်ဒယ် CFI-1000B နဲ့ မတူတဲ့ အဓိက ပြောင်းလဲမှု ၂ ခု ပါလာပါတယ်။ မော်ဒယ် အသစ်မှာ အလေးချိန် ၃၀၀ ဂရမ် လျှော့ချထားပြီး စုစုပေါင်း အလေးချိန်က ၃.၆ ကီလိုဂရမ် ဖြစ်ပါတယ်။ Installation အတွက် Screwdriver မလိုအပ်တဲ့ Stand ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။

New PS5 Digital Edition model number (image: Press Start Australia)

မော်ဒယ် အသစ်ရဲ့ ဘူးထဲမှာ လက်နဲ့ Install လုပ်နိုင်တဲ့ ခေါင်းမှာ အရစ်တွေ ပါတဲ့ Screw အသစ် ပါလာပါတယ်။

Press Start Australia

အဲဒါတွေကလွဲပြီး မော်ဒယ် အသစ်နဲ့ အဟောင်းတို့ဟာ လုံးဝ တူညီကြပြီး Hardware ပြောင်းလဲမှု မရှိဘူးလို့ ထင်ရပါတယ်။ မော်ဒယ်အသစ် CFI-1102A PS5 Digital Edition ရဲ့ သတင်းအချက်အလက်တွေ ဂျပန်က စတိုးကနေ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့အတွက် မကြာခင် ဂျပန်မှာ အဲဒီ မော်ဒယ်အသစ်ကို ရောင်းချပေးတော့မယ်လို့ ထင်ရပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Sony က မော်ဒယ်အသစ်ရဲ့ ပြောင်းလဲမှု အတိအကျကို မကြေညာသေးပါဘူး။ မော်ဒယ်အသစ်ကို ပေါ့ပါးအောင် အတွင်းပိုင်း အစိတ်အပိုင်းတွေကို ဆန်းသစ်ထားမလား ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ User တွေလက်ထဲရောက်မှပဲ အတွင်းပိုင်း အစိတ်အပိုင်းတွေမှာ အပြောင်းအလဲရှိမလားဆိုတာ လေ့လာလို့ရမှာပါ။

Ref : gsmarena