Sony Electronics က အမိုက်စား ထုတ်ကုန် အသစ် ၁ ခုကို ကြေညာလိုက်ပါတယ်။ Spatial Reality Display (SR Display) လို့ နာမည်ပေးထားပြီး ဆုတောင် ရထားတဲ့ Sony ရဲ့ Eye-Sensing Light Field Display (ELFD) နည်းပညာ သုံးထားပါတယ်။ အဲဒီ နည်းပညာကို ဇန်နဝါရီလက CES 2020 မှာ ပထမဆုံး အကြိမ် ပြသခဲ့တာပါ။ 3D Glasses or VR Glasses/ Headsets တွေ ဝတ်စရာ မလိုဘဲ 3D ပုံရိပ်တွေကို Display က ပြသပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ မျက်လုံး အာရုံခံ နည်းပညာကို သုံးထားတာပါ။

Sony Launches SR Display: You Can See 3D Pictures Without 3D Glasses

SR Display မှာ  ၁၅.၆ လက်မ 4K LCD Display တပ်ဆင်ထားပြီး မျက်လုံး အာရုံခံနိုင်တဲ့ High-speed Vision Sensor ၁ လုံး ထည့်သွင်းထားပါတယ်။ LCD အထက်မှာ Micro-optical Lens တပ်ဆင်ထားပြီး ဘယ်ဘက်နဲ့ ညာဘက် မျက်လုံးတွေကို ခွဲခြားနိုင်ပါတယ်။

Sony SR Display

SR Display မှာ ထိပ်တန်း အဆင့် Real-time Rendering Algorithms ကို သုံးထားတဲ့အတွက် အနည်းဆုံး Intel Core i7 Processor နဲ့ Nvidia RTX 2070 Super GPU ပါတဲ့ စွမ်းရည်မြင့် ပီစီလိုအပ်ပါတယ်။

နည်းပညာ လန်းတာတော့ ဟုတ်ပါပြီ။ ဘယ်လိုနေရာတွေမှာ အသုံးချနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ SR Display ကို မော်တော်ကားနဲ့ ကုန်ထုတ်လုပ်မှု ကနေ Computer Graphics(CG) နဲ့ Visual Effects (VFX) အထိ နယ်ပယ်စုံမှာ အသုံးပြုလို့ရပါတယ်။ အရမ်းကို အသုံးဝင်တဲ့ နည်းပညာ ဖြစ်လာမှာပါ။

Sony က SR Display ကို ဒေါ်လာ ၅ ထောင်လောက်နဲ့ ရောင်းဖို့ ရည်မှန်းထားပြီး နိုဝင်ဘာလမှာ ဝယ်ယူနိုင်မှာပါ။ နည်းပညာ လန်းသလို ဈေးကလည်း မသေးဘဲ မြန်မာငွေ ၆၅ သိန်းလောက် ကျသင့်မှာပါ။

Ref : gizmochina