လက်ရှိအချိန်မှာ Android စမတ်ဖုန်းထုတ်လုပ်သူအများအပြားဟာ သူတို့ရဲ့ စမတ်ဖုန်းတွေကို Android 12 Stable Update တွေထုတ်ပေးနေကြပြီဖြစ်ပါတယ်။ Samsung ဆိုရင် Flagship ဖုန်းတိုင်းအတွက် Android 12 အခြေခံထားတဲ့ OneUI 4 Update ကို ထုတ်ပေးပြီးပြီဖြစ်သလို Mid Range Galaxy A Series ဖုန်းတွေအတွက်ပါ Update ထုတ်ပေးနေပြီဖြစ်ပါတယ်။

အခုလည်း Sony ကနေ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ထားတဲ့ Xperia 1 III နဲ့ Xperia 5 III ဖုန်းတွေအတွက် Android 12 Stable Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Dual-SIM Version တွေဖြစ်တဲ့ Model Number XQ-BC72 နဲ့ XQ-BQ72 တွေက အရင်ဆုံးရရှိမှာဖြစ်ပြီး ကျန်တဲ့ Version တွေကတော့ မကြာခင်မှပဲ ရရှိလာမယ်လို့ သိရပါတယ်။ ယခု Dual-SIM Version တွေအတွက် Android 12 Update ရဲ့ Build Number ကတော့ 61.1.A.1.149 ဖြစ်ပါတယ်။

Sony ဟာ Google Stock Android UI နဲ့ ဆင်တူတဲ့ UI ကိုပဲ အသုံးပြုထားတာကြောင့် ယခု Android 12 Update မှာလည်း Sony အတွက် သီးသန့် Feature တွေ အများအပြားပါဝင်မှာမဟုတ်ဘဲ Android 12 ရဲ့ Feature အသစ်တွေကိုပဲ အဓိကအသုံးပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် Long Screenshot ၊ One-handed Operation နဲ့ Mic ၊ Camera တွေကို အသုံးပြုတဲ့အချိန်မှာ အသုံးပြုသူတွေကို Notification ပြသပေးနိုင်မှာဖြစ်ပါတယ်။

Sony ရဲ့ ပြောကြားချက်အရတော့ ယခု Android 12 Update ဟာ OTA အနေနဲ့ ထုတ်ပေးခဲ့တာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ Wi-Fi ကနေတစ်ဆင့် Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် တကယ်လို့ အသုံးပြုသူတွေအနေနဲ့ Update Notification မရရှိသေးဘူးဆိုရင် Settings – Software Update ကနေ ဝင်ရောက်စစ်ဆေးနိုင်သလို Manual အနေနဲ့ Firmware Download ပြုလုပ်ပြီး Clean Install လည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena