Sony က LinkBuds S နားကြပ်ကို ဒေါ်လာ ၂၀၀ နဲ့ ကြိုတင်မှာယူနိုင်ပြီလို့ ကြေညာလိုက်ပြီး မြန်မာငွေ ၃၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ နားကြပ်မှာ Active Noise Cancellation ကို ထောက်ပံ့ထားပြီး ၄.၈ ဂရမ်ပဲရှိတဲ့အတွက် အရမ်းကို ပေါ့ပါးပါတယ်။ Sony က LinkBuds S ဟာ ANC ကြိုးမဲ့ နားကြပ်တွေထဲမှာ အသေးငယ်ဆုံးနဲ့ အပေါ့ပါးဆုံး ဖြစ်ပြီး သက်တောင့်သက်သာ ဝတ်ဆင်နိုင်ဖို့ ဖန်တီးထားတယ်လို့ ပြောပါတယ်။ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး Best Buy ကနေ အဝါနုရောင်ကို သီးသန့် ရောင်းချမှာ ဖြစ်ပါတယ်။

Sony introduces LinkBuds S for $200 with ANC and LDAC support

LinkBuds S မှာ ဝတ်ဆင်ထားသူက ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်တဲ့ Ambient Mode ထည့်သွင်းထားပြီး Sony ရဲ့ အရည်အသွေးမြင့် LDAC Bluetooth Codec ထောက်ပံ့ထားပါတယ်။ Link စကားလုံးက အဲဒီ နားကြပ်ကို တစ်နေ့လုံး ဝတ်ဆင်ထားပြီး ဒစ်ဂျစ်တယ် လူနေမှုဘဝနဲ့ သဘာဝကျတဲ့ အသံတွေကို ချိတ်ဆက်ပေးတယ်လို့ ရည်ညွှန်းထားပါတယ်။

Sony introduces LinkBuds S for $200 with ANC and LDAC support

ANC ဖွင့်ထားရင် သီချင်း ၆ နာရီ နားဆင်နိုင်ပြီး Charging Case ရဲ့ ဘက်ထရီ သက်တမ်းနဲ့ပါပေါင်းလိုက်ရင် နာရီ ၂၀ အထိ အသုံးခံပါတယ်။ IPX4 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။ လက်ရှိမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၂၀ ရက်နေ့ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena