Sony က Microsoft Teams Certification ပါတဲ့ LinkBuds ကြိုးမဲ့ နားကြပ်အသစ်ကို ကြေညာလိုက်ပါတယ်။ ဒီနှစ် အစောပိုင်း ထွက်ခဲ့တဲ့ နားကြပ်နဲ့ တူညီပေမယ့် နားကြပ်အသစ်မှာ USB Receiver ပါလာပါတယ်။ USB Receiver ကို လက်ပ်တော့မှာ ချိတ်ဆက်နိုင်ပြီး နားကြပ်အတွက် Teams Commands နဲ့ Gestures တွေကို Sony Headphones Connect App ကနေ သတ်မှတ်နိုင်ပါတယ်။

Sony က ဖုန်းလက်ခံတာ ၊ အသံပိတ်တာ၊ အသံဖွင့်တာနဲ့ လက်မြှောက်ရင် အလုပ်လုပ်တဲ့ လုပ်ဆောင်ချက်တွေကို Teams Meetings တွေမှာ နားကြပ်ကနေ ပြုလုပ်နိုင်တယ်လို့ ပြောပါတယ်။ Sony LinkBuds UC ကို ၂၄၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ရိုးရိုး LinkBuds မော်ဒယ်ထက် ဈေးပိုများကာ အညိုရောင် ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။

Sony က LinkBuds S Earth Blue မော်ဒယ်ကိုလည်း ကြေညာလိုက်ပြီး စွန့်ပစ် ရေသန့်ဘူးတွေကနေ ပြုလုပ်ထားတဲ့ ကိုယ်ထည် တပ်ဆင်ထားပါတယ်။ LinkBuds UC နဲ့ LinkBuds S Earth Blue တို့ရဲ့ ဒီဇိုင်းဟာ ကွဲပြားပါတယ်။ LinkBuds S ကို ၁၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ဒီတစ်ပတ်နှောင်းပိုင်း အမေရိကန်မှာ ရောင်းချနိုင်ပါတယ်။

Sony ရဲ့ စွမ်းရည်မြင့် ကြိုးမဲ့ နားကြပ် အားလုံးမှာ Device များစွာနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်တဲ့ Multipoint Pairing ကို ဒီနှစ်နှောင်းပိုင်းမှာ Software Update နဲ့ ထည့်သွင်းပေးမှာပါ။ LinkBuds နဲ့ LindBuds S မှာ ဒီလုပ်ဆောင်ချက်ကို နိုဝင်ဘာလထဲ ရရှိမှာ ဖြစ်ပြီး စွမ်းရည်မြင့် Sony WF-1000XM4 အတွက် ဆောင်းရာသီနှောင်းပိုင်းမှာ ထည့်သွင်းပေးမှာပါ။

Ref : gsmarena