[Zawgyi]

Sony ရဲ႕ PlayStation 4 ဂိမ္းစက္ကေတာ့ ေရာင္းအား အရမ္းလန္းေနပါတယ္။ အလံုးေရ သန္း ၁၀၀ ေရာင္းခ်ႏိုင္ခဲ့ၿပီလို႔ Sony က ေၾကညာလိုက္ပါတယ္။ ဒီႏွစ္ ဒုတိယ ကြာတား ျဖစ္တဲ့ ဧၿပီလကေန ဇြန္လ အတြင္းမွာ အလံုးေရ ၃.၂ သန္း ေရာင္းခ်ႏုိင္ခဲ့ၿပီး စုစုေပါင္း သန္း ၁၀၀ ျပည့္ခဲ့ပါၿပီ။ ဒီႏွစ္ မတ္လအထိ ၉၆.၈ သန္း ေရာင္းခ်ထားႏုိင္ခဲ့တာပါ။

Niko Partners ရဲ႕ အႀကီးတန္း ေလ့လာဆန္းစစ္သူ Daniel Ahmad က လက္ရွိမွာ PS4 ေရာင္းအား က်ေနေပမယ့္ အလံုးေရ သန္း ၁၀၀ ကို အျမန္ဆံုး ေရာင္းခ်ႏုိင္တဲ့ ဂိမ္းစက္ ျဖစ္တယ္လို႔ ေျပာပါတယ္။ PS4 ရဲ႕ ေရာင္းအားဟာ PS2 နဲ႔ Nintendo ရဲ႕ နာမည္ေက်ာ္ Wii Console ေတြထက္ ပိုျမန္ပါတယ္။ PS4 ဟာ ၅ ႏွစ္နဲ႔ ၇ လအတြင္းမွာ အလံုးေရ သန္း ၁၀၀ ေရာင္းႏုိင္ခဲ့တာပါ။ သန္း ၅၀ ျပည့္ဖို႔ ၃ ႏွစ္ေတာင္ မၾကာခဲ့ပါဘူး။

Sony PS4 မ်ိဳးဆက္ဟာ ေရာင္းအား ေတာက္ေလွ်ာက္ ေကာင္းေနခဲ့တာပါ။ ၂၀၁၇ ခုႏွစ္မွာ ၁၉ သန္းနဲ႔ ၂၀၁၈ ခုႏွစ္မွာ ၁၇.၈ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ Sony က Digital Download ေတြဟာ ၅၀ ရာခိုင္ႏႈန္း ေက်ာ္သြားၿပီလို႔ ေျပာပါတယ္။ အဲဒီအတြက္ Gamer ေတြဟာ Physical Disc ေတြထက္ Digital Games ေတြကို ပိုမို ၀ယ္ယူလာၾကပါတယ္။

Sony ရဲ႕ ေနာက္မ်ိဳးဆက္ PS5 ကို ၂၀၂၀ ခုႏွစ္မွာ ေရာင္းခ်မယ္လို႔ ထင္ပါတယ္။ Sony က PS5 မွာ 8K Graphics, 3D Audio , SSD Storage ေတြ ပါမယ္လို႔ အတည္ျပဳထားပါတယ္။ PS4 Games ေတြကိုလည္း PS5 မွာ ကစားႏိုင္မွာပါ။ PS5 မွာ AMD ရဲ႕ တတိယမ်ိဳးဆက္ Ryzen Serie ကို အေျချပဳထားတဲ့ Eight-core CPU ကို သံုးထားမွာပါ။

Ref : theverge

[Unicode]

Sony PS4s အလုံးပေါင်း သန်း ၁၀၀ ရောင်းချနိုင်ခဲ့ပြီ

Sony ရဲ့ PlayStation 4 ဂိမ်းစက်ကတော့ ရောင်းအား အရမ်းလန်းနေပါတယ်။ အလုံးရေ သန်း ၁၀၀ ရောင်းချနိုင်ခဲ့ပြီလို့ Sony က ကြေညာလိုက်ပါတယ်။ ဒီနှစ် ဒုတိယ ကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လ အတွင်းမှာ အလုံးရေ ၃.၂ သန်း ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း သန်း ၁၀၀ ပြည့်ခဲ့ပါပြီ။ ဒီနှစ် မတ်လအထိ ၉၆.၈ သန်း ရောင်းချထားနိုင်ခဲ့တာပါ။

Niko Partners ရဲ့ အကြီးတန်း လေ့လာဆန်းစစ်သူ Daniel Ahmad က လက်ရှိမှာ PS4 ရောင်းအား ကျနေပေမယ့် အလုံးရေ သန်း ၁၀၀ ကို အမြန်ဆုံး ရောင်းချနိုင်တဲ့ ဂိမ်းစက် ဖြစ်တယ်လို့ ပြောပါတယ်။ PS4 ရဲ့ ရောင်းအားဟာ PS2 နဲ့ Nintendo ရဲ့ နာမည်ကျော် Wii Console တွေထက် ပိုမြန်ပါတယ်။ PS4 ဟာ ၅ နှစ်နဲ့ ၇ လအတွင်းမှာ အလုံးရေ သန်း ၁၀၀ ရောင်းနိုင်ခဲ့တာပါ။ သန်း ၅၀ ပြည့်ဖို့ ၃ နှစ်တောင် မကြာခဲ့ပါဘူး။

Sony PS4 မျိုးဆက်ဟာ ရောင်းအား တောက်လျှောက် ကောင်းနေခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာ ၁၉ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ၁၇.၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Sony က Digital Download တွေဟာ ၅၀ ရာခိုင်နှုန်း ကျော်သွားပြီလို့ ပြောပါတယ်။ အဲဒီအတွက် Gamer တွေဟာ Physical Disc တွေထက် Digital Games တွေကို ပိုမို ဝယ်ယူလာကြပါတယ်။

Sony ရဲ့ နောက်မျိုးဆက် PS5 ကို ၂၀၂၀ ခုနှစ်မှာ ရောင်းချမယ်လို့ ထင်ပါတယ်။ Sony က PS5 မှာ 8K Graphics, 3D Audio , SSD Storage တွေ ပါမယ်လို့ အတည်ပြုထားပါတယ်။ PS4 Games တွေကိုလည်း PS5 မှာ ကစားနိုင်မှာပါ။ PS5 မှာ AMD ရဲ့ တတိယမျိုးဆက် Ryzen Serie ကို အခြေပြုထားတဲ့ Eight-core CPU ကို သုံးထားမှာပါ။

Ref : theverge